နေ့စဥ်သတင်း

ကျိုင်းတောင်းတွင် တရားမဝင်သစ်ကွင်းဖော်ကာ တရုတ်သို့ ပေါ်ပေါ်တင်တင် တင်ပို့နေ

မဲခေါင် 21 Jul - 2025
မဲခေါင်၊ ဇွန် ၂၃ တောလမ်းမှတစ်ဆင့် တရုတ်သို့တင်ပို့ရန်အတွက် ရှမ်းပြည်တောင်ပိုင်း၊ ကျိုင်းတောင်းမြို့တွင် သစ်ကုန်သည်တစ်ဦးမှ တရားမဝင်သစ်စုပုံကွင်းပြုလုပ်၍ သစ်ခိုးထုတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ခိုလမ် – မိုင်းနောင်မှတဆင့်  ကျေးသီးကိုဖြတ်၍ တောလမ်းမှတဆင့် တရုတ်သို့တင်ပို့နေဖြစ်ကြောင်း၊ ခိုလမ်မြို့၊ ဝမ်ဖီးရပ်ကွက် ၆၊ အိမ်အမှတ် ၃၇၇ နေ အိုက်ပီး ခေါ် တင်ဇော်နိုင်မှ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၊ ရပ်တော်မူဘုရား ဘုန်းကြီးကျောင်းအနီး ၅ ဖာလုံခန့်အကွာရှိ သစ်ကွင်းနှင့် နမ့်ဟူးသဲတောင် အနီးတို့၌ အစိုးရသစ်ကွင်းပုံစံပြုလုပ်၍ ကျိုင်းတောင်းမြို့နယ်နှင့် မိုင်းပန်မြို့နယ်များမှ တရားမဝင် ထွက်ရှိသည့် ကျွန်း၊ ပိတောက်နှင် တမလန်း သစ်များအား သယ်ယူစုပုံထားရှိပြီး သယ်ဆောင်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

မဲခေါင်၊ ဇွန် ၂၃

တောလမ်းမှတစ်ဆင့် တရုတ်သို့တင်ပို့ရန်အတွက် ရှမ်းပြည်တောင်ပိုင်း၊ ကျိုင်းတောင်းမြို့တွင် သစ်ကုန်သည်တစ်ဦးမှ တရားမဝင်သစ်စုပုံကွင်းပြုလုပ်၍ သစ်ခိုးထုတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ခိုလမ် – မိုင်းနောင်မှတဆင့်  ကျေးသီးကိုဖြတ်၍ တောလမ်းမှတဆင့် တရုတ်သို့တင်ပို့နေဖြစ်ကြောင်း၊ ခိုလမ်မြို့၊ ဝမ်ဖီးရပ်ကွက် ၆၊ အိမ်အမှတ် ၃၇၇ နေ အိုက်ပီး ခေါ် တင်ဇော်နိုင်မှ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၊ ရပ်တော်မူဘုရား ဘုန်းကြီးကျောင်းအနီး ၅ ဖာလုံခန့်အကွာရှိ သစ်ကွင်းနှင့် နမ့်ဟူးသဲတောင် အနီးတို့၌ အစိုးရသစ်ကွင်းပုံစံပြုလုပ်၍ ကျိုင်းတောင်းမြို့နယ်နှင့် မိုင်းပန်မြို့နယ်များမှ တရားမဝင် ထွက်ရှိသည့် ကျွန်း၊ ပိတောက်နှင် တမလန်း သစ်များအား သယ်ယူစုပုံထားရှိပြီး သယ်ဆောင်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ခိုလမ်စစ်တိုင်းက လူကြီးတွေနဲ့ ပိုင်တော့ ခိုလမ်မြို့ ဖြတ်ပြီး ကတ္တရာလမ်းအတိုင်း စစ်တပ်ဂိတ်တွေပါ ဖြတ်သွားပါတယ်။ သစ်တောက ပြည်နယ်၊ ခရိုင်၊ မြို့နယ် တာဝန်ရှိသူတွေနဲ့ ဌာနဆိုင်ရာတွေကို ငွေသိန်းထောင်ချီ လာဘ်ပေးထားတော့ ဘယ်သူကမှ မဖမ်းဘူး။ ဒေသခံတွေကိုလည်း တိုင်ရင် ဖမ်းဆီး ထောင်ချခံရမယ်လို့ ခြိမ်းခြောက်ထားတယ်” ဟု ၎င်းက မဲခေါင်ကို ပြောသည်။

သစ်များကို ၁၀ ဘီး၊ ၁၂ ဘီး၊ တရုတ်မော်တော် ယာဉ်အကြီးများဖြင့် ကျိုင်းတောင်းမြို့ အဝင်ရှိ သစ်ကွင်းနှင့် နမ့်ဟူးသဲတောင်သစ်ကွင်းတို့မှ ကျိုင်းတောင်း – ခိုလမ်မြို့ – ကျေးသီးမြို့နယ်၊ ဝမ်စိမ်းကျေးရွာ – မိုင်းနောင်မြို့- ဝမ်ဟိုင်းကျေးရွာဘက်သို့ ပြည်ထောင်စုလမ်းမကြီးအတိုင်း ညပိုင်းအချိန်များ၌ သယ်ဆောင်ပြီး ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာမှတဆင့် တောလမ်းအတိုင်း တရုတ်နိုင်ငံသို့ တရားမဝင် သယ်ယူပို့ဆောင်နေကြောင်း၊ တရားမဝင်သစ်ကားများကြောင့် ကျေးရွာချင်းဆက် လမ်းများလည်း ပျက်စီးကြောင်း ဒေသခံများက ဆိုသည်။

