နေ့စဥ်သတင်း

ကျိုင်းတုံတွင် ဆိုင်ကယ်စီးအမျိုးသမီးကို လူ ၆ ယောက် ဓားဖြင့်ခြိမ်းခြောက်လုယက်

မဲခေါင် 20 May - 2025
မဲခေါင်၊ မေ ၂၀ ကျိုင်းတုံမြို့တွင် ဆိုင်ကယ်လာသူ အမျိုးသမီးကို လူ ၆ ဦးက လမ်းပိတ်ပြီး ဓားဖြင့်ခြိမ်းခြောက်ကာ ဆိုင်ကယ်၊ ဖုန်းများနှင့်ငွေများ လုယက်သွားကြောင်း သိရသည်။ ယနေ့ မေလ ၂၀ ရက်၊ မွန်းတည့် ၁၂ နာရီခန့်တွင် ကျိုင်းတုံမြို့မှ လွယ်မွေသွားလမ်း၊ နမ့်ပန်ချောင်းအဆင်း မရောက်မီ မီးသင်္ဂြိုလ်စက်အနီးတွင် အမျိုးသမီးတစ်ဦးမောင်းနှင်လာသည့် ၂၀၂၃၊ ၆ လပိုင်း မော်ဒယ်၊ ခဲပြာရောင် Honda Wave 125i ဆိုင်ကယ်အား လားဟူလူမျိုး ၆ ဦးမှ လမ်းအားပိတ်၍ ဓားဖြင့်ချိန်ရွယ်ပြီး ဆိုင်ကယ်နှင့်တကွ Redmi Note 14 pro+ နှင့် Redmi Note

မဲခေါင်၊ မေ ၂၀

ကျိုင်းတုံမြို့တွင် ဆိုင်ကယ်လာသူ အမျိုးသမီးကို လူ ၆ ဦးက လမ်းပိတ်ပြီး ဓားဖြင့်ခြိမ်းခြောက်ကာ ဆိုင်ကယ်၊ ဖုန်းများနှင့်ငွေများ လုယက်သွားကြောင်း သိရသည်။

ယနေ့ မေလ ၂၀ ရက်၊ မွန်းတည့် ၁၂ နာရီခန့်တွင် ကျိုင်းတုံမြို့မှ လွယ်မွေသွားလမ်း၊ နမ့်ပန်ချောင်းအဆင်း မရောက်မီ မီးသင်္ဂြိုလ်စက်အနီးတွင် အမျိုးသမီးတစ်ဦးမောင်းနှင်လာသည့် ၂၀၂၃၊ ၆ လပိုင်း မော်ဒယ်၊ ခဲပြာရောင် Honda Wave 125i ဆိုင်ကယ်အား လားဟူလူမျိုး ၆ ဦးမှ လမ်းအားပိတ်၍ ဓားဖြင့်ချိန်ရွယ်ပြီး ဆိုင်ကယ်နှင့်တကွ Redmi Note 14 pro+ နှင့် Redmi Note 13 ဖုန်း ၂ လုံးနှင့် ပိုက်ဆံ ကျပ် ၂ သိန်းခန့်အား ယူဆောင်သွားကြောင်း လုယက်ခံရသူနှင့် နီးစပ်သူက မဲခေါင်ကို ပြောသည်။

“ဆိုင်ကယ်က ၆၅ သိန်းရှိတယ်။ ဖုန်းတစ်လုံးက တစ်သိန်း၊ တစ်လုံးက ၆ သိန်းခွဲတန်တယ်။ ဓား ၂ လက်နဲ့ လားဟူ ၆ ယောက်ပါ။ ဖြစ်စဉ်ဖြစ်ပီး ၁၀ မိနစ် အတွင်း လိုက်ရှာပါတယ်။ ဓရန နဲ့ နယ်ထိန်း အကုန်လုံးပြောထားပါတယ်ဗျ။ အမှုဖွင့်ထားပါပြီ” ဟု ၎င်းကပြောသည်။

ကျိုင်းတုံတွင် ရန်ဖြစ်၊ ခိုးဆိုးလုယက်၊ သတ်ဖြတ်မှုများ နေ့စဥ်လိုဖြစ်ပွားနေသဖြင့် လုံခြုံမှုမရှိဘဲ စိုးရိမ်နေရကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

မေလ ၁၈ ရက် နေ့လယ် ၂ နာရီခွဲခန့်ကလည်း ကျိုင်းတုံမြို့ရှောင်လမ်းအနီး ဆင်နှစ်ကောင်အနောက်ဖက်တွင် မြို့ထဲ အလုပ်လာသူတစ်ဦးကို ဓားနှင့်ခုတ်ပြီး ဖုန်း၊ ဆိုင်ကယ်လုယူသွားကာ လုယက်ခံရသူမှာ နားရွက်တစ်ဖက် ဒဏ်ရာရခဲ့သည်။

မကြာသေးမီက ကျိုင်းတုံမြို့ရှောင်လမ်းမှာပင် ပွင့်ဦးခိုင် ပန်းအလှဆင်ဆိုင်ပိုင်ရှင် စိုင်းစွမ်ဆီ အသတ်ခံရသည့်အမှုမှာလည်း ယခုထိ တရားခံမမိသေးကြောင်း သိရသည်။

ကျိုင်းတုံရှိ လူဦးရေအရ လူ ၅၀၀၀ လျင် ရဲတစ်ဦးသာ ရှိနေသလို မြို့ပြင်ဘက်တွင် အမှုဖြစ်ပါက နယ်မြေအကန့်အသတ်များရှိနေသည်ဟု ရဲစခန်းနှင့်နီးစပ်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။

#MeKongNews
#ကျိုင်းတုံ
#ဆိုင်ကယ်လုယက်
#လွယ်မွေ
#နမ့်ပန်ချောင်း
#လုယက်မှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now