နေ့စဥ်သတင်း

ရန်ကုန်မြို့ လူဦးရေ ၄ ပုံတစ်ပုံမှာ အလွန်အမင်းဆင်းရဲနေပြီး ကလေးငယ်များ ကျောင်းထွက်အလုပ်လုပ်နေရ

မဲခေါင် 4 Jun - 2025
မဲခေါင်၊ ဇွန် ၄ လူဦးရေ ၆.၂ သန်းကျော်နေထိုင်သော ရန်ကုန်မြို့တွင် ဆင်းရဲနွမ်းပါးသူဦးရေ ၄၃ ရာခိုင်နှုန်းထိ ရှိလာပြီး မိသားစု ၄ စုလျှင် တစ်စုမှာ အလွန်အမင်း ဆင်းရဲစွာ နေထိုင်နေရကြောင်း UNDP Myanmar က ၂၀၂၅ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ၂၀၂၅ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် UNDP Myanmar က Urban Poverty : Unpacking Yangon အစီရင်ခံစာတစ်ခုကို ထုတ်ပြန်ခဲ့သည်။ “မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးနဲ့ စီးပွားရေးအရပါ အချက်အချာအကျဆုံး ဖြစ်တဲ့ ရန်ကုန်မြို့ဟာ ယခုအခါ မျော်လင့်မထားလောက်အောင်

မဲခေါင်၊ ဇွန် ၄

လူဦးရေ ၆.၂ သန်းကျော်နေထိုင်သော ရန်ကုန်မြို့တွင် ဆင်းရဲနွမ်းပါးသူဦးရေ ၄၃ ရာခိုင်နှုန်းထိ ရှိလာပြီး မိသားစု ၄ စုလျှင် တစ်စုမှာ အလွန်အမင်း ဆင်းရဲစွာ နေထိုင်နေရကြောင်း UNDP Myanmar က ၂၀၂၅ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

၂၀၂၅ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် UNDP Myanmar က Urban Poverty : Unpacking Yangon အစီရင်ခံစာတစ်ခုကို ထုတ်ပြန်ခဲ့သည်။

“မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးနဲ့ စီးပွားရေးအရပါ အချက်အချာအကျဆုံး ဖြစ်တဲ့ ရန်ကုန်မြို့ဟာ ယခုအခါ မျော်လင့်မထားလောက်အောင် ကြောက်မတ်ဖွယ် မြင့်တက်လာနေတဲ့ မြို့ပြဆင်းရဲနွမ်းပါးမှုဒဏ်ကို အံတုနေရပါတယ်” ဟု UNDP Myanmar က ထုတ်ပြန်ပြောဆိုထားသည်။

၂၀၁၇ ခုနှစ်တွင် ရန်ကုန်မြို့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသည်သာ ဆင်းရဲနွမ်းပါးသူများအဖြစ် ရှိနေပြီး ၂၀၂၃ ခုနှစ် အရောက်တွင် ဆင်းရဲနွမ်းပါးသူဦးရေမှာ ၄၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း၊ ရန်ကုန်မြို့ လူဦးရေမှာ ခန့်မှန်း ၆.၂ သန်း ခန့် ရှိသည်ဖြစ်ရာ ၂.၇ သန်းခန့်သည် ဆင်းရဲနွမ်းပါးမှု အခြေအနေနဲ့ ကြုံတွေ့နေရသည် ဟု အစီရင်ခံစာက ဆိုသည်။

၂၀၁၇ ခုနှစ်က အလွန်အမင်းဆင်းရဲတွင်းနက်ထဲသို့ ကျရောက်နေသူများမှာ  ၂ ရာခိုင်နှုန်းခန့်သာ ရှိသော်လည်း ၂၀၂၃ ခုနှစ်တွင် ၂၆ ရာခိုင်နှုန်းသို့ ရောက်ရှိလာသဖြင့် ဆင်ခြေဖုံးမြို့နယ်များရှိ အိမ်ထောင်စု ၄ ပုံတစ်ပုံမှာ အလွန်အမင်းဆင်းရဲနေကြကြောင်း ဖော်ပြထားသည်။