ယင်းသစ်ကားများအား ကျိုင်းတောင်းမြို့၊ သစ်တောဦးစီးဌာနမှ တောအုပ် ဦးထိန်ဝင်းနှင့် အခြားဌာနဆိုင်ရာများ၊ ခိုလမ်မြို့၊ သစ်တောဦးစီးဌာနမှ ဦးစီးဦးရာဇာထွန်း၊ တောအုပ် ဦးငြိမ်းချမ်းနှင့် ဌာနဆိုင်ရာများ၊ မိုင်းနောင်မြို့ သစ်တောဦးစီးဌာန တောအုပ် ဦးအောင်ကျော်စိုးနှင့် ဌာနဆိုင်ရာများ အပါအဝင် စစ်ဆေးရေးဂိတ်များကို အသီးသီး ညှိနှိုင်းကာ တစ်ပတ်လျှင် ၂ ကြိမ် ၃ ကြိမ်နှုန်းဖြင့် ၅ စီးမှ ၁၅ စီးအတွင်း သယ်သူပို့ဆောင်နေသည်ဟု ပြောသည်။

“မိုင်းပန်က သစ်တွေကို လင်းခေးဗျူဟာက နမ့်စန်ခိုလမ်က တက်တယ်။ ကျိုင်းတောင်းက ခိုလမ် – ကျေးသီး – မိုင်းနောင်ကတက်တယ်။ အဓိကတော့ ခိုလမ်စစ်တိုင်းပါဘဲ။ ဆိုးတာက သစ်ခုတ်သမားတွေကို ယာမကျွေးပြီး ညလုံးပေါက် ခုတ်၊ လွှစင်တင်တာတွေလုပ်တာ၊ ပြီးတော့ သစ်အနုပါမချန်ဘဲ အကုန်ထုတ်တာ” ဟု မိုင်းပန်ဒေသခံတစ်ဦးက ပြောသည်။

တိုင်ကြားချက်အရ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့က စစ်ဆေးရေးလာရောက်သော်လည်း ကြိုတင်ပြောကြားချက်ရရှိသည့် ကျိုင်းတောင်းမြို့၊ သစ်တောဦးစီးဌာန တောအုပ် ဦးထိန်ဝင်းနှင့် ဌာနဆိုင်ရာတို့မှ နေရာပြောင်းရွှေ့ထားကာ သစ်ကားများမရှိချိန်မှသာ လာရောက်စစ်ဆေးသဖြင့် ဖမ်းဆီးခံရခြင်းမရှိကြောင်းလည်း သိရသည်။

သစ်ကုန်သည် အိုက်ပီး ခေါ် တင်ဇော်နိုင် မှ သစ်မျိုးစုံ တရားမဝင် သယ်ယူပို့ဆောင်နေပြီး ကြိုက်တဲ့နေရာ၊ ကြိုက်တဲ့ ဌာနများသို့ တိုင်ကြားနိုင်ကြောင်း၊ ၎င်း၏ သစ်ကွင်းများအား နှစ်စဉ် နှစ်တိုင်း တိုင်ကြားခံရသော်လည်း သက်ဆိုင်ရာ စစ်တပ်နှင့်ဌာနဆိုင်ရာများမှ ပေါင်းစားနေသည့်အတွက် မည်သူ့ကိုမျှ ဂရုမစိုက်ဟု ပြောကြားနေကြောင်း သိရသည်။

ယင်းသို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် စကခ ၁၇ နယ်မြေများဖြစ်သည့် မိုင်းပန်၊ ကျိုင်းတောင်းမှ သစ်တောများမှ တရားမဝင်ခုတ်ယူသယ်ဆောင်နေမှုများကို စစ်ကောင်စီ၏ ရှမ်းပြည်ဝန်ကြီးချုပ်၊ ရဲမင်းကြီးမှသည် နေပြည်တော်အထိ သိရှိသော်လည်း အရေးယူခြင်းမရှိသည့်အတွက် နိုင်ငံ၏သယံဇာတများ ပျက်စီးဆုံးရှုံးနေရသည်ကို ပြည်သူများ က ထောက်ပြပြောဆိုနေခြင်း ဖြစ်သည်။

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ FAO ၏ စာရင်းဇယားများအရ ၁၉၉၀ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ သစ်တောဧရိယာ ရာခိုင်နှုန်း ပြောင်းလဲမှုမှာနှစ်သုံးဆယ်အတွင်း မြန်မာ့သစ်တောပြုန်းတီးမှု ကမ္ဘာ့အဆင့် ၆ တွင်ရှိနေသည်ဟု သိရသည်။

ရှမ်းပြည်တစ်ခုလုံး မြေအကျယ်ဧရိယာဧက ၃၈ သန်းကျော်တွင်မူ သစ်တောဖုံးလွှမ်းမှုသည် ဧက ၉ သန်းကျော်(၂၃ ရာခိုင်နှုန်းကျော်) သာ ကျန်ရှိတော့ကြောင်း ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ သစ်တောဖုံးလွမ်းမှုဆိုင်ရာ အချက်အလက်များအရ သိရသည်။

#MeKongNews
#တရားမဝင်သစ်
#သစ်ခိုးထုတ်
#ကျိုင်းတောင်း
#ခိုလမ်
#မိုင်းပန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now