မဲခေါင်၊ ဩဂုတ် ၇
🔸 ဘင်္ဂလားပင်လယ်အော်အတွင်း ထူးခြားသော အထက်လေပွေလှိုင်းဖြစ်ပေါ်နေသကဲ့သို့ ပစိဖိတ်အနောက်မြောက် သမုဒ္ဒရာထဲတွင်လည်း တိုင်ဖွန်းမုန်တိုင်း ဖြစ်ပေါ်လာရန် အစပျိုးနေသဖြင့် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းကြီးခြင်း နှင့် ရှမ်းပြည်အပါအဝင် တနိုင်ငံလုံး မိုးရွာသွန်းမှု အားကောင်းလာနိုင်သည်။
🔸 ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံအရှေ့ဘက်၊ အန်ဒရာပရာဒက်ရှ် ပြည်နယ်ကမ်းရိုးတန်းအနီးမှာ ဩဂုတ်လ ၁၂ ရက်နေ့မှ စတင်ပြီး ပေ ၅၀၀၀ အထက်အမြင့်လေထုလွှာတွင် အထက်လေပွေလှိုင်း (Upper Air Cyclonic Circulation-UACC)တခု ဖြစ်လာနိုင်သည်။
🔸 UACC သည် ဆက်လက်အားကောင်းလာပြီး အမြင့်ဆုံးလေဖိအားနည်းရပ်ဝန်းမှ well-marked LPA တခုအထိ ဖြစ်လာနိုင်ကာ မုန်တိုင်းဖြစ်လာနိုင်ချေမှာမူ အတော်နည်းသည်ကို တွေ့ရှိရသည်။
🔸 ဘင်္ဂလားပင်လယ်အော်အတွင်း ထူးခြားမိုးလေဝသအခြေအနေဖြစ်ပေါ်လာသည့်အတွက်ကြောင့်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အလယ်ပိုင်းနှင့် ကပ္ပလီပင်လယ်များတွင် အနောက်တောင်မုတ်သုံလေ အားကောင်းလာပြီး၊ မြန်မာ့ကမ်းရိုးတန်းဒေသများနှင့် ပင်လယ်ပြင်တွင် မိုးသက်လေပြင်း ကျရောက်ခြင်း၊ လှိုင်းကြီးခြင်းများ ဖြစ်ပေါ်လာနိုင်သည်။
ထိုအခြေအနေကြောင့် ဩဂုတ်လ ၁၂ ရက်နေ့မှ ၁ ပတ်အတွင်း –
🔸 ရခိုင်ပြည်၊ ချင်းပြည်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်၊ မွန်ပြည်၊ ကရင်ပြည်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယား(ကရင်နီ)ပြည်၊ ရှမ်းပြည်၊ နေပြည်တော်နှင့် မန္တလေးတိုင်း စသည့် ဒေသများတွင် မိုးအသင့်အတင့်ရွာနိုင်ပြီး၊ နေရာကွက်၍ မိုးများနိုင်သည်။
🔸 မိုးနည်းရေရှားဒေသများဖြစ်သည့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် မန္တလေး-မကွေးနယ်စပ်အနီးဒေသများတွင် မိုးအနည်းငယ်မှ မိုးအသင့်အတင့် ရွာသွန်းနိုင်သည်။
🔸 မြန်မာ့ကမ်းရိုးတန်းအနီး ပင်လယ်ပြင်တွင် ဩဂုတ် ၁၂ ရက် မှ ၂၀ ရက်အတွင်း လေပြင်းတနာရီ ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်သည်။
🔸 လေဖိအားနည်းရပ်ဝန်းဗဟိုချက်အနီးတွင် လှိုင်းအမြင့် ၁၁.၅ ပေခန့်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်တွင် လှိုင်းအမြင့် ၆ ပေ မှ ၇ ပေခန့်၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနှင့် မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်တွင် လှိုင်းအမြင့် ၅ ပေ မှ ၆ ပေခန့်အထိ ရှိနိုင်သည်။
ADDITIONAL INFORMATION FROM EAST
🔸 ဩဂုတ်လ ၁၂ ရက်ဝန်းကျင်တွင် ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာ၊ ဂူအမ်ကျွန်း မြောက်ဘက်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း(16W – SIXTEEN)သည် အနောက်ဘက်ကို ဆက်လက်ရွေ့လျားနေပြီး ပိုအားပိုကောင်းလာပြီး တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်ခြေ ရှိနေသည်။
🔸 တိုင်ဖွန်းမုန်တိုင်းအဖြစ် ရောက်ရှိလျှင် အနောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး တောင်တရုတ်ပင်လယ်အတွင်းကို ဝင်ရောက်လာနိုင်သောကြောင့် SIXTEEN ကို သတိထားစောင့်ကြည့်နေပြီး တောင်တရုတ်ပင်လယ်ကို ဝင်ရောက်လာမည့်ရက်၊ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်နိုင်မည့် နေရာများ၊ မုန်တိုင်းအကြွင်းအကျန်များ မည်သည့်နေရာကို ဆက်လက်ရွေ့လျားနိုင်မည်ဆိုသည့်အရာများကို သတိထား၍ စောင့်ကြည့်ရဖွယ် ရှိနေသည်။
#MekongNews
#မိုးလေဝါသခန့်မှန်းချက်
#ရှမ်းပြည် #မြန်မာနိုင်ငံ
#ဘင်္ဂလားပင်လယ်အော်
#အထက်လေပွေ #တိုင်ဖွန်းမုန်တိုင်း








