နေ့စဥ်သတင်း

ကွတ်ခိုင်ရှိ စာသင်ကျောင်း အားလုံး ၅ ရက်ပိတ်ခိုင်း

မဲခေါင် 28 Aug - 2025
မဲခေါင်၊ သြဂုတ် ၂၈ TNLA နှင့် MNDAA ပူးတွဲထိန်းချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ရှိ စာသင်ကျောင်း အားလုံး ဩဂုတ်လ ၂၇ ရက်နေ့ကစပြီး ၅ ရက်ကြာ ပိတ်ခိုင်းထားကြောင်း ဒေသခံများထံမှ သိရသည်။ စာသင်ကျောင်းများ ပိတ်ရန် TNLA က ညွှန်ကြားထားခြင်းဖြစ်ပြီး TNLA လက်အောက်ခံ စာသင်ကျောင်း မဟုတ်သည့် ‌အခြားစာသင်ကျောင်းများ အားလုံးကိုလည်း အလားတူ ပိတ်ထားကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ဘာကြောင့်ပိတ်တယ် မသိရဘူး။ တရုတ်မှာ ဆွေးနွေးနေတယ်လည်း ကြားရတယ်” ဟု ၎င်းက မဲခေါင်သို့ပြောသည်။ လက်ရှိ ကူမင်းသို့ TNLA ခေါင်းဆောင်ပိုင်းများ သွားရောက်နေကြောင်း ကွတ်ခိုင် TNLA အုပ်ချုပ်ရေးပိုင်းက ကြားသိရသည်

မဲခေါင်၊ သြဂုတ် ၂၈

TNLA နှင့် MNDAA ပူးတွဲထိန်းချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ရှိ စာသင်ကျောင်း အားလုံး ဩဂုတ်လ ၂၇ ရက်နေ့ကစပြီး ၅ ရက်ကြာ ပိတ်ခိုင်းထားကြောင်း ဒေသခံများထံမှ သိရသည်။

စာသင်ကျောင်းများ ပိတ်ရန် TNLA က ညွှန်ကြားထားခြင်းဖြစ်ပြီး TNLA လက်အောက်ခံ စာသင်ကျောင်း မဟုတ်သည့် ‌အခြားစာသင်ကျောင်းများ အားလုံးကိုလည်း အလားတူ ပိတ်ထားကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ဘာကြောင့်ပိတ်တယ် မသိရဘူး။ တရုတ်မှာ ဆွေးနွေးနေတယ်လည်း ကြားရတယ်” ဟု ၎င်းက မဲခေါင်သို့ပြောသည်။

လက်ရှိ ကူမင်းသို့ TNLA ခေါင်းဆောင်ပိုင်းများ သွားရောက်နေကြောင်း ကွတ်ခိုင် TNLA အုပ်ချုပ်ရေးပိုင်းက ကြားသိရသည် ဟု ဒေသခံများကပြောသည်။

၎င်းအပြင် ယမန်နေ့ ဩဂုတ်လ ၂၇ ရက်နေ့ မနက် ၈ နာရီခန့်ကစပြီး ကွတ်ခိုင်ရှိ MNDAA လက်အောက်ခံ ရဲတပ်ဖွဲ့ရုံးတွင် မြန်မာအလံ လွှင့်ထူထားတာကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။

“လိုင်းပေါ်ကအတိုင်းပဲ ကြားတယ်။ TNLA က ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ ကွတ်ခိုင်တွေက ဆုတ်ပေးမယ်။ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ မိုင်းငေါ့၊ မိုးမိတ်၊ မိုင်းလုံ၊ နမ့်ခမ်းတို့ကို ပလောင်ပြည်နယ် သတ်မှတ်ပေးဖို့နဲ့ အကြမ်းဖက်စာရင်းက ပယ်ဖျက်ဖို့ တောင်းတယ် ကြားတယ်။ အလားတူပဲ ကိုးကန့်က သိန္နီ၊ သီပေါတွေကို ပူးတွဲအုပ်ချုပ်ခွင့်တောင်းတာ စစ်တပ်က အလျော့မပေးဘူး။ လောက်ကိုင်၊ ကုန်းကြမ်း၊ ချင်းရွှေဟော် ၃ မြို့ပဲ ရမယ် ကြားတယ်” ဟု MNDAA နှင့် နီးစပ်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။

လက်ရှိ ကျောက်မဲတွင် TNLA နှင့် စစ်ကောင်စီတပ် အတက်အဆုတ်မရှိပဲ နောင်ပိန်တွင်ပင် စစ်ဆိုင်နေကြကြောင်း ဒေသခံများထံက သိရသည်။

စစ်ရေးအကဲခတ် တစ်ဦးကမူ “မိုးကုတ်-နောင်ချိုကြား စစ်တပ်က တော်တော် ခရီးပေါက်နေတယ်။ ကျောက်မဲလဲ ဒီအတိုင်းဆို တောင့်မခံနိုင်ဘူး။ ၂၆ ရက်နေ့က လားရှိုးဖက်ကနေ စစ်ရေးပြင်ဖို့ တန့်ယန်းဖက်က စစ်တပ်ယာဉ်တန်း တက်သွားတာ ရှိတယ်။ တန့်ယန်း-လားရှိုးကြားက ကိုးကန့် အထိုင်ယူထားတဲ့ ရွာတွေအကုန် တိတ်နေတယ်။ ကိုးကန့်လဲ ပလောင် အရေးမှာ ဝင်မပါရဲဘူး” ဟု ပြောသည်။

အခြားစစ်ရေးသတင်းအရင်းအမြစ်အရ MNDAA က သိန္နီကို ပြန်ပေးရလျှင် သို့မဟုတ် သီပေါဘက်မှ နယ်မြေများ ပြန်ပေးရလျှင် စစ်ကောင်စီ၏ စကခ ၁၄ သည် လတ်တလော လက်နက်အင်အားအပြည့်ဖြင့် ထိုးစစ်ဆင်လာနိုင်သည်ဟု ခန့်မှန်းသည်။

အလားတူ နမ့်လန်မှလည်း သီပေါသို့ စစ်ကြောင်းတက်လာနိုင်ပြီး သီပေါမှတဆင့် ကျောက်မဲကို ဝိုင်းပတ်နိုင်သည်ဟု ဆိုသည်။

စစ်ကောင်စီအနေဖြင့် ကူမင်းဆွေးနွေးပွဲတွင် တရုတ်၏ဖိအားဖြင့် MNDAA နှင့် TNLA ကို လိုက်လျောမှုမပေးဘဲ နိုင်ငံရေးအရ မရပါက စစ်ရေးနည်းဖြင့် ရယူရန် ကြိုးပမ်းနေပြီး MNDAA နှင့် TNLA ဘက်ကမူ တရုတ်ဖိအားကြောင့် အကြပ်အတည်း အပြင်းအထန် ကြုံတွေ့ နိုင်ဖွယ်ရှိနေကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်နေကြသည်။

#MeKongNews
#TNLA #MNDAA
#ရှမ်းမြောက်
#ကျောက်မဲ
#သီပေါ
#နိုင်ငံရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now