နေ့စဥ်သတင်း

‌‌ဟဲဟိုးတွင် လူသတ်ပြီးကားလုသူများမှာ PNO အဖွဲ့မှဟု ယူဆထား

မဲခေါင် 30 Jun - 2025
မဲခေါင်၊ ဇွန် ၃၀ ရှမ်းပြည်တောင်ပိုင်း၊ ဟဲဟိုးမြို့၊ သရက်သုံးပင် အဆင်းကွေ့တွင် ဇွန်လ၂၄ရက် နံနက်ပိုင်းက သေနတ်ဖြင့်ပစ်ခတ် လူသတ်ပြီး ကားလုယူမောင်းပြေးသူမှာ ပင်လောင်းဘက်မှ PNOများဖြစ်သည်ဟု ယူဆထားကြောင်း ရှမ်းတောင်ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်များထံမှ သိရသည်။ CCTV မှတ်တမ်းများနှင့် စုံစမ်းရရှိချက်များအရ လူသတ်မှုကျူးလွန်သည့်နေရာတွင် ကင်တာ ကားတစ်စီးမှ PNO ၃ဦးက ကားပျက်ချင်ယောင်ဆောင်ကာ ရပ်တန့်ထားပြီး လူသတ်လုယူမည့် ကားလာသည့် အချိန်တွင် ရပ်တန့်ခိုင်းပြီး သေနတ်ဖြင့်ပစ်သတ်၍ ကားကို မောင်းယူသွားခြင်းဖြစ်သည်ဟုဆိုသည်။ “ကင်တာကားက လူသတ်ပြီးမောင်းယူသွားတဲ့ လင့်ခရူဇာနောက်က တောက်လျှောက်ပါသွားတာတွေ့ရတယ်။ ပြန်တွေ့တဲ့ ကားဒက်ရှ်ဘုတ်ထဲကလည်း ကျည်ဖူးတစ်ခုရတယ်။ မှတ်တမ်းဓာတ်ပုံတွေအထက်ကို တင်ပြထားတယ်။ အောင်ပန်း PNO ရုံးကိုလည်း ပို့ထားတယ်” သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကိုပြောသည်။

မဲခေါင်၊ ဇွန် ၃၀

ရှမ်းပြည်တောင်ပိုင်း၊ ဟဲဟိုးမြို့၊ သရက်သုံးပင် အဆင်းကွေ့တွင် ဇွန်လ၂၄ရက် နံနက်ပိုင်းက သေနတ်ဖြင့်ပစ်ခတ် လူသတ်ပြီး ကားလုယူမောင်းပြေးသူမှာ ပင်လောင်းဘက်မှ PNOများဖြစ်သည်ဟု ယူဆထားကြောင်း ရှမ်းတောင်ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်များထံမှ သိရသည်။

CCTV မှတ်တမ်းများနှင့် စုံစမ်းရရှိချက်များအရ လူသတ်မှုကျူးလွန်သည့်နေရာတွင် ကင်တာ ကားတစ်စီးမှ PNO ၃ဦးက ကားပျက်ချင်ယောင်ဆောင်ကာ ရပ်တန့်ထားပြီး လူသတ်လုယူမည့် ကားလာသည့် အချိန်တွင် ရပ်တန့်ခိုင်းပြီး သေနတ်ဖြင့်ပစ်သတ်၍ ကားကို မောင်းယူသွားခြင်းဖြစ်သည်ဟုဆိုသည်။

“ကင်တာကားက လူသတ်ပြီးမောင်းယူသွားတဲ့ လင့်ခရူဇာနောက်က တောက်လျှောက်ပါသွားတာတွေ့ရတယ်။ ပြန်တွေ့တဲ့ ကားဒက်ရှ်ဘုတ်ထဲကလည်း ကျည်ဖူးတစ်ခုရတယ်။ မှတ်တမ်းဓာတ်ပုံတွေအထက်ကို တင်ပြထားတယ်။ အောင်ပန်း PNO ရုံးကိုလည်း ပို့ထားတယ်” သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကိုပြောသည်။

ပစ်သတ်ခံရသူမှာ ညာဘက်နားထင် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဝမ်းဗိုက်ညာဘက် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဝမ်းဗိုက်ဘယ်ဘက် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ရင်ညွန့်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ညာဘက်လက်ဖျံ ကျည်ဖောက်ဝင်ဒဏ်ရာ တသ်ချက်၊ ညာလက်ဖမိုး ကျည်ဖောက်ဝင် ဒဏ်ရာ တစ်ချက်၊ စုစုပေါင်း ကျည်ဖောက်ဝင်ဒဏ်ရာ၆ချက်တို့ဖြင့် သေဆုံးနေပြီး အလောင်း အနီးတွင် (7.62 x 39)ကျည် တစ်တောင့်၊ ကျည်ခွံ၃ခု၊ ကျည်ထိပ်ဖူး တစ်ခုတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

“ဒီကျည်ဆံတွေက AK47 လို Type 81 လို တိုက်ပွဲဝင်ချေမှုန်းရေး ရိုင်ဖယ်တွေနဲ့မှ ပစ်လို့ရတာ၊ သေနတ်အရှည်ပေါ့။ ဒင်ခေါက်ထားလည်း ရတာတွေရှိတယ်။ တရားခံတွေ အရေးယူနိုင်ဖို့ကတော့ အထက်အကြီးအကဲတွေပဲ တတ်နိုင်မယ်” ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်သတ်ခံရပြီး ကားလုယူခံရသူ လျှံမင်းသန့်၂၃နှစ်မှာ ကျောက်ပန်းတောင်းတွင် အကိုဖြစ်သူနှင့် နေထိုင်ရာမှ ဖခင်ဖြစ်သူရှိရာ အေးသာယာသို့ ခေတ္တပြန်လာစဥ် ကလောရှိ အသိဆိုင်ဖွင့်ပွဲသို့သွားရာမှ ယခုကဲ့သို့ သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

PNO ပြည်သူ့စစ်သည် ယမန်နှစ်ဆီဆိုင်မြို့တိုက်ပွဲကာလအတွင်း ပြောင်းများသယ်ယူရန်မြို့ကိုပြန်သည့် ကားတစ်စီးကို ပစ်ခတ်လုယူမှု၊ မှော်ဘီတံတားဂိတ်တွင် တားဆီးသည်ကိုရပ်မပေးဟု အကြောင်းပြကာ ယာဥ်မောင်းကို ပစ်သတ်ပြီး ကားကို သိမ်းဆည်းအသုံးပြုမှုများ ရှိခဲ့သေးသည်။

လူသတ်တရားခံပေါ်ပေါက်ရေးအတွက်၊ ဟဲဟိုး၊ အောင်ပန်း၊ ကလော၊ တီကျစ်ရဲစခန်းများနှင့်အတူ အောင်ပန်းရှိ PNO ရုံးကလည်း ပူးပေါင်း လုပ်ဆောင်နေကြောင်း သိရသည်။

#MeKongNews
#ဟဲဟိုး
#လူသတ်မှု
#လျှံမင်းသန့်
#PNO

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now