နေ့စဥ်သတင်း

လားရှိုးတွင် စစ်ကောင်စီနှင့် ကိုးကန့်အဖွဲ့ ထပ်မံတွေ့ဆုံ

မဲခေါင် 14 Aug - 2025
မဲခေါင်၊ သြဂုတ် ၁၄ စစ်ကောင်စီ ထိန်းချုပ်ခွင့် ရထားသည့် လားရှိုးမြို့တွင် ကိုးကန့် MNDAA နှင့် စစ်ကောင်စီတို့ ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့တွင် ထပ်မံတွေ့ဆုံကြကြောင်း သတင်းအရင်းအမြစ်ထံက သိရသည်။ ယနေ့ သြဂုတ်လ ၁၄ရက်< နံနက်၁၀နာရီတွင် လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်သို့ MNDAA တပ်ဖွဲ့ ကိုယ်စားလှယ်များကို စစ်ကောင်စီမှ ရှေ့ပြေးယာဥ်ထိန်းရဲ အပါအဝင် လုံခြုံရေးအပြည့်ဖြင့် ခေါ်ဆောင်လာကြောင်း သတင်းအရင်းအမြစ်က ပြောသည်။ “ကြားတာက သိန္နီကိစ္စရော၊ ဟိုယ-တန့်ယန်းလမ်းကြောင်းက MNDAA တပ်တွေ ဖယ်ပေးဖို့ရော ကြားတယ်။ ကိုးကန့်ဖက်ကတော့ ကွတ်ခိုင်ကို ဗုံးကြဲတဲ့ကိစ္စမကြည်လင်သလို သိန္နီမှာ တရုတ်သူဌေးတွေ အခြေချလာတာတွေ၊ အခိုင်အမာလုပ်ဆောင်နေတာတွေက ပြန်ပေးဖို့ ဆန္ဒမရှိဘူးလို့

မဲခေါင်၊ သြဂုတ် ၁၄

စစ်ကောင်စီ ထိန်းချုပ်ခွင့် ရထားသည့် လားရှိုးမြို့တွင် ကိုးကန့် MNDAA နှင့် စစ်ကောင်စီတို့ ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့တွင် ထပ်မံတွေ့ဆုံကြကြောင်း သတင်းအရင်းအမြစ်ထံက သိရသည်။

ယနေ့ သြဂုတ်လ ၁၄ရက်< နံနက်၁၀နာရီတွင် လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်သို့ MNDAA တပ်ဖွဲ့ ကိုယ်စားလှယ်များကို စစ်ကောင်စီမှ ရှေ့ပြေးယာဥ်ထိန်းရဲ အပါအဝင် လုံခြုံရေးအပြည့်ဖြင့် ခေါ်ဆောင်လာကြောင်း သတင်းအရင်းအမြစ်က ပြောသည်။

“ကြားတာက သိန္နီကိစ္စရော၊ ဟိုယ-တန့်ယန်းလမ်းကြောင်းက MNDAA တပ်တွေ ဖယ်ပေးဖို့ရော ကြားတယ်။ ကိုးကန့်ဖက်ကတော့ ကွတ်ခိုင်ကို ဗုံးကြဲတဲ့ကိစ္စမကြည်လင်သလို သိန္နီမှာ တရုတ်သူဌေးတွေ အခြေချလာတာတွေ၊ အခိုင်အမာလုပ်ဆောင်နေတာတွေက ပြန်ပေးဖို့ ဆန္ဒမရှိဘူးလို့ ကြားနေတယ်။ ပြီးတော့ ကိုးကန့်ခေါင်းဆောင်တွေရဲ့ ဘဏ်အကောင့်တွေ တရုတ်က ပိတ်ထားတယ်လို့လည်း ကြားတယ်” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။

ယခု တွေ့ဆုံမှုမှာ ၃ ကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လကလည်း ဒုတိယအကြိမ်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဟိုယလမ်းမှ ကိုးကန့်တပ်များ ဖယ်ရှားရေးနှင့်ပတ်သက်ပြီး MNDAA နှင့် နီးစပ်သူ သတင်းအရင်းအမြစ်က “အရင်ကတည်းကခင်ဗျ။ လားရှိုးအတွက် တိမ့်ရှီကျွမ်းစာချုပ်မှာ လက်မှတ်ထိုးတဲ့အထဲ ယာယီ အခြေပြုရုံ ခွင့်ပြုထားမည် ဖြစ်ပြီး စစ်ရေးအရ လိုအပ်ပါက ဆုတ်ခွာပေးရမယ်လို့ ပါတယ်” ဟု မဲခေါင်၏ မေးမြန်းချက်ကို ဖြေကြားသည်။

ယင်းဆွးနွေးချက်များအပြင် ယခု ကိုးကန့်ဒေသမှတ်ပုံတင်ကို တရုတ်ပြည်ထဲအထိ တရားဝင်သွားလာခွင့်၊ ကုန်သွယ်ရေး၊ ဆက်သွယ်ရေး၊ ရေ နှင့် လျှပ်စစ်ဓာတ်အားပေးရေး ကိစ္စများလည်း ထည့်သွင်းဆွေးနွေးကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်မှ စပြီး ဟိုယဖက်သို့ ကိုးကန့်တပ်သားသစ်များ အင်အားထပ်တိုးချထားခဲ့ပြီး ယမန်နေ့ သြဂုတ်၁၃ရက် ညကပင် ဟိုယဖက်မှ ကိုးကန့် စစ်ကားကား၁၀ စီး နမ့်ပေါင်ဖက် တက်သွားကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ယခု တွေ့ဆုံမှုနှင့်ပတ်သက်ပြီး MNDAA ကိုးကန့်၊ စစ်ကောင်စီနှင့် တရုတ်တို့မှ တရားဝင် တစုံတရာ ထုတ်ပြန်မှု မတွေ့ရသေးပေ။

မဟာ
#MeKongNews
#MNDAA
#လားရှိုး
#စစ်ကောင်စီ
#သိန္နီ
#ဟိုယ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now