နေ့စဥ်သတင်း

အာဏာသိမ်းစစ်တပ် ရွေးကောက်ပွဲ “ဝ” နှင့် မိုင်းလားနယ်မြေများပါ ထည့်သွင်းကြေညာထား

မဲခေါင် 16 Aug - 2025
မဲခေါင်၊ သြဂုတ် ၁၆ အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၁၅ ရက်နေ့စွဲဖြင့် မဲဆန္ဒနယ်များထုတ်ပြန်လာရာ “ဝ”နှင့် မိုင်းလားဒေသများလည်း ပါဝင်လာခဲ့သည်။ စစ်တပ်ရွေးကောက်ပွဲကော်မရှင်က ကြေညာသည့် မဲဆန္ဒနယ်များတွင် “ဝ”တိုင်း နယ်မြေများဖြစ်သည့် ပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်၊ မက်မန်းနှင့် ပန်ဆန်း(ပန်ခမ်း)၊ မိုင်းလားနယ်မြေဖြစ်သည့် မိုင်းလားမြို့တို့ ပါဝင်လာခြင်းဖြစ်သည်။ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် မိုင်းလားတို့ မဲဆန္ဒနယ်မြေများတွင် ပါဝင်သည်မှာ ယခုတစ်ကြိမ်မှသာ မဟုတ်ဘဲ ယခင်အကြိမ်များကလည်း ထည့်သွင်းကြေညာဖူးကြောင်း၊ နောက်ပိုင်းတွင်မှသာ ကျင်းပနိုင်ခြင်းမရှိသည့် နယ်မြေများတွင် ပြန်လည်ထည့်သွင်း ကြေညာခြင်းဖြစ်ကြောင်း ရှမ်းအရှေ့ နိုင်ငံရေးသမားတစ်ဦးက မဲခေါင်သို့ ပြောသည်။ “ဒါက အရင် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ တွေမှာလည်း

မဲခေါင်၊ သြဂုတ် ၁၆

အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၁၅ ရက်နေ့စွဲဖြင့် မဲဆန္ဒနယ်များထုတ်ပြန်လာရာ “ဝ”နှင့် မိုင်းလားဒေသများလည်း ပါဝင်လာခဲ့သည်။

စစ်တပ်ရွေးကောက်ပွဲကော်မရှင်က ကြေညာသည့် မဲဆန္ဒနယ်များတွင် “ဝ”တိုင်း နယ်မြေများဖြစ်သည့် ပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်၊ မက်မန်းနှင့် ပန်ဆန်း(ပန်ခမ်း)၊ မိုင်းလားနယ်မြေဖြစ်သည့် မိုင်းလားမြို့တို့ ပါဝင်လာခြင်းဖြစ်သည်။

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် မိုင်းလားတို့ မဲဆန္ဒနယ်မြေများတွင် ပါဝင်သည်မှာ ယခုတစ်ကြိမ်မှသာ မဟုတ်ဘဲ ယခင်အကြိမ်များကလည်း ထည့်သွင်းကြေညာဖူးကြောင်း၊ နောက်ပိုင်းတွင်မှသာ ကျင်းပနိုင်ခြင်းမရှိသည့် နယ်မြေများတွင် ပြန်လည်ထည့်သွင်း ကြေညာခြင်းဖြစ်ကြောင်း ရှမ်းအရှေ့ နိုင်ငံရေးသမားတစ်ဦးက မဲခေါင်သို့ ပြောသည်။

“ဒါက အရင် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ တွေမှာလည်း ဒီလိုကြေညာတာပါဘဲ၊ နောက်မှ မကျင်းပဖြစ်ရင် အကြောင်းအမျိုးမျိုးပြပြီး မလုပ်ဖြစ်ကြောင်း ထပ်ထုတ်ပြန်ပါတယ်” ဟု ၎င်းကဆိုသည်။

၂၀၀၈ စာအုပ်စိမ်းပါ “ဝ” တိုင်းအဖြစ် သတ်မှတ်ထားသည့် ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်၊ မက်မန်းနှင့် ပန်ဆန်း(ပန်ခမ်း) တို့တွင် ဟိုပန်မှအပ ရွေးကောက်ပွဲ ၃ ကြိမ်စလုံး ကျင်းပနိုင်ခြင်း မရှိသလို အထူးဒေသ – ၄ မိုင်းလားတွင်လည်း ၃ ကြိမ်စလုံး ကျင်းပနိုင်ခြင်း မရှိပေ။

