နေ့စဥ်သတင်း

သူခိုး၊ ဓားပြ မဖမ်းနိုင်သည့် လားရှိုးအုပ်ချုပ်ရေး လိုင်စင်မဲ့ယာဉ်များ ဖမ်းမည်ဟု ကြေညာ

မဲခေါင် 31 May - 2025
မဲခေါင်၊ မေ ၃၁ စစ်ကောင်စီပြန်လည်ထိန်းချုပ် နေသည့် လားရှိုးမြို့တွင် မနက်ဖြန် ဇွန်လ ၁ ရက်မှ စတင်ကာ လိုင်စင်မဲ့ယာဥ်များ ဖမ်းဆီးမည်ဟု ကြေညာကြောင်း ဒေသခံများထံက သိရသည်။ မေလ ၂၉ ရက်နေ့မှ စတင်ကာ လားရှိူးရဲတပ်ဖွဲ့သည်  ယဉ်စည်းကမ်း၊ လမ်း စည်းကမ်းထိန်းသိမ်းရေးအတွက် လိုက်လံသတိပေးမှုများ လုပ်ဆောင်နေရာမှ မနက်ဖြန် ဇွန်လ ၁ ရက်မှစပီး လိုင်စင်မဲ့ယာဉ်များကို စတင်အရေးယူတော့မည်ဖြစ်ကြောင်း ယနေ့ မေလ၃၁ရက်တွင် ကြေညာလာခြင်းဖြစ်သည်။ စစ်ကောင်စီ လားရှိုးမြို့ကို ပြန်လည်အုပ်ချုပ်သည့် တစ်လကျော်အတွင်း ခိုးမှု၊ လုယက်မှု၊ ဓားပြမှုများ အများအပြားဖြစ်ပွားလာပြီး ယင်းဒုစရိုက်မှုများကို တစ်မှုမျှ ဖမ်းဆီးနိုင်ခြင်းမရှိဘဲ အများပြည်သူ စီးနင်းနေသည့် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးရန်

မဲခေါင်၊ မေ ၃၁

စစ်ကောင်စီပြန်လည်ထိန်းချုပ် နေသည့် လားရှိုးမြို့တွင် မနက်ဖြန် ဇွန်လ ၁ ရက်မှ စတင်ကာ လိုင်စင်မဲ့ယာဥ်များ ဖမ်းဆီးမည်ဟု ကြေညာကြောင်း ဒေသခံများထံက သိရသည်။

မေလ ၂၉ ရက်နေ့မှ စတင်ကာ လားရှိူးရဲတပ်ဖွဲ့သည်  ယဉ်စည်းကမ်း၊ လမ်း စည်းကမ်းထိန်းသိမ်းရေးအတွက် လိုက်လံသတိပေးမှုများ လုပ်ဆောင်နေရာမှ မနက်ဖြန် ဇွန်လ ၁ ရက်မှစပီး လိုင်စင်မဲ့ယာဉ်များကို စတင်အရေးယူတော့မည်ဖြစ်ကြောင်း ယနေ့ မေလ၃၁ရက်တွင် ကြေညာလာခြင်းဖြစ်သည်။

စစ်ကောင်စီ လားရှိုးမြို့ကို ပြန်လည်အုပ်ချုပ်သည့် တစ်လကျော်အတွင်း ခိုးမှု၊ လုယက်မှု၊ ဓားပြမှုများ အများအပြားဖြစ်ပွားလာပြီး ယင်းဒုစရိုက်မှုများကို တစ်မှုမျှ ဖမ်းဆီးနိုင်ခြင်းမရှိဘဲ အများပြည်သူ စီးနင်းနေသည့် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးရန် ကြိုးပမ်းခြင်းမှာ စိတ်ပျက်စရာဖြစ်ကြောင်း ဒေသခံများက ဝေဖန်သည်။

“လူထုကို ဘယ်လို ဒုက္ခပေးရမလည်းပဲ လုပ်နေတယ်။ ဓားပြသူခိုးတွေတော့ မဖမ်းနိုင်ဘူး။ ဒီမှာဘယ်သူမှ လိုင်စင်နဲ့ မစီးဘူး။ ခုမြို့ကို ပြန်ထူထောင်နေတာ လူတိုင်း ပြာပုံထဲက ထလာနေရတာ၊ ပြည်သူချစ်အောင်မလုပ်ပဲ မုန်းအောင်ပဲ မျိုးစုံလုပ်နေတယ်”ဟု လားရှိုး ရပ်ကွက် (၅) နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။

လားရှိုးမြို့တွင် နေထိုင်သူများအနေဖြင့် ကိုးကန့်တပ်ဖွဲ့ထိန်းချုပ်ထားသည့် လားရှိုးမြို့ပြင်တွင် ကိုးကန့်လိုင်စင်ပါမှသာ စီးနင်းခွင့်ရပြီး မြို့တွင်း၌ စစ်ကောင်စီလိုင်စင်ပါ ထပ်လုပ်ရပါက အဆင်မပြေကြောင်း၊ ပြည်သူလုထုကို သပ်သပ်ဒုက္ခပေးခြင်းဖြစ်ကြောင်း ရပ်ကွက် (၁) နေသူ တစ်ဦးက မဲခေါင်ကို ပြောသည်။

လက်ရှိ လားရှိုးအခြေအနေမှာ လားရှိုးတက္ကသိုလ်အခြေပြု ရမခစစ်တိုင်းနှင့် ထပရ ၆၂၆ စသည့် နေရာများအတွင်း အင်အား ၃၀၀၀ မျှနှင့် ရဲစခန်း ၂ခု တို့မှာသာ အင်အားရှိနေပြီး ပြည်သူလူထုကို ကာကွယ်ရန်ထက် ၎င်းတို့လုံခြုံရေးအတွက်သာ အားထုတ်နေရချိန်ဖြစ်သည်။ ဤကဲ့သို့အခြေအနေတွင် စစ်ကောင်စီက စစ်ကောင်စီဥက္ကဌ၏ ပြောကြားချက်အတိုင်း ယခုလို ပြည်သူအများစုအသုံးပြုနေသည့် ယာဥ်းများကို ဖမ်းဆီးရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

မဟာ
#MeKongNews
#လားရှိုး
#လိုင်စင်မဲ့ယာဉ်
#ဒုစရိုက်မှု
#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now