မဲခေါင်၊ သြဂုတ် ၂၇
ရှမ်ပြည်တောင်ပိုင်း၊ ပေါင်းလောင်းမြို့တွင် ယမန်နေ့က မိုးကြီးပြီး တောင်ကျရေကြောင့် တောင်ပြိုမြေပြိုပြီး အိမ်ပေါ်ပိသဖြင့် လူ ၂ ဦး သေဆုံးမှုရှိခဲ့ပြီး အိမ် ၁၀ လုံး ပျက်စီးရကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ ဩဂုတ် ၂၆ ရက်နေ့ ညနက်ပိုင်းမှာ ပင်လောင်းမြို့သစ်၊ သပြေကုန်းအုပ်စု၊ ဧဒင်ကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး နေအိမ်များပေါ်ကို မြေပြိုကျခဲ့သည့်အတွက် နေအိမ်အတွင်း အိပ်ပျော်နေသူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
“ကြားတာတော့ အမျိုးသားအလောင်းပဲ ရသေးတယ်။ ဖုန်းကလည်း မရတော့ သေချာမသိရဘူး။ ပင်လောင်းလမ်းဆုံမှာလည်း ကားလမ်းရေကျော်နေတယ်” ဟု လူမှုကူညီသူ တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၂ ရက်နေ့တွင် ပင်လောင်းမြို့နယ်မှ တောင်ပေါ်ရွာ ထီဝါးလီနှင့် လွယ်မောင်းရွာများမှာ မိုးများပြီး တောင်ကျရေကျလို့ မြေပြိုပြီး လူနေအိမ်နှင့် စာသင်ကျောင်းများထိခိုက်ပျက်စီးမှုရှိခဲ့သေးသည်။
ဓာတ်ပုံ – ကိုသိန်းသန်းအောင်
#MeKongNews
#ပင်လောင်းမြို့နယ်
#တောင်ပြို
#မိုးကြီးမြေပြို
#ပေါင်လောင်းမြို့နယ်








