နေ့စဥ်သတင်း

စစ်ကောင်စီပြန်တောင်းနေသည့် သိန္နီကို မြန်မာ-တရုတ် ကုန်သွယ်မှုလမ်းကြောင်း၏ ဗဟိုချက်ဟု ကိုးကန့်ဖော်ပြ

မဲခေါင် 4 Aug - 2025
မဲခေါင်၊ သြဂုတ် ၄ ရှမ်းပြည်မြောက်ပိုင်းမှ MNDAA ထိန်းချုပ်ထားသည့် သိန္နီသည် မြန်မာ-တရုတ်(ယူနန်)ကုန်သွယ်မှုလမ်းကြောင်း ၏ ဗဟိုချက်အဖြစ် အရေးပါသည့် ဖြန့်ဖြူးရေးစင်တာတစ်ခုသာမက နယ်စပ်နှစ်ခုဆုံရာ အဓိက ဆက်သွယ်ရေး ဗဟိုချက်လည်း ဖြစ်သည်ဟု ကိုးကန့်သတင်းကွန်ရက်က ယနေ့ သြဂုတ်လ ၄ ရက်နေ့ သတင်းစဥ်တွင် ဖော်ပြလာသည်။ ယင်းလမ်းကြောင်းသည် တရုတ်နိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်သည့် အဓိကကုန်စည် ဝင်ထွက်ရာ နယ်စပ်နှစ်ခုဖြစ်သည့် မူဆယ်နှင့် ချင်းရွှေဟော် တို့ကို ဆက်သွယ်ပေးထားပြီး အဆိုပါ ကုန်သွယ်ရေး လမ်းကြောင်း ပြန်လည်ဖွင့်လှစ်ချိန်မှ နေ့ညမပြတ် အသွားအလာရှိနေကာ ကုန်သွယ်မှု ဗဟိုချက်အဖြစ် ဆက်လက် အားကောင်းလာသည်ဟု ကိုးကန့် သတင်းစဥ်က ဆိုသည်။ ကုန်စည်ပို့ဆောင်မှု ပမာဏအနေဖြင့်

မဲခေါင်၊ သြဂုတ် ၄

ရှမ်းပြည်မြောက်ပိုင်းမှ MNDAA ထိန်းချုပ်ထားသည့် သိန္နီသည် မြန်မာ-တရုတ်(ယူနန်)ကုန်သွယ်မှုလမ်းကြောင်း ၏ ဗဟိုချက်အဖြစ် အရေးပါသည့် ဖြန့်ဖြူးရေးစင်တာတစ်ခုသာမက နယ်စပ်နှစ်ခုဆုံရာ အဓိက ဆက်သွယ်ရေး ဗဟိုချက်လည်း ဖြစ်သည်ဟု ကိုးကန့်သတင်းကွန်ရက်က ယနေ့ သြဂုတ်လ ၄ ရက်နေ့ သတင်းစဥ်တွင် ဖော်ပြလာသည်။

ယင်းလမ်းကြောင်းသည် တရုတ်နိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်သည့် အဓိကကုန်စည် ဝင်ထွက်ရာ နယ်စပ်နှစ်ခုဖြစ်သည့် မူဆယ်နှင့် ချင်းရွှေဟော် တို့ကို ဆက်သွယ်ပေးထားပြီး အဆိုပါ ကုန်သွယ်ရေး လမ်းကြောင်း ပြန်လည်ဖွင့်လှစ်ချိန်မှ နေ့ညမပြတ် အသွားအလာရှိနေကာ ကုန်သွယ်မှု ဗဟိုချက်အဖြစ် ဆက်လက် အားကောင်းလာသည်ဟု ကိုးကန့် သတင်းစဥ်က ဆိုသည်။

