နေ့စဥ်သတင်း

ကျောက်မဲ၊ နောင်ပိန်တွင် TNLA နှင့် စစ်ကောင်စီ တိုက်ပွဲပြင်းထန်နေ

မဲခေါင် 20 Aug - 2025
မဲခေါင်၊ သြဂုတ် ၂၀ စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်လာသည့်အတွက် ကျောက်မဲမြို့နယ်၊ နောင်ပိန်ကြီးရွာတွင် တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရှောင်ဒေသခံများထံက သိရသည်။ သြဂုတ်လ ၁၈ရက်က လက်နက်ကြီးပစ်ခတ်ပြီး ၁၉ရက်တွင် နောင်ပိန်နှင့် မိုင်၅၀အကွာရှိ ထန်းတပင်ကို ရောက်ရှိလာသည့် စစ်ကောင်စီက တပ်မ ၁၁ စစ်ကြောင်းသည် ယနေ့သြဂုတ်၂၀ရက် နံနက်ပိုင်းတွင် နောင်ပိန်နှင့် ၄မိုင်ခန့်အကွာအထိ ရောက်ရှိလာနေပြီဖြစ်သည်ဟု နမ့်လန်သို့ စစ်ဘေးရှောင်လာသူတစ်ဦးက ပြောသည်။ “မနေ့ကတည်းက သီပေါ၉မိုင်ကနေ ဖြတ်လာတာ၊ နောင်ပိန်မှာတော့ မီးရှူးမီးပန်းဖောက်သလိုပဲ။ ဒုံးတွေ အတွဲလိုက်ပစ်နေတာ။ ပလောင်တွေက လမ်းတစ်ဘက်ခြမ်းကနေ နောင်ပိန်ထဲကနေ ခုခံနေတာ”ဟု မဲခေါင်သို့ ယနေ့ နံနက်ပိုင်းတွင် ပြောသည်။ ၎င်းပြောကြားချက်အရ စစ်ရှောင်အများစုသည် အနီးအနားမှ လူသူဝေးပြီး စစ်စခန်းမရှိသည့်ရွာများသို့

မဲခေါင်၊ သြဂုတ် ၂၀

စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်လာသည့်အတွက် ကျောက်မဲမြို့နယ်၊ နောင်ပိန်ကြီးရွာတွင် တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရှောင်ဒေသခံများထံက သိရသည်။

သြဂုတ်လ ၁၈ရက်က လက်နက်ကြီးပစ်ခတ်ပြီး ၁၉ရက်တွင် နောင်ပိန်နှင့် မိုင်၅၀အကွာရှိ ထန်းတပင်ကို ရောက်ရှိလာသည့် စစ်ကောင်စီက တပ်မ ၁၁ စစ်ကြောင်းသည် ယနေ့သြဂုတ်၂၀ရက် နံနက်ပိုင်းတွင် နောင်ပိန်နှင့် ၄မိုင်ခန့်အကွာအထိ ရောက်ရှိလာနေပြီဖြစ်သည်ဟု နမ့်လန်သို့ စစ်ဘေးရှောင်လာသူတစ်ဦးက ပြောသည်။

“မနေ့ကတည်းက သီပေါ၉မိုင်ကနေ ဖြတ်လာတာ၊ နောင်ပိန်မှာတော့ မီးရှူးမီးပန်းဖောက်သလိုပဲ။ ဒုံးတွေ အတွဲလိုက်ပစ်နေတာ။ ပလောင်တွေက လမ်းတစ်ဘက်ခြမ်းကနေ နောင်ပိန်ထဲကနေ ခုခံနေတာ”ဟု မဲခေါင်သို့ ယနေ့ နံနက်ပိုင်းတွင် ပြောသည်။

၎င်းပြောကြားချက်အရ စစ်ရှောင်အများစုသည် အနီးအနားမှ လူသူဝေးပြီး စစ်စခန်းမရှိသည့်ရွာများသို့ တိမ်းရှောင်နေကြရာ နောင်ပိန်လေး၊ ပုံဝိုး၊ ဟိုက်ကွီ၊ နမ့်ဟန်ခိမ့်၊ နမ့်ဝါ၊ ကျင်သီ ရွာများဘက်သို့ ရှောင်တိမ်းနေကြကြောင်း သိရသည်။

၎င်းတို့လို အနည်းစုသည် ကျောက်မဲမှ သီပေါ ၉မိုင်လမ်းခွဲမှတဆင့် နမ့်လန်သို့ တိမ်းရှောင်လာကြသည်ဟု ပြောသည်။

နောင်ပိန်ကမ်းလင့်လက်များ အဖွဲ့အနေဖြင့် နောင်ပိန်တွင် ကျန်ရှိပြီး ယနေ့မှ ထွက်လာသူများ အကူအညီလိုပါက အသင်းကား ၂ စီး ကုန်းညောင်နားတွင် သယ်ပို့ပေးနေပြီးViber 09-7922227171 ကို ခေါ်နိုင်​ကြောင်း အသိပေးထားသည်။

သီပေါမြို့ခံအချို့ကမူ စစ်ဘေးကြိုတင်စစ်ရှောင်သည့်အနေဖြင့် သီပေါတံတားတဖက်ခြမ်း MNDAA ရှိရာ ပန်ဆောက်မိန်း၊ ဆွတ်လန်းရွာများဘက်တွင် ညရှောင် နေ့ပြန်သဘောမျိုး နေထိုင်နေကြကြောင်းသိရသည်။

စစ်ကောင်စီသည် ယခင်နှစ် သြဂုတ်လ ၅ရက် ကကျောက်မဲကို TNLAနှင့်မဟာမိတ်များထံ စစ်ရှူံး ၍လက်လွှတ်ခဲ့ရပြီးနောက် လက်ရှိစစ်မှုထမ်းလူသစ်များကို လူသားဒိုင်းသဖွယ်ရှေ့ခံထားကာ ပြန်လည်ထိုးစစ်ဆင်လာနေခြင်းဖြစ်သည်။

#MeKongNews
#နောင်ပိန်
#ကျောက်မဲ
#TNLA
#တိုက်ပွဲပြင်းထန်
#စစ်ဘေးရှောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now