နေ့စဥ်သတင်း

လားရှိုးဆွေးနွေးပွဲပြီးနောက် ဟိုယတွင် MNDAA စစ်ရေးပြင်နေ

မဲခေါင် 15 Aug - 2025
မဲခေါင်၊ သြဂုတ် ၁၅ ကိုးကန်တပ်များဖယ်ပေးရန် စစ်ကောင်စီကတောင်းဆိုသည့် ဟိုယ-တန့်ယန်းလမ်းကြောင်းတွင် MNDAA တပ်များ စစ်ရေးပြင်ဆင်နေကြောင်း ဒေသသတင်းအရင်းအမြစ်များထံမှ သိရသည်။ စစ်ကောင်စီနှင့် TNLA တို့ ဩဂုတ်လ ဒုတိယပတ်အတွင်း တရုတ်နိုင်ငံ၊ မန်ရှီတွင် ဆွေးနွေးမှု မအောင်မြင်ခဲ့သလို မနေ့သြဂုတ် ၁၄ ရက်တွင် လားရှိုးမြို့၊ ဆင်နှစ်ကောင်ဟိုတယ်၌ စစ်ကောင်စီနှင့် ကိုးကန့်တပ်တို့အကြား တွေ့ဆုံမှု ဆွေးနွေးပွဲ ညှိနှိုင်းမရသည့်နောက်ပိုင်း ယခုကဲ့သို့ ပြင်ဆင်လာကြခြင်းဖြစ်သည်။ “ဟိုယမှာ Equipment အပြည့်အစုံနဲ့ MNDAA စစ်ရေး ပြင်ဆင်နေပါပြီ။ ကွတ်ခိုင်၊ နမ့်ခမ်းကျောင်းတွေ ပိတ်ပြီ” ဟု သတင်းရင်းမြစ်က ပြောသည်။ ထို့အပြင် MNDAA ထိန်းချုပ် ကွတ်ခိုင်နှင့် TNLA ထိန်းချုပ်ထားသည့်

မဲခေါင်၊ သြဂုတ် ၁၅

ကိုးကန်တပ်များဖယ်ပေးရန် စစ်ကောင်စီကတောင်းဆိုသည့် ဟိုယ-တန့်ယန်းလမ်းကြောင်းတွင် MNDAA တပ်များ စစ်ရေးပြင်ဆင်နေကြောင်း ဒေသသတင်းအရင်းအမြစ်များထံမှ သိရသည်။

စစ်ကောင်စီနှင့် TNLA တို့ ဩဂုတ်လ ဒုတိယပတ်အတွင်း တရုတ်နိုင်ငံ၊ မန်ရှီတွင် ဆွေးနွေးမှု မအောင်မြင်ခဲ့သလို မနေ့သြဂုတ် ၁၄ ရက်တွင် လားရှိုးမြို့၊ ဆင်နှစ်ကောင်ဟိုတယ်၌ စစ်ကောင်စီနှင့် ကိုးကန့်တပ်တို့အကြား တွေ့ဆုံမှု ဆွေးနွေးပွဲ ညှိနှိုင်းမရသည့်နောက်ပိုင်း ယခုကဲ့သို့ ပြင်ဆင်လာကြခြင်းဖြစ်သည်။

“ဟိုယမှာ Equipment အပြည့်အစုံနဲ့ MNDAA စစ်ရေး ပြင်ဆင်နေပါပြီ။ ကွတ်ခိုင်၊ နမ့်ခမ်းကျောင်းတွေ ပိတ်ပြီ” ဟု သတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် MNDAA ထိန်းချုပ် ကွတ်ခိုင်နှင့် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းတို့တွင် လေကြောင်း တိုက်ခိုက်မှုဖြစ်နိုင်သည့် အန္တရာယ်ကြောင့် စာသင်ကျောင်းများ အရေးပေါ်ပိတ်လိုက်ပြီး ကျောင်းသားများကို မိဘများက ပြန်ခေါ်ယူခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲများ တကြော့ပြန် ပြန်လည်ပြင်းထန်လာမည်ကို ကွတ်ခိုင်ဒေသခံများက စိုးရိမ်နေကြပြီး လေကြောင်းတိုက်ခိုက်မှုဖြစ်နိုင်သည့် အန္တရာယ်ကို တုံ့ပြန်သည့်အနေဖြင့် ဈေးဆိုင်တချို့ ပိတ်ထားကြကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