ကုန်စည်ပို့ဆောင်မှု ပမာဏအနေဖြင့် သိန္နီမှတဆင့် တရုတ်ပြည်သို့ တင်ပို့သည့် စပါး၊ ပဲမျိုးစုံ အစရှိသော စိုက်ပျိုးထုတ်ကုန်များနှင့် တိရစ္ဆာန်အနည်းငယ်ကို သယ်ဆောင်သည့် ယာဉ်များမှာ လစဉ်အကြိမ်ရေ ထောင်နှင့်ချီ၍ ရှိပြီး တရုတ်မှ တင်သွင်းလာသော နေ့စဉ်သုံးကုန်စည်များ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို သယ်ဆောင်သည့် ယာဉ်များမှာလည်း လစဉ်အကြိမ်ရေ ၂၀၀ မှ ၃၀၀ အထိ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လျက်ရှိသည် ဟု ကိုးကန့်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ကုန်စည်အမျိုးအစားတင်သွင်းကုန်များမှာ နေ့စဉ်သုံးကုန်စည်များ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ အဓိကဖြစ်ပြီး တင်ပို့ကုန်များမှာ နွားများကဲ့သို့သော တိရစ္ဆာန်အနည်းငယ် နှင့် ပြောင်း၊ စပါး၊ ပဲမျိုးစုံ အစရှိသော စိုက်ပျိုးထုတ်ကုန်များ အဓိကဖြစ်သည်ဟု ဆိုသည်။

ကုန်စည်စီးဆင်းမှုလားရာအနေဖြင့် တင်ပို့ကုန်များသည် အဓိကအားဖြင့် မူဆယ်နယ်စပ်မှတဆင့် တရုတ်နိုင်ငံ ရွှေလီမြို့(သို့မဟုတ်) ချင်းရွှေဟော်နယ်စပ်မှတဆင့် တရုတ်နိုင်ငံ လင်းချန်းသို့ ဝင်ရောက်ပြီး တင်သွင်းကုန်များမှာ တောင်ဘက်သို့ ဦးတည်ကာ မြန်မာနိုင်ငံအနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချသည်ဟု သိရသည်။

ယင်းလမ်းကြောင်းပေါ်တွင် စစ်ဆေးရေးဂိတ်စခန်း ၆ ခုကို ဖွင့်လှစ်ထားကာ လက်ရှိတွင် ဂိတ်စခန်းအားလုံးသည် ၂၄ နာရီ နေ့ညမပြတ် ဝင်ထွက်သွားလာနိုင်ရန် ပြန်လည်ဖွင့်လှစ်ထားသည် ဟု သိရသည်။

MNDAA ဘဏ္ဍာရေးဌာန၏ အခွန်ဦးစီးဌာန သိန္နီစခန်း ဒုတိယစခန်းမှူး Mr. Si Cong Neng က ဒေသ၏ အခြေအနေများ ဆက်လက်တိုးတက်ကောင်းမွန်လာမည်ဖြစ်ပြီး မူဆယ်နှင့် ချင်းရွှေဟော်နယ်စပ် ၂ ခုကို ဆက်သွယ်ထားသည့် သဘာဝပထဝီဝင် အားသာချက်ကြောင့် သိန္နီခရိုင်သည် အဓိက ကုန်စည်ပို့ဆောင်ရေး ဆုံမှတ်အဖြစ် ပို၍ ထင်ရှားလာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

သိန္နီမြို့တွင် လွန်ခဲ့သည့် ၂ လ၊ ၃ လခန့်ကတည်းက တရုတ်လုပ်ငန်းရှင်များ မြေများ၊ အိမ်များ ငှားရမ်းမှုများပြားနေပြီး ဈေးကောင်းပေးကာ ငှားရမ်းနေကြောင်း ဒေသခံများထံမှ သိရသည်။

ယခုလအတွင်း သိန္နီကို တရုတ်ဖိအားကြောင့် လားရှိုးကဲ့သို့ စစ်ကောင်စီထံပြန်လည်ပေးအပ်ရမည့်သတင်းများ ထွက်ပေါ်နေသော်လည်း MNDAA က သိန္နီကို စီးပွားရေးအချက်အချာအဖြစ် တည်ဆောက်နေပြီး သိန္နီကို စစ်ကောင်စီက MNDAA ၏ လောက်ကိုင်၊ ကုန်ကြမ်းမြို့များကဲ့သို့ပင် စစ်အုပ်ချုပ်ရေး သတ်မှတ်ထားသည်။

Photo – MNDAA
မဟာ
#MeKongNews
#သိန္နီ
#ကိုးကန့်တပ်ဖွဲ့
#ကုန်သွယ်ရေး
#ဗဟိုချက်
#MNDAA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now