နေ့စဥ်သတင်း

လင်းခေးမြို့ နမ့်တိန်းချောင်းရေတက်

မဲခေါင် 24 Jul - 2025
မဲခေါင်၊ ဇူလိုင် ၂၄ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရှမ်းပြည်တောင်ပိုင်း၊ လင်းခေးမြို့ကို ဖြတ်သန်းစီးဆင်းနေသည့် နမ့်တိန်းချောင်း ရေတက်လာပြီး ချောင်းဘေးတစ်လျှောက် ရေလွှမ်းလာနေသဖြင့် ချောင်းကမ်းနားနေသူများ ရေလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။ ဇူလိုင် ၂၂ရက်မှစ၍ နေ့ရောညပါဆက်တိုက် ရွာသွန်းနေသည့်မိုးကြောင့် နမ့်တိန်းချောင်း ရေတိုးလာခြင်းဖြစ်ပြီး ဇူလိုင် ၂၃ ရက် ညနေ ၃ နာရီကျော်တွင် ရေတက်တအားမြန် သဖြင့် ပြည်သူများ အမြန်ပြောင်းရွှေ့ခဲ့ရပြီး ယနေ့ဇူလိုင် ၂၄ ရက်မနက်အထိ မိုးရွာနေဆဲဖြစ်ကာ ချောင်းရေမကျသေးကြောင်း ဒေသခံများထံမှ သိရသည်။ “ရေတက် တအားမြန်တယ်။ ခဏလေးတင်စျေးပိုင်း ရောက်လာတာ၊ မနှစ်ကဆို တစ်ရက်၊ ၂ ရက်ကြာမှ တက်တာ ခုက တအားမြန်တယ်”

မဲခေါင်၊ ဇူလိုင် ၂၄

မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရှမ်းပြည်တောင်ပိုင်း၊ လင်းခေးမြို့ကို ဖြတ်သန်းစီးဆင်းနေသည့် နမ့်တိန်းချောင်း ရေတက်လာပြီး ချောင်းဘေးတစ်လျှောက် ရေလွှမ်းလာနေသဖြင့် ချောင်းကမ်းနားနေသူများ ရေလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။

ဇူလိုင် ၂၂ရက်မှစ၍ နေ့ရောညပါဆက်တိုက် ရွာသွန်းနေသည့်မိုးကြောင့် နမ့်တိန်းချောင်း ရေတိုးလာခြင်းဖြစ်ပြီး ဇူလိုင် ၂၃ ရက် ညနေ ၃ နာရီကျော်တွင် ရေတက်တအားမြန် သဖြင့် ပြည်သူများ အမြန်ပြောင်းရွှေ့ခဲ့ရပြီး ယနေ့ဇူလိုင် ၂၄ ရက်မနက်အထိ မိုးရွာနေဆဲဖြစ်ကာ ချောင်းရေမကျသေးကြောင်း ဒေသခံများထံမှ သိရသည်။

“ရေတက် တအားမြန်တယ်။ ခဏလေးတင်စျေးပိုင်း ရောက်လာတာ၊ မနှစ်ကဆို တစ်ရက်၊ ၂ ရက်ကြာမှ တက်တာ ခုက တအားမြန်တယ်” ဟု လင်းခေးဒေသခံတစ်ဦးက ပြောသည်။

လင်းခေး တံတားဟောင်း ဒါးဆိပ်နှင့် ဝီလပ်လင်းခေး ဆိုင်းဘုတ်များဘက်တွင် ပိုရေတက်လာနေပြီး တံတားကို ရေထိနေပြီ ဖြစ်ကြောင်း သိရသည်။

နမ့်တိန်းချောင်းသည် နှစ်စဥ် မိုးရာသီတွင် မိုးရွာသွန်မှု အနည်းအများအပေါ်မူတည်ပြီး ချောင်းရေလျှံခြင်း ဖြစ်တတ်ပြီး ယမန်နှစ်က စက်တင်ဘာလမှသာ ရေ ၃ ကြိမ်ခန့် တက်ခဲ့သော်လည်း ယခုနှစ်အတွက်မူ ဇူလိုင် ၂၃ ရက်တွင် စောစီးစွာ ထူးကဲချောင်းရေ တက်နေခြင်းဖြစ်သည်။

ဝီဖာမုန်တိုင်း အရှိန်သက်ရောက်မှုကြောင့် မိုးအဆက်မပြတ်ရွာသွန်းသဖြင့် လင်းခေး၊ မောက်မယ်၊ မိုင်းပန်၊ မိုးနဲ၊ မိုင်းကိုင်၊ ခိုလန်၊ ကျိုင်းတောင်း မှ  နမ့်တိန်း၊ နမ့်ပန်၊ နမ့်ယွန်းချောင်းများအနီးနေ ပြည်သူများနှင့် မြေအနိမ့်ပိုင်းနေသူများအားလုံး ဘေးကင်းရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် လိုအပ်ကြောင်း မိုးဇလက တိုက်တွန်းထားသည်။

ယမန်နေ့ ဇူလိုင် ၂၃ ရက် ည ၇ နာရီတွင် မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တောင်ဘက်၊ ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း၊ ချင်းရိုင်လေဆိပ်အနီးမှ Mae-Yao Ban-Pa-O station မှာ မိုးရေချိန် ၁၀၅ မီလီမီတာ (၄ လက်မအထက်)မိုးရွာသွန်းခဲ့ကြောင်းနှင့် မိုးတိမ်များသည် ရှမ်းပြည်တောင်ပိုင်းဒေသအချို့ဆီ ဆက်လက်ရွေ့လျားလာပြီး နေရာအချို့မှာ မိုးများမည်ဟု ခန့်မှန်းထားပါသည်။

မဟာ
#MeKongNews
#လင်းခေး
#နမ့်တိန်းချောင်း
#ရေကြီး
#ဝီဖာမုန်တိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now