မဲခေါင်၊ မေ ၆
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသအတွင်းဒေသတွင်း တက်ကြွသည့်လူငယ်များနှင့် ဖွဲ့စည်းထားရှိသည့် ပအိုဝ်းလူငယ်အကယ်ဒမီ – PYA သည် တော်လှန်ရေးအရှိန်အဟုန် အားကောင်းစေရန်နှင့် ဒေသတွင်းစည်းလုံညီညွတ်မှု အားကောင်းစေရန် PNLO နှင့် ပူးပေါင်းသွားမည်ဟု မေလ၄ရက်တွင် ထုတ်ပြန်ကြေငြာသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ – PNLOနှင့် ပူးပေါင်းလိုက်သည့် PYA ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ၂၃ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အခြခံနှင့်မွမ်းမံများ သင်တန်းများ ပြီးမြောက်ခဲ့သလို Free Burma Ranger နှင့်တွဲဖက်၍ ရှေ့တန်း ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
PNLO နှင့် စစ်ရေး၊ နိုင်ငံရေး မည်သို့ ပူးပေါင်းဆောင်ရွက်မည်ကို မဲခေါင်က မေးမြန်းသည့်အပေါ် “ဟုတ်ကဲ့ ကျွန်တော်တို့ ထုတ်ပြန်ကြေငြာထားတဲ့အတိုင်း PNLO ရဲ့ ဌာနတခုအနေနဲ့ ဆက်သွားမှာဖြစ်ပါတယ်” ဟု PYA တာဝန်ရှိသူက ယနေ့ မေလ ၆ရက်တွင် ဖြေကြားသည်။
PYA သည် ဖွဲ့စည်းပြီး တစ်နှစ်တာကာလအတွင်း စစ်ကောင်စီနှင့် တိုက်ပွဲ၌ သင်တန်း နည်းပြကျဆုံးခဲ့ရသည်ဟု ဆိုသည်။ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် မတ်လ၂၄ရက် နေ့ကတည်းက ပူးပေါင်း ပါဝင်ခဲ့ပြီဖြစ်သည်။
မဟာ
#MeKongNews
#ပအိုဝ်းလူငယ်အကယ်ဒမီ
#PNLO
#PYA
#ပအိုဝ်းဒေသ








