နေ့စဥ်သတင်း

နောင်ပိန်တွင် ပြည်သူအချို့ ဒဏ်ရာများဖြင့် ပိတ်မိနေဆဲ

မဲခေါင် 26 Aug - 2025
မဲခေါင်၊ သြဂုတ် ၂၆ စစ်ကောင်စီ စစ်ကြောင်းထိုးနေသည့် ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကြီး ၄ ရပ်ကွက်တွင် တိုက်ပွဲအတွင်း ပိတ်မိနေဆဲ ဒဏ်ရာရပြည်သူများ ဆေးကုသမှု မရသဖြင့် စိုးရိမ်နေရသည်ဟု ပရဟိတအဖွဲ့များထံမှ သိရသည်။ ပိတ်မိနေသူ ၉ ဦးမှာ ကလေး ၃ ဦးနှင့် သက်ကြီးရွယ်အိုများဖြစ်ပြီး ၎င်းတို့အနက် ကလေး ၂ ဦးနှင့် သက်ကြီး ၁ ဦးသာ လွတ်ပြီး ကျန်သူ ၆ ဦး ထိထားကြောင်း သိရသည်။ “ပေါင်ထိထားတဲ့ အမျိုးသမီးနဲ့ လက်ထိထားတဲ့ကလေးက စိုးရိမ်ရတယ်။ သေသူကိုလည်း ကျန်ရှိနေတဲ့ မိတ်‌ဆွေတွေက ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့တယ်လို့ သိရတယ်။ ဒဏ်ရာရကလေးမလေး အထပ်ထပ်အခါခါ

မဲခေါင်၊ သြဂုတ် ၂၆

စစ်ကောင်စီ စစ်ကြောင်းထိုးနေသည့် ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကြီး ၄ ရပ်ကွက်တွင် တိုက်ပွဲအတွင်း ပိတ်မိနေဆဲ ဒဏ်ရာရပြည်သူများ ဆေးကုသမှု မရသဖြင့် စိုးရိမ်နေရသည်ဟု ပရဟိတအဖွဲ့များထံမှ သိရသည်။

ပိတ်မိနေသူ ၉ ဦးမှာ ကလေး ၃ ဦးနှင့် သက်ကြီးရွယ်အိုများဖြစ်ပြီး ၎င်းတို့အနက် ကလေး ၂ ဦးနှင့် သက်ကြီး ၁ ဦးသာ လွတ်ပြီး ကျန်သူ ၆ ဦး ထိထားကြောင်း သိရသည်။

“ပေါင်ထိထားတဲ့ အမျိုးသမီးနဲ့ လက်ထိထားတဲ့ကလေးက စိုးရိမ်ရတယ်။ သေသူကိုလည်း ကျန်ရှိနေတဲ့ မိတ်‌ဆွေတွေက ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့တယ်လို့ သိရတယ်။ ဒဏ်ရာရကလေးမလေး အထပ်ထပ်အခါခါ မှာတဲ့ စကားသံလေးကတော့ ဦးလေးရယ် ဝင်လို့ရရင် သမီးတို့ကို အရင်လာခေါ်ပေးပါ ဆိုတဲ့ စကားပဲ” ဟု ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီ စစ်ကြောင်း၏ ပစ်ခတ်နေမှုများကြောင့် ပရဟိတကားများ ဝင်မရသော်လည်း လူဖြင့် ကယ်ထုတ်နိုင်ရေး ဆက်သွယ်ကြိုးပမ်းနေကြောင်း ၎င်းက ဩဂုတ်လ ၂၅ ရက် ညနေပိုင်းတွင် ဆိုသည်။

“Drone တွေ ဆက်တိုက်ဝဲပြီး လက်နက်ကြီးတွေ ဆက်တိုက်ထု၊ လေကြောင်းက ဆက်တိုက်ဗုံးကြဲနေတာ ပရဟိတအဖွဲ့တွေက ဒီဖြစ်စဥ်ကို မသိလို့ မဟုတ်ဖူး။ ကယ်ထုတ်လို့ မရကြတာပါ” ဟု ပရဟိတအဖွဲ့ဝင်က ဆိုသည်။

စစ်ကောင်စီတပ်သည် နောင်ပိန်တွင် စစ်ရင်ဆိုင်ထားပြီး ကျောက်မဲကို လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ သြဂုတ်လ ၂၅ ရက် နံနက် ၁၁ နာရီ ၁၅ ခန့်တွင် အမှတ် ၇ ရပ်ကွက်နှင့် ဆက်စပ်နေသည့် ပိန္နဲကုန်း ဝါဆိုကျောင်းကို ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် သာမဏေ ၃ ပါးနှင့် အမျိုးသား ၁ ဦး ထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၂ အိမ်၊ ကျောင်းဆောင် ၄ ဆောင်၊ ကား ၂ စီး ထိခိုက်ပျက်စီးသွားခဲ့သည်ဟု TNLA ပြန်ကြားရေးက ထုတ်ပြန်သည်။

၎င်းပြင် ဩဂုတ်လ ၂၄ ရက်၊ နေ့လယ်ပိုင်းကလည်း ကျောက်မဲမြို့နယ်၊ လုံကြိမ်(ကျောင်းကုန်း) ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချသဖြင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

လုံကြိမ်ရွာမှာ ဂုတ်ထိပ်တံတား အလွန်တွင်ရှိပြီး ယင်းမှ ဇီးပင်၊ နောင်ပိန်၊ ပင်တိန်ရွာများသို့ ရောက်ရှိသည်ဟု ဒေသခံတစ်ဦးကပြောသည်။

ဩဂုတ်လ ၂၀ ရက်နေ့ ကလည်း ကျောက်မဲမြို့နယ် ပင်တီးကျေးရွာ၊ ပင်တီးဘုန်းတော်ကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် စစ်ရှောင်ပြည်သူ ၁၀ ဦး သေဆုံးကာ ၁၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သေးသည်။

ယင်းကျောင်းကြီးသည် ဆေးသုတ်ထားပြီးသော်လည်း ရေစက်မချရသေးသည့် ကျောင်းအသစ်ကြီးဖြစ်ကြောင်း သိရပြီး ဝါတွင်းကာလ ဝါကပ်သည့် အခါတွင်းဖြစ်သဖြင့် ရဟန်းသမဏေအများစု ဝါဆိုနေကြကြောင်း သိရသည်။

မဟာ
Photo – ဒေသခံများနှင့် ပရဟိတအဖွဲ့များ
#MeKongNews
#နောင်ပိန်ရွာ
#စစ်ကောင်စီ
#ကျောက်မဲမြို့နယ်
#လေကြောင်းတိုက်ခိုက်မှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now