ဟိုယဘက်တွင်မူ MNDAA က ဘန်ကာများကို အခိုင်အမာပြန်တည်ဆောက်နေသည် ဟု ကားနှင့် ဖြတ်လာသူများက အတည်ပြု ပြောဆိုသည်။

စစ်ကောင်စီက လေယာဥ်ဖြင့် တိုက်ခိုက်လာနိုင်၍ ဒေသအတွင်းနေထိုင်သူများနှင့် သွားလာနေသူများအနေနှင့် အမာခံနယ်မြေများ၊ ရုံးများ၊ မြို့စောင့်စစ်ဆေးရေးဂိတ်များ၊ အခြေစိုက်စခန်းများ၊ ဘုရားကျောင်းများနှင့် အရာရှိများ၏ နေအိမ်များနှင့် ဝေးဝေးနေရန် ဒေသခံများမှ အချင်းချင်း သတိပေးနေကြကြောင်း သိရသည်။

စစ်ကောင်စီက ၎င်းတို့ တောင်းဆိုချက်များ မလိုက်လျောလျှင် ပြည်သူလူထုကို ဦးတည်တိုက်ခိုက်မည် ဟူသော ခြိမ်းခြောက်၊ လုပ်ဆောင်မှုများ လုပ်လေ့ရှိပြီး မနေ့ညကလည်း မိုးကုတ်မြို့ နှင့် မန်ဝိန်းကြီးတို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

“စိုးထိတ်မှု မလွန်ကဲစေဖို့နှင့် သတိ မလျော့ရဲစေဖို့ နှိုးဆော်အပ်ပါသည် ခင်ဗျာ” ဟု ကွတ်ခိုင်မြို့နေသူ တစ်ဦးကလည်း အကြံပြုပြောဆိုသည်။

စစ်ပြေငြိမ်းရေး သဘောတူညီမှုရယူထားသည့် MNDAA ထိန်းချုပ်ရာ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဇူလိုင် ၃၀ရက်က ဗုံးကြဲခဲ့ပြီး ကလေးငယ်အပါအဝင် ၅ဦး သေဆုံးခဲ့သည့်အပေါ် MNDAA က ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောဆိုထားသည်။

လားရှိုးတွင် ပြုလုပ်သည့် တွေ့ဆုံပွဲတွင် စစ်ကောင်စီဘက်က ဟိုယလမ်းမှ MNDAA တပ်များ ပြန်လည်ဆုတ်ခွာပေးရန်နှင့် သိန္နီမြို့ ပြန်ပေးရေးတို့ကို တောင်းဆိုခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

လားရှိုးတွေ့ဆုံပွဲ အချက်အလက်များကို တွေ့ဆုံပွဲတွင်ပါဝင်သူများမှ တစုံတရာ ထုတ်ပြန်ခြင်းမရှိသော်လည်း ဒေသခံလူထုများကမူ အဆင်မပြေမှု ကြောင့် ဖြစ်ပေါ်လာနိုင်သည့် လေကြောင်းတိုက်ခိုက်မှုများကို ယခုကတည်းက ရှောင်ရှားနေကြပြီ ဖြစ်သည်။

မဟာ
#MeKongNews
#MNDAA
#စစ်ကောင်စီ
#၁၀၂၇စစ်ဆင်ရေး
#တတိယလှိုင်း
#စစ်ရေးပြင်
#လားရှိုး
#ကွက်ခိုင်
#သိန္နီ
#ဟိုယ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now