နေ့စဥ်သတင်း

သဘာဝဓာတ်ငွေ့ ကမ်းလွန်လုပ်ကွက်သစ် “မင်းရဲသူ” တူးဖော်ဖို့ ထိုင်းကုမ္ပဏီနှင့် စစ်ကောင်စီလက်မှတ်ထိုး

မဲခေါင် 30 May - 2025
မဲခေါင်၊ မေ ၃၀ ၂၀၂၈ ခုနှစ်တွင် သဘာဝဓါတ်ငွေ့ စတင်တူးဖော်ထုတ်လုပ်နိုင်မည့် ကမ်းလွန်လုပ်ကွက်အသစ် ဖြစ်သည့် “မင်းရဲသူ” စီမံကိန်းကို ထိုင်းကုမ္ပဏီ GPM နှင့် လုပ်ဆောင်နိုင်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်း(MOGE)နှင့် မြန်မာနိုင်ငံအခြေစိုက် ထိုင်းနိုင်ငံသားပိုင်ကုမ္ပဏီ ဖြစ်သည့် Gulf Petroleum Myanmar တို့ကြား ၂၀၂၅ ခုနှစ် မေလ ၂၉ ရက်နေ့က နေပြည်တော်တွင် ထုတ်လုပ်မှုအပေါ် ခွဲဝေ ခံစားရေးစာချုပ် (Production Sharing Contract-PSC) ကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။ စစ်ကောင်စီသည် ရေနံနှင့် သဘာဝဓါတ်ငွေ့ တူးဖော်ရရှိမှုများမှ

မဲခေါင်၊ မေ ၃၀

၂၀၂၈ ခုနှစ်တွင် သဘာဝဓါတ်ငွေ့ စတင်တူးဖော်ထုတ်လုပ်နိုင်မည့် ကမ်းလွန်လုပ်ကွက်အသစ် ဖြစ်သည့် “မင်းရဲသူ” စီမံကိန်းကို ထိုင်းကုမ္ပဏီ GPM နှင့် လုပ်ဆောင်နိုင်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်း(MOGE)နှင့် မြန်မာနိုင်ငံအခြေစိုက် ထိုင်းနိုင်ငံသားပိုင်ကုမ္ပဏီ ဖြစ်သည့် Gulf Petroleum Myanmar တို့ကြား ၂၀၂၅ ခုနှစ် မေလ ၂၉ ရက်နေ့က နေပြည်တော်တွင် ထုတ်လုပ်မှုအပေါ် ခွဲဝေ ခံစားရေးစာချုပ် (Production Sharing Contract-PSC) ကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

စစ်ကောင်စီသည် ရေနံနှင့် သဘာဝဓါတ်ငွေ့ တူးဖော်ရရှိမှုများမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံချီ ဝင်ငွေ ရရှိနေပြီး စစ်အသုံးစရိတ်အတွက် အရေးကြီးသည့် ဝင်ငွေရလမ်း ဖြစ်ကာ မင်းရဲသူ စီမံကိန်းသည် စစ်ကောင်စီလက်ထက် ပထမဆုံး လုပ်ဆောင်နေသည့် ကမ်းလွန်တူးဖော်ရေး စီမံကိန်း ဖြစ်လာသည်။

လက်ရှိ ထုတ်လုပ်နေသည့် ရေနံနှင့် သဘာဝဓါတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး ကမ်းလွန်စီမံကိန်းကြီးများသည် ထုတ်လုပ်မှု ကျဆင်းလာနေပြီး စီမံကိန်းများ ပြီးစီးတော့မည် ဖြစ်ရာ အလားအလာကောင်းသည့် ရေနံနှင့် သဘာဝဓါတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရန် လိုအပ်နေကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။

ထိုင်းနိုင်ငံသားပိုင် ကုမ္ပဏီ ဖြစ်သည့် Gulf Petroleum Myanmar ကုမ္ပဏီ အတွက်လည်း မုတ္တမ ပင်လယ်ကွေ့အနီးတွင် ရှိသည့် မုတ္တမလုပ်ကွက် (M-10) မင်းရဲသူ စီမံကိန်းသည် သဘာဝဓါတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်နိုင်မည့် စီမံကိန်းအသစ် ဖြစ်ကာ ၂၀၂၈ ခုနှစ် တွင် ပထမဆုံး သဘာဝဓါတ်ငွေ့ စတင်‌ထုတ်ယူနိုင်ရန် ရည်မှန်းထားကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။

မင်းရဲသူ စီမံကိန်း အသစ်ကို ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်၊သ ုံးစွဲနိုင်ရန်အတွက် ထုတ်လုပ်မှုအပေါ် ခွဲဝေ ခံစားရေးစာချုပ်(Production Sharing Contract-PSC) ချုပ်ဆိုရာတွင် စစ်ကောင်စီက ရာခိုင်နှုန်း မည်မျှအချိုး ရရှိမည်ကို ထုတ်ပြန်ထားခြင်း မရှိပေ။

Gulf Petroleum Myanmar ကုမ္ပဏီသည် ရဲတံခွန်စီမံကိန်းကိုလည်း ရယူထားပြီး ထိုင်းနိုင်ငံအခြေစိုက် Northern Gulf Petroleum အဖွဲ့၏ အစိတ်အပိုင်း ဖြစ်ကာ စစ်ကောင်စီထံ ငွေပေးချေမှုများကို ကူညီလုပ်ဆောင်ပေးနိုင်မည့် လျှိုဝှက်သိုသိပ်သော စီရင်ခွင့်နယ်မြေကို အသုံးပြုနေသည့် ကော်ပိုရိတ် အဖွဲ့အစည်း ဟု Justice for Myanmar က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ ကမ်းလွန်စီမံကိန်းများ  ဖြစ်သည့် ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေ စီမံကိန်းတို့မှာ တူးဖော်ထုတ်လုပ်လျှက်ရှိပြီး ထပ်မံရှာဖွေနေသည့် ကမ်းလွန်စီမံကိန်း ၂ခုလည်း ရှိနှင့်ပြီးဖြစ်သည်။

မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်း(MOGE) ကို နိုင်ငံတကာက အရေးယူပိတ်ဆို့မှုများ ပြုလုပ်နေသော်လည်း နိုင်ငံတကာ ရေနံနှင့် သဘာဝဓါတ်ငွေ့ တူးဖော်ရေးကုမ္ပဏီအများစုမှာ စစ်ကောင်စီလက်အောက်ခံ MOGE နှင့် ပူးတွဲကာ ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်သည်။

ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍသည် စစ်ကောင်စီအတွက် နိုင်ငံခြားငွေဖြင့် အခွန်ဝင်ငွေ အများဆုံး ရှာဖွေပေးနေသည့် အရင်းအမြစ် ဖြစ်ပြီး  စစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျုးလွန်သည့် ရာဇဝတ်မှုများအတွက် လိုအပ်သည့် စစ်လက်နက်များ၊လေယာဉ်ဆီ နှင့် အခြားအထောက်အကူပြု ပစ္စည်းများ ဝယ်ယူရာတွင် အသုံးပြုနေကြောင်း Justice for Myanmar က ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်တွင် ထုတ်ပြန်ထားသည့် အချက်အလတ်များအရ  မြန်မာ့ သဘာဝဓါတ်ငွေ တင်ပို့မှုမှတဆင့် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ရရှိထားသည်။

ဖေသန်း
#MeKongNews
#မင်းရဲသူစီမံကိန်း
#သဘာဝဓာတ်ငွေ့
#ကမ်းလွန်လုပ်ကွက်
#MOGE
#GulfPetroleumMyanmar

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now