နေ့စဥ်သတင်း

နောင်ချိုတိုက်ပွဲကြောင့် မူဆယ်-လားရှိုး-မန္တလေး ကားခ ဈေးတက်

မဲခေါင် 15 Jul - 2025
မဲခေါင်၊ ဇူလိုင် ၁၅ နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်လာသည့်အတွက် မူဆယ်-လားရှိုး-မန္တလေး သွားလာမှုကို တောင်ကြီးမြို့ဘက်မှ ပတ်သွားရသဖြင့် ကားခ ဈေးမြင့်တက်လာကြောင်း ကားသမားများနှင့် ခရီးသည်တချို့က ပြောဆိုသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လဆန်းပိုင်းအတွင်း စစ်ကောင်စီသည် နောင်ချိုမြို့နယ်ကို ထိုးစစ်ဆင်နေသဖြင့် ကွင်းလမ်းများ ပိတ်သွားခဲ့ခြင်းဖြစ်သည်။ “လားရှိုး-မန္တလေး ကားခတွေ ဈေးတက်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ တောင်ကြီးဘက်ကနေ ပတ်သွားရလို့ပါ။ ဒီဖက်ကနေ ပေးမသွားလို့ပါ” ဟု ကားသမားတစ်ဦးက ပြောသည်။ ကားခများအနေနှင့် စစ်ဆေးရေးဂိတ်ဖြတ်ကြေးများအပါအဝင် မူဆယ်မှ မန္တလေး သို့ သွားပါက ကျပ် ၃သိန်းခွဲ၊ မန္တလေးမှ မူဆယ်သို့ သွားပါက ကျပ် ၄ သိန်းခွဲ၊ မန္တလေးမှ လားရှိုးဆိုပါက

မဲခေါင်၊ ဇူလိုင် ၁၅

နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်လာသည့်အတွက် မူဆယ်-လားရှိုး-မန္တလေး သွားလာမှုကို တောင်ကြီးမြို့ဘက်မှ ပတ်သွားရသဖြင့် ကားခ ဈေးမြင့်တက်လာကြောင်း ကားသမားများနှင့် ခရီးသည်တချို့က ပြောဆိုသည်။

၂၀၂၅ ခုနှစ် ဇူလိုင်လဆန်းပိုင်းအတွင်း စစ်ကောင်စီသည် နောင်ချိုမြို့နယ်ကို ထိုးစစ်ဆင်နေသဖြင့် ကွင်းလမ်းများ ပိတ်သွားခဲ့ခြင်းဖြစ်သည်။

“လားရှိုး-မန္တလေး ကားခတွေ ဈေးတက်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ တောင်ကြီးဘက်ကနေ ပတ်သွားရလို့ပါ။ ဒီဖက်ကနေ ပေးမသွားလို့ပါ” ဟု ကားသမားတစ်ဦးက ပြောသည်။

ကားခများအနေနှင့် စစ်ဆေးရေးဂိတ်ဖြတ်ကြေးများအပါအဝင် မူဆယ်မှ မန္တလေး သို့ သွားပါက ကျပ် ၃သိန်းခွဲ၊ မန္တလေးမှ မူဆယ်သို့ သွားပါက ကျပ် ၄ သိန်းခွဲ၊ မန္တလေးမှ လားရှိုးဆိုပါက ကျပ် ၃ သိန်း၊ လားရှိုးမှ မန္တလေး ဆိုပါက ကျပ် ၂ သိန်းခွဲ၊ တောင်ကြီး-လားရှိုး ဆိုပါက ကျပ် ၁သိန်းခွဲ၊ တောင်ကြီးမှ လောက်ကိုင်သို့ သွားပါက ကျပ် ၄ သိန်း ၃ သောင်း ကျသင့်ကြောင်း ကားသမားများနှင့် ခရီးသွားများ၏ ပြောဆိုချက်များအရ သိရသည်။

ခရီးသွားထောက်ခံစာ အစုံအလင် ပါရှိပါက တောင်ကြီး-လားရှိုး ကားခမှာ ၁၃ မျဉ်းစောင်း ဆိုပါက ကျပ် ၈သောင်း ဖြစ်ပြီး အခြားမျဉ်းစောင်းများမှာ ကျပ်တစ်သိန်း ကျသင့်ကြောင်း၊ မှတ်ပုံတင်၊ ထောက်ခံဏာ အပြည့်အစုံမပါလျှင် လမ်းတလျှောက် ငွေ‌ကုန်ကြေးကျ များပြားမည် ဖြစ်ကြောင်း ကားသမားတစ်ဦးက ရှင်းပြသည်။

ရှမ်းမြောက်ဒေသသို့ သွားရောက်လိုပါက မှတ်ပုံတင်ပေါ်ရှိ မျဉ်းစောင်းပေါ် မူတည်ပြီး သွားလာခွင့်၊ ငွေကြေးကုန်ကျမှု ကွာခြားသွားပြီး တချို့မှတ်ပုံတင်မျဉ်းစောင်းနှင့် လူမျိုးတစ်ချို့ကို ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားမှုလည်း ရှိသည် ဟု သိရသည်။

လက်ရှိ နောင်ချိုမြို့နယ်တွင် TNLA နှင့် စစ်ကာင်စီတို့ကြား တိုက်ပွဲပြင်းထန်နေ၍ ကွင်းလမ်းများ ပိတ်သွားသကဲ့သို့ ဂုတ်တွင်းတံတားမှာလည်း ချိုးဖြတ်ခံထားရသည်။​

ဖေသန်း
#MeKongNews
#နောင်ချို
#ရှမ်းမြောက်
#ကားခ
#လားရှိုး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now