“ငွေတန်ဖိုးကျပြီး ဈေးတွေ ဒီလောက်တက်နေတာ မဆင်းရဲပဲ နေမလား။ အရင်က ငွေတစ်သောင်းရှိရင် ဆန်၊ ဟင်း ချက်စရာ ဝယ်လို့ ရသေးတယ်။ အခုက မရတော့ဘူး။ လုပ်အားခကျတော့ အရင်တိုင်းပဲလေ” ဟု ရန်ကုန်မြို့တွင် အလုပ်လုပ်နေသည့် အိမ်ထောင်ရှင်မ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင် နေထိုင်သူများအတွက် ကျန်းမာရေးစရိတ်သည်လည်း ဖိအားတခု ဖြစ်ပြီး စစ်တမ်းဖြေဆိုသူ ၄၅ ရာခိုင်နှုန်းက ၎င်းတို့တွင် ကျန်းမာရေးပြသာနာရှိနေပြီး‌ ဆေးကုသရန် လိုအပ်နေသည် ဟု ဆိုသည်။

ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများအတွင်းမှ ၁၇ ရာခိုင်နှုန်းသော ကလေးသူငယ်များသည် ကျောင်းမတက်ကြပဲ ၃၇ ရာခိုင်နှုန်းသော အိမ်ထောင်စုများသည် ၎င်းတို့၏ ကလေးများကို မိသားစုဝင်ငွေ ရှာဖွေရာတွင် ပါဝင်စေကြကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီကမူ ကျောင်းနေအရွယ် ခလေးများအားလုံး ပညာသင်ကြားနိုင်စေရန် ပညာရေးစရိတ် အခမဲ့အပြင် ခဲတံ၊‌ စာအုပ်များ၊ မူလတန်းအရွယ်အတွက် ကျောင်းဝတ်စုံများပါ ထောက်ပံနေကြောင်း ထုတ်ပြန်ထားသော်လည်း ကျောင်းထားရန်အတွက် ယင်းထက်မက ကုန်ကျရသည့်အတွက် အခက်အခဲရှိကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

“သူတို့ ပေးတာ နည်းနည်းလေး၊ ကျောင်းတက်တော့မယ်ဆိုတော့ လိုအပ်တာတွေ ထပ်ဝယ်ရ၊ အများကြီးပိုကုန်တယ်။ သွားစရိတ်၊ လာစရိတ်က ရှိသေးတယ်” ဟု ရန်ကုန်မြို့ ဆင်ခြေဖုံးရှိ အိမ်ထောင်ရှင်အမျိုးသမီး တစ်ဦးက ဆိုသည်။

ဆင်းရဲနွမ်းပါးလာမှုနှင့် မလုံခြုံမှုတို့ကြောင့် ‌အခြေခံလူတန်းစားများအတွက် ကျောင်းပညာရေးထက် နိုင်ငံခြားတိုင်းပြည်သို့ထွက်ခွာ အလုပ်လုပ်ရန်သာ စိတ်အားထက်သန်နေသော လူငယ်လူရွယ် ပိုမိုတိုးပွားလာနေသည်ဟု UNDP Myanmar က ဖော်ပြထားသည်။

ပညာရေးကဏ္ဍတွင် အရေးပေါ် အကောင်အထည်ဖော်ရန် လိုအပ်နေပြီ ဖြစ်သော်လည်း စစ်ရေးအသုံးစရိတ်မှာ ပိုမြင့်မားနေပြီး ထပ်မံမြင့်တက်လာနိုင်ခြေလည်း ရှိနေသည် ဟု ဖော်ပြထားသည်။

ရန်ကုန်မြို့၏ဆင်းရဲနွမ်းပါးသော လူထုအတွက် အခတ်အခဲများ အဆက်မပြတ် မြင့်တက်လာနေခြင်းကို ဖြေရှင်းနိုင်ခြင်း မရှိပါက လူမှု့အသိုင်းအဝိုင်းအတွင်း မယုံကြည်မှုများနှင့် မတည်ငြိမ်မှု အခြေအနေပိုမိုဆိုးဝါးလာနိုင်ပြီး နောက်ထပ် အိမ်ထောင်စုများကို ဆင်းရဲနွမ်းပါးမှုနှင့် မလုံမခြုံ လူမှု့ဘဝ ဝဲဂယက်ထဲ ဆွဲချသွားနိုင်ကြောင်း UNDP Myanmar က သတိပေးထားသည်။

ကုလသမဂ္ဂအဆိုအရ ဆင်းရဲမွဲတေခြင်းကို ဝင်ငွေတစ်ခုတည်းဖြင့် သတ်မှတ်ခြင်းမဟုတ်ဘဲ လူတစ်ဦး၏ အစားအသောက်၊ သန့်ရှင်းသောသောက်သုံးရေ၊ မိလ္လာသန့်ရှင်းရေး၊ ကျန်းမာရေး၊ အဆောက်အအုံ၊ ပညာရေးနှင့် သတင်းအချက်အလက်များအပါအဝင် အခြေခံလိုအပ်ချက်များ ရရှိနိုင်မှု မရှိသည့်အပေါ် သတ်မှတ်ခြင်းဖြစ်သည်။

