မဲခေါင်၊ သြဂုတ် ၃၀
UWSA ထိန်းချုပ်ထားသည့် “ဝ”ပြည် မြောက်ပိုင်း ပန်ဆန်းမြို့တွင် ဖမ်းမိထားသည့် ကျားဖြန့် တရုတ်နိုင်ငံသား ၃၀ ကျော်ကို တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။
ယမန်နေ့ သြဂုတ်လ၂၉ရက် နံနက်ပိုင်းက UWSA ၏ မြောက်ပိုင်းပန်ဆန်းမြို့တွင် ဖမ်းဆီးရမိထားသူ တရုတ်လူမျိုး ကျားဖြန့်အွန်လိုင်း ငွေလိမ်လုပ်ငန်းရှင်အချို့နှင့် လုပ်သားအချို့ကို တရုတ်နိုင်ငံ နယ်စပ်ဂိတ် မန်ခါးမှ တဆင့် တရုတ်အစိုးရထံ ပြန်လည် လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။
“စစ်မေတရုတ်လိုပြောတာက ဖမ်းမိသူကျားဖြန့်တွေကို မန်ခါးဂိတ်ကနေ အတူသိမ်းဆည်းရမိတာတွေနဲ့ လွှဲပေးတာလို့ အဓိပ္ပါယ်ရပါတယ်။ ထူးခြားတာက အရင်ကလို မဟုတ်ပဲ အင်္ကျီတွေ ချွတ်ပြီး ကိုယ်အထက်ကိုင်းဗလာနဲ့ လွှဲတာပဲ”ဟု သတင်းအရင်းအမြစ်က မဲခေါင်သို့ ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်ကလည်း UWSA ထိမ်းချုပ်ထားသည့် ပန်ဆန်းမှ ကျားဖျန့်ငွေလိမ်ဂိုဏ်း ခေါင်းဆောင် ၁၄ ဦးကို UWSA မှ ဖမ်းဆီးပြီး တရုတ် ယူနန်အစိုးရထံ Menglian Port မှတဆင့် လွှဲပြောင်းပေးအပ်ခဲ့သေးသည်။
UWSA ကအွန်လိုင်းလိမ်လည်သူကျားဖြန့်များကို ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်၆ လတာအတွင်း ၈ ကြိမ် တရုတ်ထံလွှဲပြောင်းပေးခဲ့ပြီး စုစုပေါင်း တရုတ်နိုင်ငံသား ၃၁၁ ဦးကို လွှဲပြောင်းပေးခဲ့သည်ဟု WNL က သြဂုတ်၇ရက်က ဖော်ပြထားသည်။
ယင်း ၃၁၁ဦးမှာ ဇန်နဝါရီလ၉ ရက်၌၁၉ ဦး၊ မတ်လ၁၃ ရက်၌၁၆ ဦး၊ ဧပြီ၉ရက်၌၄၈ ဦး၊ ဧပြီ ၂၅မှာ၇၂ ဦး၊ ဇွန်ရက်မှာ၆၆ ဦး၊ ဇူလိုင်၁၂မှာ၅၀ ဦး၊ ဇူလိုင် ၂၀မှာ ၅၈ဦး ဟု သိရသည်။
၎င်းကျားဖြန့်များကို “ဝ”နှင့် တရုတ်နိုင်ငံ နယ်စပ်လင်းကန်-ယုန်ဟဲဂိတ်၊ မိုင်းလ/မိုင်းအေ(ပန်ဆန်း)ဂိတ်၊ လင်းကန်-မန်ခါးဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။
ကိုကလင်း
#MeKongNews
#UWSA
#ကျားဖြန့်
#တရုတ်နိုင်ငံသား
#ပန်ဆန်း








