နေ့စဥ်သတင်း

စစ်ကောင်စီ မိုက်ခရိုကင်းထောက်ဒရုန်းများ သုံးလာကြောင်း သတိပေး

မဲခေါင် 27 Jun - 2025
မဲခေါင်၊ ဇွန် ၂၇ စစ်ကောင်စီတပ်က စစ်ဘက်သုံး အဆင့်မြင့်နည်းပညာသုံး မိုက်ခရိုကင်းထောက်ဒရုန်း (Military Micro Drone)ဖြစ်သည့် (Rotary UAV)များကို အသုံးပြုလာနေ၍ တော်လှန်ရေးတပ်များ အထူး သတိပြုရန် မြန်မာ့ စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က ထုတ်ပြန်ထားသည်။ ယင်းဒရုန်းများဖြင့် တပ်တည်/ တပ်လှုပ်များကို ကြိုတင်ထောက်လှန်းရယူခြင်း၊ တိုက်ခိုက်မှုများအတွက် ရှေ့ပြေးကင်းထောက်မှု အားကောင်းလာသည့်အတွက် တော်လှန်ရေးတပ်များအနေဖြင့် တပ်ဖျောက်၊ ပုံဖျက်မှုများ အထူးသတိပြုကြရန် အကြံပြုကြောင်း MDSI အဖွဲ့ဝင်တစ်ဦးက မဲခေါင်ကို ပြောသည်။ “စစ်တပ်က တပ်ကြပ်ကြီးအဆင့်နဲ့ ပညာရေးအားကောင်းသူတွေကို ရမည်းသင်း စခတ ၃ မှာ သင်တန်းပေးနေတယ်။ ခုဆို စစ်ကြောင်းတွေမှာတောင် သုံးလာပြီ

မဲခေါင်၊ ဇွန် ၂၇

စစ်ကောင်စီတပ်က စစ်ဘက်သုံး အဆင့်မြင့်နည်းပညာသုံး မိုက်ခရိုကင်းထောက်ဒရုန်း (Military Micro Drone)ဖြစ်သည့် (Rotary UAV)များကို အသုံးပြုလာနေ၍ တော်လှန်ရေးတပ်များ အထူး သတိပြုရန် မြန်မာ့ စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က ထုတ်ပြန်ထားသည်။

ယင်းဒရုန်းများဖြင့် တပ်တည်/ တပ်လှုပ်များကို ကြိုတင်ထောက်လှန်းရယူခြင်း၊ တိုက်ခိုက်မှုများအတွက် ရှေ့ပြေးကင်းထောက်မှု အားကောင်းလာသည့်အတွက် တော်လှန်ရေးတပ်များအနေဖြင့် တပ်ဖျောက်၊ ပုံဖျက်မှုများ အထူးသတိပြုကြရန် အကြံပြုကြောင်း MDSI အဖွဲ့ဝင်တစ်ဦးက မဲခေါင်ကို ပြောသည်။

“စစ်တပ်က တပ်ကြပ်ကြီးအဆင့်နဲ့ ပညာရေးအားကောင်းသူတွေကို ရမည်းသင်း စခတ ၃ မှာ သင်တန်းပေးနေတယ်။ ခုဆို စစ်ကြောင်းတွေမှာတောင် သုံးလာပြီ သိရတယ်။ ကိုယ့်တပ်တွေဘက်ကလည်း မိုက္ကရိုဒရုန်းတွေအကြောင်းနဲ့ တန်ပြန်နိုင်ဖို့ ကြိုးပမ်းနေတယ်” ဟု ၎င်းကပြောသည်။

တိုက်ပွဲဝင်ဒရုန်းများမှာ အရွယ်အစားကြီးမား၍ အားသွင်းချိန်ကြာမြင့်ပြီး အသံဆူညံသော်လည်း ယခု မိုက္ကရိုဒရုန်းများမှာ လက်သီးဆုပ်ခန့်သာရှိပြီး အားဖြည့်မြန်ကာ သယ်ယူအသုံးချမှု ပိုမိုလွယ်ကူသဖြင့် တပ်လှုပ်ချိန်နှင့် တစ်ဖက်သို့ တန်ပြန်ခြုံခိုတိုက်ခိုက်ရန် အထူးအသုံးပြုနေသည့်အတွက် တော်လှန်ရေးတပ်များ အထူးသတိပြုနိုင်ရန် လိုအပ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ဒရုန်းသင်တန်းများတွင် DJI ကင်းထောက်ဒရုန်းများ၊ Autel ကင်းထောက်ဒရုန်းများ၊ VTOL fixed wing UAV၊ Quadcopter နှင့် Hexacopter တိုက်ခိုက်ရေးဒရုန်းများ၊ Delta Wing Suicide ဒရုန်းများ အပါအဝင် အမျိုးအစားအများအပြားကို တရုတ်နှင့် ရုရှားမှ ဝယ်ယူပြီး နည်းပြများအပါအဝင် သင်တန်းသား ၂၀၀ ဝန်းကျင်ခန့်နှင့် နေ့စဉ်လေ့ကျင့်ပေးနေကြောင်း MDSI က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်များ၏ ဒရုန်းနည်းပညာ အားကောင်းထိရောက်မှုကို ကာကွယ်တုန့်ပြန်နိုင်ရန်အတွက် ဒရုန်းကိုင်တွယ်အသုံးပြုမှုသင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်၍ ခြေလျင်တိုက်ခိုက်ရေးတပ်မများနှင့် ဒရုန်းတပ်ဖွဲ့မှ သင်တန်းသားများကို လေ့ကျင့်သင်ကြားပေးနေပြီး သင်တန်း တက်ရောက်ပြီးဆုံးသူများကို ဒရုန်းအဖွဲ့များအဖြစ် စုဖွဲ့၍ တမခ/စကခများ နှင့် တိုက်ပွဲနယ်မြေများသို့ စေလွှတ်တာဝန်ပေးနေသည်ဟု MDSI ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မဟာ
#MeKongNews
#မိုက်ခရိုကင်းထောက်ဒရုန်း
#စစ်ကောင်စီ
#တိုက်ပွဲဝင်ဒရုန်း
#ရုရှား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now