နေ့စဥ်သတင်း

ရှမ်းမြောက်မှလာသည့် ကုန်တင်ယာဉ်စီးရေ ၁၀၀ ဝန်းကျင် မန္တလေးတွင် ဖမ်းဆီးထား

မဲခေါင် 5 Aug - 2025
မဲခေါင်၊ ဩဂုတ် ၅ ရှမ်းပြည်မြောက်ပိုင်းမှ ကုန်စည် သယ်ဆောင်လာသည့် ကုန်တင်ယာဉ် အစီး ၁၀၀ ဝန်းကျင်ခန့်ကို မန္တလေးတိုင်း မြစ်ငယ်ကားကွင်းတွင် ဩဂုတ်လ ၄ ရက်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဖမ်းဆီးခံရသည့် ယာဉ်မောင်းများနှင့် ပိုင်ရှင်တချို့ထံမှ သိရသည်။ ဖမ်းဆီးထားသည့် ကုန်တင်ယာဉ်များကို မန္တလေးတိုင်း မြစ်ငယ်ကားကွင်းအတွင်း ရပ်တန့်ခိုင်းထားပြီး အခွန်မဆောင်ထားသည့်အတွက် တရားမဝင်ကုန်စည်အဖြစ် ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း ယာဉ်ပိုင်ရှင်များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ကုန်စည်များကို လားရှိုးဘက်မှ လမ်းကြောင်းရှင်း အပြီးအစီးဆိုသည့် ပုံစံဖြင့် တင်ဆောင်လာကြခြင်းဖြစ်ပြီး အခွန်ကိစ္စကို ဖမ်းဆီးခံရမှသာ သိရကြောင်း ယာဉ်မောင်းတစ်ဦးက ဆိုသည်။ “လားရှိုးဘက်ကနေ ဂျူတီ(အခွန်) ဆောင် မပေးတာပါ။ ရောက်ခါနီးမှ ဒီလိုဖြစ်သွားတာပါ” ဟု

မဲခေါင်၊ ဩဂုတ် ၅

ရှမ်းပြည်မြောက်ပိုင်းမှ ကုန်စည် သယ်ဆောင်လာသည့် ကုန်တင်ယာဉ် အစီး ၁၀၀ ဝန်းကျင်ခန့်ကို မန္တလေးတိုင်း မြစ်ငယ်ကားကွင်းတွင် ဩဂုတ်လ ၄ ရက်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဖမ်းဆီးခံရသည့် ယာဉ်မောင်းများနှင့် ပိုင်ရှင်တချို့ထံမှ သိရသည်။

ဖမ်းဆီးထားသည့် ကုန်တင်ယာဉ်များကို မန္တလေးတိုင်း မြစ်ငယ်ကားကွင်းအတွင်း ရပ်တန့်ခိုင်းထားပြီး အခွန်မဆောင်ထားသည့်အတွက် တရားမဝင်ကုန်စည်အဖြစ် ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း ယာဉ်ပိုင်ရှင်များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ကုန်စည်များကို လားရှိုးဘက်မှ လမ်းကြောင်းရှင်း အပြီးအစီးဆိုသည့် ပုံစံဖြင့် တင်ဆောင်လာကြခြင်းဖြစ်ပြီး အခွန်ကိစ္စကို ဖမ်းဆီးခံရမှသာ သိရကြောင်း ယာဉ်မောင်းတစ်ဦးက ဆိုသည်။

“လားရှိုးဘက်ကနေ ဂျူတီ(အခွန်) ဆောင် မပေးတာပါ။ ရောက်ခါနီးမှ ဒီလိုဖြစ်သွားတာပါ” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးရာတွင်လည်း စစ်ဆေးခြင်းမရှိဘဲ လာသမျှ ကုန်တင်ကားများကို ကားဝန်းအတွင်း ထိုးခိုင်းခြင်းဖြစ်ကြောင်း၊ ယာဉ်နှင့် ကုန်များကို ထိန်းသိမ်းထားပြီး ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို ပြန်လွှတ်လိုက်ကြောင်း ကိုယ်တိုင်ကြုံတွေ့သူများထံမှ သိရသည်။

တရားမဝင်ကုန်စည် တိုက်ဖျက်ရေး စီမံချက်ဖြင့် ပထမအကြိမ် ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့တွင် ကုန်တင်ယာဉ် စီးရေ ၁၀၀ ဝန်းကျင်ကိုလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် မြဝတီမှ သယ်ဆောင်လာသည့် ကုန်တင်ယာဉ် ၁၃၂ စီးကို ကရင်နှင့် မွန် ဒေသများတွင်လည်းကောင်း စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီသည် တရားမဝင်ကုန်စည်စီးဆင်းမှုကို အရေးယူရန်အတွက် သတင်းပေးများကို မှီခိုလျက်ရှိပြီး ကရင်နှင့် မွန်ဒေသများတွင် ဖမ်းဆီးရမိမှုသည် မြဝတီမှ ရန်ကုန်သို့ တရားမဝင်ကုန်စည်တင်ဆောင်လာသည့် ကုန်တင်ယာဉ် ၁၄၄ စီးအနက် ၁၃၂ စီးကို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကာ ဖမ်းဆီးမိသည့် ကုန်စည်တန်ဖိုး၏ ရာခိုင်နှုန်းအချို့ကို ပေးမည်ဟု ထုတ်ပြန်ထားသည်။

ဖေသန်း
#MeKongNews
#မန္တလေး
#မြစ်ငယ်ကားကွင်း
#တရားမဝင်ကုန်စည်
#ရှမ်းမြောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now