နေ့စဥ်သတင်း

ရှမ်းပြည် ဩဂုတ်လ ၃၀ ရက် မှ စက်တင်ဘာလ ၅ ရက်အထိ မိုးလေဝသအခြေအနေ ခန့်မှန်းချက်

မဲခေါင် 30 Aug - 2025
– ဦးဝင်းနိုင် (မိုးလေဝသပညာရှင်) လာမည့် ရက်ပိုင်းအတွင်း ရှမ်းပြည် တောင်ပိုင်းရှိ မြို့အချို့တွင် ခရမ်းလွန်ရောင်ခြည် အညွန်းကိန်း မြင့်နေ၍ သတိထားရန် လိုပြီး ရှမ်းပြည်တဝှမ်းလုံးတွင် မိုးအသင့်အတင့် ရွာသွန်းနိုင်သည် ဟု ခန့်မှန်းထားသည်။ ဩဂုတ်လ ၂၉ ရက် ည သန်းခေါင်ကျော်၊ ၃၀ ရက်နေ့ နံနက် အစောပိုင်းက တောင်တရုတ်ပင်လယ်၌ ဖြစ်နေသည့် လေဖိအားနည်းရပ်ဝန်း Tropical Depression 20W(TWENTY) သည် အပူပိုင်းမုန်တိုင်း(Tropical Storm – TS)ဖြစ်လာပြီး အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်သည်။ ဩဂုတ်လ ၃၀ ရက် နေ့လည်ပိုင်းတွင် ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ကာ အနောက်ဘက်ကို ဆက်လက်ရွေ့လျား၍ ကုန်းတွင်းလေပွေလှိုင်းအဆင့်ကို အားလျော့သွားနိုင်ပါသည်။

– ဦးဝင်းနိုင် (မိုးလေဝသပညာရှင်)

လာမည့် ရက်ပိုင်းအတွင်း ရှမ်းပြည် တောင်ပိုင်းရှိ မြို့အချို့တွင် ခရမ်းလွန်ရောင်ခြည် အညွန်းကိန်း မြင့်နေ၍ သတိထားရန် လိုပြီး ရှမ်းပြည်တဝှမ်းလုံးတွင် မိုးအသင့်အတင့် ရွာသွန်းနိုင်သည် ဟု ခန့်မှန်းထားသည်။

ဩဂုတ်လ ၂၉ ရက် ည သန်းခေါင်ကျော်၊ ၃၀ ရက်နေ့ နံနက် အစောပိုင်းက တောင်တရုတ်ပင်လယ်၌ ဖြစ်နေသည့် လေဖိအားနည်းရပ်ဝန်း Tropical Depression 20W(TWENTY) သည် အပူပိုင်းမုန်တိုင်း(Tropical Storm – TS)ဖြစ်လာပြီး အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်သည်။

ဩဂုတ်လ ၃၀ ရက် နေ့လည်ပိုင်းတွင် ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ကာ အနောက်ဘက်ကို ဆက်လက်ရွေ့လျား၍ ကုန်းတွင်းလေပွေလှိုင်းအဆင့်ကို အားလျော့သွားနိုင်ပါသည်။

လေပွေလှိုင်းနှင့် မုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များသည် လာအိုနိုင်ငံတောင်ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းမှတဆင့် မြန်မာနိုင်ငံအရှေ့ပိုင်း ဖြစ်သည့် ကရင်နီပြည်တောင်ပိုင်း၊ ကရင်ပြည်နယ်မြောက်ပိုင်းနယ်စပ်အနီးမှ ဖြတ်သန်းဝင်ရောက်ကာပဲခူးတိုင်း၊ မန္တလေးတိုင်းတောင်ပိုင်း(နေပြည်တော်)၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အထိ ဆက်လက်ရွေ့လျားဖြတ်သန်းသွားမည် ဖြစ်သည်။

