မဲခေါင်၊ သြဂုတ်၂၄
မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံဖြစ်ခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်တွင် သြဂုတ်လ ၂၃ ရက် နေ့လည်ပိုင်းက နုန်းများထဲ လူသေအလောင်း တစ်လောင်းတွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။
မကာဟိုခမ်းရပ်ကွက်ရှိ မေဖလားဝါးကွင်း ဟုန်တက်ခန်းမဘေး၌ ရေကျသွားချိန် ကျန်နေသော နုန်းများထဲတွင် အလောင်း တစ်လောင်းတွေ့ရှိရခြင်းဖြစ်ပြီး ဦးလှမိုးလူမှုကူညီအသင်းမှ ဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။
“သေဆုံးသူဟာ အရက်သေစာ သောက်စားထားလို့ မူးနေစဥ် ရေစီးထဲကို ဖြတ်ကူးချိန် မျောပါပြီး နုန်းနွံနေရာရောက်ရှိ၍ ပြန်မထနိုင်ဘဲ နစ်မြုပ်သေဆုံးတယ် ယူဆကြပါတယ်” ဟု လူမှုကူညီသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
ယခုနှစ် တာချီလိတ်ရေကြီးမှုမှာ သြဂုတ် ၂၃ ရက်နေ့တွင် ၁၂ ကြိမ်မြောက် ရေကြီးခြင်းဖြစ်ပြီး လူသေဆုံးမှုမှာ ယခုနှစ်အတွင်း ရေကြီးမှုကြောင့် ပထမဆုံး သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။
Photo – ကိုလှမိုးလူမှုကူညီရေးအသင်း
#MeKongNews
#တာချီလိတ်
#ရေကြီးရေလျှံ
#လူသေဆုံး
#မကာဟိုခမ်းရပ်ကွက်
#မေဖလားဝါးကွင်း








