မဲခေါင်၊ သြဂုတ် ၁
စစ်ကောင်စီ၏ မိတ်ဖက် PNO ဥက္ကဌ ခွန်စံလွင် ပိုင်ဆိုင်သည့် ဟိုပုံးမြို့ရှိ ကော်ဖီစက်ရုံမှ ထွက်ရှိသည့် အနံ့များ ဆိုးရွားလှသဖြင့် မြိုနေလူထု မခံမရပ်နိုင်အောင် ဖြစ်နေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။
ဟိုပုံးမြို့၊ တုံခမ်းရပ်ကွက်တွင် ရှိသည့် ခွန်စံလွင်ပိုင်ကော်ဖီစက်ရုံ (Coffee Neo)မှ အနံ့ဆိုးများသည် စက်ရုံဘေးနားရှိစျေးဆိုင်များ၊ မွေတော်ဘုရားကြီးဘုရားဖူးသူများ၊ ဥပုသ်သည်များ၊ ကိုယ်ပိုင်ကျောင်း နှင့် ရပ်ကွက်နေလူထုများ အတွက် အသက်ရှုကြပ်ကာ အနံ့မခံနိုင်အောင်ဖြစ်နေပြီး ပြတင်းပေါက်များပင် မဖွင့်နိုင်သည်အထိ ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“အိမ်တွေ တံခါးပိတ်ပြီး လူထုက မက်စ်တပ်ရတဲ့အထိ အသက်ရှုမဝ ဖြစ်နေတာ၊ လေကို မရှုရဲလောက်အောင် ဖြစ်နေတာ၊ ဘယ်သူမှလည်းမပြောရဲဘူး။ PNO တွေက သေနတ်တွေနဲ့လေ။ လိုင်းပေါ်တင်တာနဲ့ သတင်းဌာနကို ပြောတာပဲတတ်နိုင်တယ်။ သူကိုယ်တိုင်က လူကြီးဖြစ်ပြီး လူထု ဖြစ်နေတာကို ဂရုမစိုက်ဘူး” ဟု ဟိုပုံးဒေသခံတစ်ဦးက ပြောသည်။
ကော်ဖီစက်ရုံဝန်းအတွင်း ကော်ဖီစေ့မဟုတ်သည့် ကုန်ကြမ်းများမှာ မိုးရာသီ မိုးများစိုပြီး ပုတ်ပွနေခြင်းဖြစ်ကာ ပတ်ဝန်းကျင် ရပ်ကွက်နှင့် အနီးတဝိုက် ဧရိယာကို အနံဆိုးများ ဖြစ်ပေါ်နေစေခြင်း ဖြစ်သည်ဟု ယင်းစက်ရုံလုပ်သားများထံမှ သိရသည်။
ခွန်စံလွင်သည် အာဏာသိမ်းစစ်ကောင်စီ ဖွဲ့စည်းခဲ့သည့် နကစအဖွဲ့တွင် ပါဝင်ခဲ့သူဖြစ်ပြီး ၎င်း၏ဖခင် ပအိုဝ်းခေါင်ဆောင် ဦးလှဖေကဲ့သို့ လူထုအားကိုးရသည့်သူမဟုတ်ဘဲ စစ်ကောင်စီလက်အောက်ခံအဖြစ် ကိုယ်ကျိုးစီးပွားကို အဓိကထားသည့် လူမျိုးအကြောင်းပြ ကိုယ်ကျိုးရှာသမားတစ်ဦးဖြစ်ပြီး ဟိုပုံးမြို့တွင် ကိုယ်ပိုင် ဟိုပုံးပုဂ္ဂလိကဆေးရုံ၊ အလင်းပွင့်စက်သုံးဆီဆိုင်များဖွင့်လှစ်ထားသည်ဟု ဒေသခံများက သိရသည်။
#MeKongNews
#ဟိုပုံးမြို့
#ခွန်စံလွင်
#ကော်ဖီစက်ရုံ
#အနံ့ဆိုး
#စစ်ကောင်စီပြုတ်
#PNO








