နေ့စဥ်သတင်း

တာလေ ၅၇၂ တပ်မှ ဗိုလ်ကြီးညီညီဇော် ဦးဆောင်ပြီး လောင်းကစားဂိမ်းခုံ ဓားပြဝင်တိုက်မှု စကခမှူးကိုယ်တိုင်စစ်နေ

မဲခေါင် 17 Aug - 2025
မဲခေါင်၊ ဩဂုတ် ၁၇ ဗေသလဂိမ်းခုံဟု ဒေသခံများခေါ်ကြသည့် ရှမ်းပြည်အရှေ့ပိုင်း၊ တာလေမြို့မှ လောင်းကစားဂိမ်းခုံကို တာလေအခြေစိုက် ခမရ ၅၇၂ တပ်မှ ဗိုလ်ကြီးညီညီဇော်ဦးဆောင်ပြီး ဓားပြတိုက်သည့်အတွက် စကခ ၁၈ မှ စကခမှူးကိုယ်တိုင် စစ်ဆေးနေကြောင်း တပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ တာချီလိတ််မြို့နယ်၊ တာလေမြို့၊ နားယောင်းအုပ်စုအတွင်း၌ ဖွင့်လှစ်ထားသည့် ဗေသလဂိမ်းခုံကို ဩဂုတ်လ ၁၄ ရက်က ဓားပြဝင်တိုက်ခြင်းဖြစ်ပြီး ဓားပြများကိုင်ဆောင်ထားသည့် သေနတ်တွင် တပ်နာမည်ပါနေသည့်အတွက် ခမရ ၅၇၂ မှ အဖွဲ့များဖြစ်သည်ကို သိရှိရခြင်းဖြစ်ကြောင်း၊ ယင်းနောက်စစ်ဆေးရာ ဗိုလ်ကြီးညီညီဇော်နှင့် တာလေတံတားစောင့်သည့် တပ်သားများ ပါဝင်သည်ဟု ပေါ်ပေါက်ခြင်းဖြစ်ကြောင်း တပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ ပြောသည်။ “သေနတ်မှာ

မဲခေါင်၊ ဩဂုတ် ၁၇

ဗေသလဂိမ်းခုံဟု ဒေသခံများခေါ်ကြသည့် ရှမ်းပြည်အရှေ့ပိုင်း၊ တာလေမြို့မှ လောင်းကစားဂိမ်းခုံကို တာလေအခြေစိုက် ခမရ ၅၇၂ တပ်မှ ဗိုလ်ကြီးညီညီဇော်ဦးဆောင်ပြီး ဓားပြတိုက်သည့်အတွက် စကခ ၁၈ မှ စကခမှူးကိုယ်တိုင် စစ်ဆေးနေကြောင်း တပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

တာချီလိတ််မြို့နယ်၊ တာလေမြို့၊ နားယောင်းအုပ်စုအတွင်း၌ ဖွင့်လှစ်ထားသည့် ဗေသလဂိမ်းခုံကို ဩဂုတ်လ ၁၄ ရက်က ဓားပြဝင်တိုက်ခြင်းဖြစ်ပြီး ဓားပြများကိုင်ဆောင်ထားသည့် သေနတ်တွင် တပ်နာမည်ပါနေသည့်အတွက် ခမရ ၅၇၂ မှ အဖွဲ့များဖြစ်သည်ကို သိရှိရခြင်းဖြစ်ကြောင်း၊ ယင်းနောက်စစ်ဆေးရာ ဗိုလ်ကြီးညီညီဇော်နှင့် တာလေတံတားစောင့်သည့် တပ်သားများ ပါဝင်သည်ဟု ပေါ်ပေါက်ခြင်းဖြစ်ကြောင်း တပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ ပြောသည်။

“သေနတ်မှာ တပ်နာမည်ပါနေတော့ ချက်ချင်းသတင်းရလို့ သူတို့အထက်ကိုတိုင်ပြီး ချက်ချင်း မိုင်းဖြတ်ကတပ်မမှူး (စကခမှူး) လာတယ်ပြောတယ်။ ဓားပြတိုက်တဲ့ ဗိုလ်ကြီးက ဆေးအရမ်းသုံးတယ်။ တပ်မမှူးက အကုန်အချုပ်ထဲထည့်ပြီး စစ်နေတာ” ဟု ၎င်းကပြောသည်။

တာလေမြို့ အခြေစိုက် ခမရ ၅၇၂ မှာ မိုင်းဖြတ်မြို့နယ်အခြေစိုက် စကခ ၁၈ လက်အောက်ခံ ခြေမြန်တပ်ရင်းဖြစ်ပြီး တာလေမြို့တံတားကိုစောင့်ရသည့် တပ်ဖြစ်ကြောင်း၊ စကခမှူး တာလေသို့ ရောက်ရှိနေပြီး စစ်ဆေးနေသည်မှာ မှန်ကန်ကြောင်း တာလေဒေသခံတစ်ဦးက ပြောသည်။

“ (စကခမှူးက) ၃၁၆ တပ်ထဲမှာတည်းတယ်ပြောတယ်။ အစစ်ခံရတဲ့အထဲ အရာရှိတွေလည်းပါတယ်။ တာလေတပ်ကလူတွေက ဆေးအရမ်းသုံးတယ်။​ အခုလိုဖြစ်တာ အဲဒါတွေကြောင့်လည်း ပါမယ်” ဟု ၎င်းကပြောသည်။

ဓားပြတိုက်ခံရသည့် ဗေသလဂိမ်းခုံမှာ စစ်သားများ၊ ရဲများ မူးယစ်ဆေးလာရောက်သုံးစွဲသည့် နေရာဟု ဒေသခံများအကြား နာမည်ကြီးကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ တာလေမြို့တွင် ခမရ ၃၁၆၊ ခမရ ၅၇၁ နှင့် ခမရ ၅၇၂ တို့ အခြေစိုက်ပြီး အားလုံးမှာ စကခ ၁၈ လက်အောက်ခံများဖြစ်ကြသည်။

ပြီးခဲ့သည့် ဧပြီလ အတွင်းကလည်း ခမရ ၅၇၁ တပ်အတွင်း အသက်မပြည့်သေးသည့် စစ်တပ်မိသားစုဝင် အမျိုးသမီးငယ်တစ်ဦးကို အဓမ္မကျင့်သတ်ဖြတ်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

#MeKongNews
#တာလေမြို့
#ခမရ၅၇၁
#လောင်းကစားဂိမ်းခုံ
#ဓားပြတိုက်
#စကခ၁၈
#ဗိုလ်ကြီးညီညီဇော်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now