ဖေသန်း
#MeKongNews
#ဆင်းရဲမွဲတေခြင်း
#UNDP
#ရန်ကုန်
#အိမ်ထောင်စု
#ကုလသမ္မဂ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်က ရဲအုပ်စိန်အေး တရားခံဧည့်တွေ့ခွင့် တစ်ယောက် ဘတ် ၅၀၀၀ တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်မြိုနယ်နှင့် ခရိုင်ရုံးတွင် တာဝန်ကျနေသည့် ရဲအုပ်စိန်အေးသည် တရားရုံ၌ တရားခံဧည့်တွေ့ခွင့်အတွက် တစ်ကြိမ်လျှင် ဘတ် ၅၀၀၀
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး မယ်ဟန်စစ်ဆေးရေးဂိတ်တွင် တပ်ထိန်းက စစ်ဆေးရေးလုပ်ငန်းများအားလုံးကို တစ်ဦးတည်းချယ်လှယ်ကာ ငွေတောင်းလည်းကြမ်းနေ

မဲခေါင်၊ အောက်တိုဘာ ၅ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ မယ်ဟန် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ယူနေသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ဗျူဟာမှ G2 ညီညီအောင်သွေး စာရင်းဖျောက်ရောင်းစားသည့်ထဲတွင် အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်များမှ သိမ်းထားသည့်ဖုန်းပင် အလုံး ၁၀၀၀ ကျော်ရှိ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်အခြေချ စစ်ဗျူဟာမှ G2 ဗိုလ်မှူးညီညီအောင်သွေးက ဗျူဟာမှူးသိမ်းခိုင်းသည်ဟုဆိုကာ အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းရမိသည့် ဖုန်းများအား စာရင်းဖျောက်ကာ ရောင်းစားထားသည်မှာ အလုံး ၁၀၀၀ ကျော်ရှိကြောင်း ဖမ်းဆီးရေးအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လူ ၂ ဦး ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဒေသကာလတန်ဖိုး ကျပ် ၈၈၈ ဒသမ ၉၃ သိန်းခန့်ရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၂ ဦးကို အောက်တိုဘာ ၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိ၍ အမျိုးသားတစ်ဦး စိုးရိမ်ရဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အောက်တိုဘာ ၃ ရက် ညပိုင်းက ကားနှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး ဦးခေါင်းနှင့် မျက်လုံးများ ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ခရိုင် သာသနာရေးမှူးရုံး ထောက်ခံစာပါ သစ်ကား မိုင်းတွင်း၌ ဖမ်းဆီးခံရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာမှ တာချီလိတ်မြို့သို့ သယ်ဆောင်လာသည့် သစ်ကားတစ်စီးကို မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းတွင်းစုပေါင်းဂိတ်၌ တရားမဝင် သစ်မှောင်ခိုမှုဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်းက ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။ ယင်းသစ်ကား ပေါ်တွင် ကျွန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ်အမျိုးသားနေ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကာလအတွင်း “ဝ”တပ်ဖွဲ့က နယ်စပ်ကင်းလှည့် လုံခြုံရေးမြှင့်မည်

မဲခေါင်၊ အောက်တိုဘာ ၂ တရုတ်နိုင်ငံ၏ အမျိုးသားနေ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အစည်းအဝေးကာလအတွင်း နယ်စပ်ဒေသလုံခြုံရေးနှင့် ထိန်းချုပ်မှုများ တိုးမြှင့်ဆောင်ရွက်မည်ဟု “ဝ”တပ်ဖွဲ့ (UWSA) လက်အောက်ခံ “ဝ”ပြည်နယ် တရားရေးကော်မတီက (WSP) က ယမန်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရလခ စစ်တိုင်းမှူးအသစ် ခန့်အပ်ပြီး ကရင်နီနှင့် နေပြည်တော် နယ်မြေများသို့ စစ်ဆင်ရေးအာဏာ တိုးမြှင့် သုံးစွဲလာနိုင်

မဲခေါင်၊ အောက်တိုဘာ ၁ ​စစ်ကောင်စီသည် ဒေသကွပ်ကဲရေးမှူး (လွိုင်ကော်) ဖြစ်သူ ဗိုလ်မှူးချုပ် ဝေလင်းအောင် (DSA 42) အား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) ၏ တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်အပ်လိုက်ကြောင်း သိရသည်။ ​အလားတူ ခိုလန်မြို့ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now