UWSA ထိန်းချုပ် တောင်ပိုင်း မိုင်းတုံတွင်မူ ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် အမှတ်၂ ၌ “ဝ” ပါတီမှ ဝင်ရောက်ယှဥ်ပြိုင် အနိုင်ရခဲ့ဖူးသည်။

“ဝ” နယ်မြေများတွင် ရွေးကောက်ပွဲကျင်းပဖြစ်ပါက ဝင်ရောက်ယှဉ်ပြိုင်ရန် “ဝ” အမျိုးသားပါတီ ရှိသော်လည်း မိုင်းလားတွင်မူ ပါတီမရှိသည့်အတွက် မည်သို့ဝင်ရောက်ယှဉ်ပြိုင်မည်ကို စိတ်ဝင်စားဖွယ်ရာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။

“စိတ်ဝင်စားတာက မိုင်းလားပဲ။ ခုတခါတော့ လုပ်ရတော့မှာ။ အဲဒီမှာ သူတို့ ပါတီမရှိဘဲ ဝင်ပြိုင်မလား၊ အငှားလုပ်မလား၊ လုံးဝ မပါဘူးလား ဆိုတာပဲ” ဟု ၎င်းက မဲခေါင်သို့ပြောသည်။

အာဏာသိမ်းစစ်တပ်အနေဖြင့် ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် ၃၃၀ အတွက် မဲအများဆုံးရသူအနိုင်ယူစနစ် – FPTP စနစ်ကျင့်သုံးမည်ဖြစ်ပြီး အမျိုးသားလွှတ်တော်တွင်မူ အချိုးကျကိုယ်စားပြု PR စနစ်ကျင့်သုံးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အမျိုးသားလွှတ်တော်တွင် မဲဆန္ဒနယ် ၁၁၀ ရှိပြီး မဲဆန္ဒနယ် ၈၄ နယ် ကို မဲအများဆုံးရသူအနိုင်ယူစနစ် FPTPနှင့် ကျင်းပမည်ဖြစ်ကာ ကျန်မဲဆန္ဒနယ် ၂၆ ခုကိုတော့ အချိုးကျကိုယ်စားပြုစနစ် PR စနစ်ဖြင့်ကျင့်သုံးမည်ဟု စစ်ခေါင်းဆောင်ဖွဲ့စည်းထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ NDSC က ကြေညာသည်။

NDSC က အမျိုးသားလွှတ်တော်ရွေးကောက်ပွဲစနစ်ကို ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ် MMP ဟု သုံးစွဲထားသည်။

ယင်း MMP စနစ်ဖြင့်ပင် တိုင်းလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များကို ကျင်းပမည်ဖြစ်ပြီး စုစုပေါင်း မဲဆန္ဒနယ် ၃၆၄ ခု ရှိမည်ဟု စစ်အုပ်စု၏ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်သည်။

ယင်းတွင် မဲဆန္ဒနယ် ၃၂၂ နယ် ကို မဲအများဆုံးရသူ အနိုင်ယူစနစ် FPTP စနစ်ကျင့်သုံးမှာဖြစ်ပြီး မဲဆန္ဒနယ် ၄၂ ခုကိုမူ အချိုးကျကိုယ်စားပြုစနစ် PR စနစ် ကျင့်သုံးမည်ဖြစ်သည်။

စစ်အာဏာသိမ်းခေါင်းဆောင်က ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့တွင် ရွေးကောက်ပွဲကို မဲဆန္ဒနယ်ရသမျှဖြင့် မဖြစ်မနေကျင်းပမည်ဟု ပြောဆိုခဲ့ထားသည်။

အာဏာသိမ်းစစ်တပ် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်မှ ၈ ရက်အထိ “ဝ”နှင့် မိုင်းလားဒေသများသို့ သွားရောက်ခဲ့သည်။

ယင်းမတိုင်မီ ဩဂုတ်လ ၁ ရက်က အရေးပေါ်အခြေအနေ ၆၃ မြို့ကြေညာရာ ယင်းထဲတွင် မိုင်းလားမြို့ကို ထည့်သွင်းကြေညာထားပြီး ရွေးကောက်ပွဲကျင်းပရန် ဖိအားပေးခြင်းဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

မဟာ
#MeKongNews
#အာဏာသိမ်းစစ်တပ်
#ရွေးကောက်ပွဲ
#အထူးဒေသ၂
#မိုင်းလား
ပုံအညွှန်း – ရွေးကောက်ပွဲရလဒ်ကို စစ်တပ်ငြင်းပယ်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ မဲပေးမြင်ကွင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now