ထိုကြောင့် မြန်မာနိုင်ငံတဝှမ်း မိုးအသင့်အတင့်မှ မိုးအလွန်များနိုင်ပြီး ဖေါ်ပြပါ ပြည်နယ်နှင့် တိုင်းဒေသများသည် ၇၂ နာရီအတွင်း မိုးရေချိန် ၃ လက်မ မှ ၁၀ လက်မအထက်အထိ နေရာကွက်၍ မိုးများနိုင်သည့်ဒေသများရှိနိုင်ကြောင်း ECMWF, ICON စ သည့် ကြိုတင်ခန့်မှန်းရေးမော်ဒယ် များက ခန့်မှန်းထားသည်။

ဩဂုတ်လ ၃၀ ရက်မှ စက်တင်ဘာလ ၅ ရက်အတွင်း မိုးရွာသွန်းနိုင်မည့် အခြေအနေ ခန့်မှန်းချက်

– ရှမ်းပြည်မြောက်ပိုင်းဒေသအချို့၊ မန္တလေးတိုင်းနှင့် ထိစပ်နေသည့် ရှမ်းပြည်တောင်ပိုင်းဒေသအချို့တွင် မိုးအသင့်ရွာသွန်းရရှိနိုင်ပြီး ကျန်ပြည်နယ်ဒေသအားလုံးတွင် မိုးနည်းနေနိုင်ပါမည်။

– ရှမ်းပြည်တခုလုံးတွင် နေ့စဉ်ပျမ်းမျှမိုးရေချိန် ၀.၅ လက်မဝန်းကျင် ရွာသွန်းနိုင်ပြီး ၀.၈ လက်မအထက် ပိုမိုရွာသွန်းနိုင်မည် မဟုတ်ပေ။

– ယခုတပတ်အတွင်း ရောက်ရှိလာနိုင်သည့် မုန်တိုင်းအကြွင်းအကျန် လမ်းကြောင်းပုံစံကြောင့် ရှမ်းပြည်တွင် မိုးများနိုင်ခြင်းမရှိ ဟု ခန့်မှန်းရသည်။

အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ

ရှမ်းပြည်အရှေ့ပိုင်းနှင့် မြောက်ပိုင်းတို့၏ အမြင့်ဆုံးနေ့အပူချိန်သည် ၃၀°C ရှိနိုင်ပြီး ရှမ်းပြည်တောင်ပိုင်း၏ အပူချိန်သည် ၂၄°C ရှိနိုင်သည်။

အနိမ့်ဆုံး ညအပူချိန်များ အနေနှင့် ရှမ်းပြည်မြောက်ပိုင်းတွင် ၂၁°C ၊ ရှမ်းပြည်အရှေ့ပိုင်းတွင် ၂၄°C နဲ့ ရှမ်းပြည်တောင်ပိုင်းတွင် ၁၈°C ရှိနိုင်ပါသည်။

ရှမ်းပြည်အတွင်း လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၀ မိုင်မှ ၁၅ မိုင်ခန့်အထိရှိနိုင်ပြီး လေထုစိုထိုင်းဆသည် ၈၀% မှ ၉၀% အတွင်းမှာ ရှိနိုင်ကာ ရှမ်းပြည်မြောက်ပိုင်းတွင် ခံစားရသည့် အပူချိန် (Temperature Felt) မှာ ၃၅°C အထိရှိနိုင်သည်။

ရှမ်းပြည်တောင်ပိုင်း တောင်ကြီး၊ ပင်လောင်း၊ ဆီဆိုင်၊ မောက်မယ် စသည့်မြို့များတွင် ဩဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်း(၁၁ နာရီမှ ၁၂ နာရီအတွင်း) ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း(UV Index) 11 အထိ ရှိနေနိုင်တာကြောင့် ဖော်ပြပါအချိန်များအတွင်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေခြင်း၊ နေကို တိုက်ရိုက်ကြည့်ရှုခြင်းများ မပြုလုပ်သင့်ပေ။

#MeKongNews
#မိုးလေဝသခန့်မှန်းချက်
#ရှမ်းပြည်
#ဦးဝင်းနိုင်
#အပူပိုင်းမုန်တိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now