နေ့စဥ်သတင်း

ရှေးဟောင်းစေတီကို ဖြိုဖျက်ခြံခတ်ထားသည့်ဝန်းထဲ ပြုလုပ်သည့် ပိုက်ကျူး လောင်းကစားဝိုင်းတွင် မိုးနဲစခန်းမှူး ဒုရဲမှူးထွန်းမင်းထွန်း ရှယ်ယာပါ‌

မဲခေါင် 25 Aug - 2025
မဲခေါင်၊ သြဂုတ် ၂၅ ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့၊ ပေါ်မိုင်းရပ်ကွက်တွင် မိုးနဲမြို့မရဲစခန်းမှူး ဒုရဲမှူးထွန်းမင်းထွန်း ကိုယ်တိုင် ရှယ်ယာပါဝင်နေသည့် ပိုက်ကျူးဝိုင်း လောင်းကစားငွေ ကျပ်သိန်းရာချီဆယ်ချီပြုလုပ်နေကြောင်း ဒေသခံများက မဲခေါင်သို့ သတင်းပေးပို့လာသည်။ ယင်းပိုက်ကျူးဝိုင်းကို ပေါ်မိုင်းရပ်ကွက်မှ ကြီးကွေ ခေါ် ဦးတင်ခိုင်ဆိုသူ၏ ခြံဝန်းအတွင်းရှိအဆောက်အအုံ၌ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ယင်း ခြံဝန်းမှာ ဦးတင်ခိုင် ဆိုသူပိုင်သည့်မြေအပြင် အနီးရှိ ရှေးဟောင်းဘုရားကိုပါ ဖြိုဖျက်ပြီး ခြံခတ်ထားသည့် ဝန်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အဲနေရာက ရှေးဟောင်းဘုရားတစ်ဆူကို သူ့သဘောနဲ့သူ ခြံဝန်းထဲပါလို့ဆိုပြီး ဖျက်ချပြီးမှ အဲဒီနေရာအပေါ်မှာအိမ်ဆောက်ထားတာ။ ဘုရားဖြိုတာက တစ်နှစ်လောက်ရှိပြီ။ ပိုက်ကျူးဝိုင်းကတော့ လပိုင်းလောက်ရှိပြီ” ဟု ၎င်းက ပြောသည်။ ယင်းနေရာမှာ မိုးနဲ အားကစားကွင်း

မဲခေါင်၊ သြဂုတ် ၂၅

ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့၊ ပေါ်မိုင်းရပ်ကွက်တွင် မိုးနဲမြို့မရဲစခန်းမှူး ဒုရဲမှူးထွန်းမင်းထွန်း ကိုယ်တိုင် ရှယ်ယာပါဝင်နေသည့် ပိုက်ကျူးဝိုင်း လောင်းကစားငွေ ကျပ်သိန်းရာချီဆယ်ချီပြုလုပ်နေကြောင်း ဒေသခံများက မဲခေါင်သို့ သတင်းပေးပို့လာသည်။

ယင်းပိုက်ကျူးဝိုင်းကို ပေါ်မိုင်းရပ်ကွက်မှ ကြီးကွေ ခေါ် ဦးတင်ခိုင်ဆိုသူ၏ ခြံဝန်းအတွင်းရှိအဆောက်အအုံ၌ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ယင်း ခြံဝန်းမှာ ဦးတင်ခိုင် ဆိုသူပိုင်သည့်မြေအပြင် အနီးရှိ ရှေးဟောင်းဘုရားကိုပါ ဖြိုဖျက်ပြီး ခြံခတ်ထားသည့် ဝန်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အဲနေရာက ရှေးဟောင်းဘုရားတစ်ဆူကို သူ့သဘောနဲ့သူ ခြံဝန်းထဲပါလို့ဆိုပြီး ဖျက်ချပြီးမှ အဲဒီနေရာအပေါ်မှာအိမ်ဆောက်ထားတာ။ ဘုရားဖြိုတာက တစ်နှစ်လောက်ရှိပြီ။ ပိုက်ကျူးဝိုင်းကတော့ လပိုင်းလောက်ရှိပြီ” ဟု ၎င်းက ပြောသည်။

ယင်းနေရာမှာ မိုးနဲ အားကစားကွင်း ဘော်လုံးကွင်းတောင်ဘက်ရှိပြီး ရှေးဘုရားစေတီ ၄ ဆူ မှ ပေ ၂၀ လမ်းသာခြားသည့် စေတီကို အိမ်ခြံဝန်းအတွင်း ဖြိုချကာ အဆောက်အအုံဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

“မိုးနဲဟာ ရှမ်းပုဂံလို့တောင် အမည်တွင်လို့ ရှေးဟောင်းအမွေအနှစ်ကို ထိမ်းသိမ်းရမယ့်အစား ဖြိုချဖျက်ဆီးပြီး အဲပေါ်မှာ လောင်းကစားလုပ်နေတာ လွန်လွန်းတယ်။ ပြီးတော့ စခန်းမှူးကိုယ်တိုင် ရှယ်ယာပါနေတာ။ ဥပဒေကို ဘယ်လို ထိန်းမလဲ” ဟု လွိုင်မြေရပ်နေသူတစ်ဦးက ဆိုသည်။

မကြာမီက ယင်းပိုက်ကျူးဝိုင်းတွင် ရှုံးနိမ့်သူ ခိုလန်မှ ကုလား ခေါ် ရှဖီး ဆိုသူမှာ ၎င်း၏ အိမ်စီးကားကို ထားခဲ့ရသည်အထိ အနိုင်အရှုံး များပြားကြောင်း သိရသည်။

ယင်း လောင်းကစားဝိုင်းတွင် ရဲစခန်းမှူးကိုယ်တိုင် ဒိုင်အနေဖြင့် ပါဝင်ကာ ကစားနေသလို ငါးဂိမ်းခုံ ၂ ခုံ နှင့်လည်း လောင်းကစားနေကြကြောင်း သိရပြီး ဒေသခံလူထုက မလိုလားသော်လည်း မတိုင်ရဲကြကြောင်း သိရသည်။

#MeKongNews
#မိုးနဲမြို့
#လောင်းကစားဝိုင်း
#ရှေးဟောင်းဘုရား
#မိုးနဲရဲစခန်းမှူး
#ရှမ်းတောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now