နေ့စဥ်သတင်း

မအောင်မြင်သည့်ဆွေးနွေးပွဲပြီးနောက် မိုးကုတ်ကို စစ်ကောင်စီဗုံးကြဲ၊  ဒေသခံတစ်ဦးသေဆုံး

မဲခေါင် 3 May - 2025
မဲခေါင်၊ မေ ၃ TNLA နှင့် စစ်ကောင်စီတို့ ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေးဆွေးနွေးအပြီး ၃ ရက်အကြာ ယနေ့ မေလ ၃ ရက် နံနက် ၉ နာရီခန့်တွင် TNLA ထိန်းချုပ်ဒေသ မိုးကုတ်မြို့ကို လေကြောင်းမှ ဗုံးကြဲခဲ့ပြီး ဒေသခံတစ်ဦး သေဆုံးကြောင်း မိုးကုတ်ပြည်သူ့ကာကွယ်ရေးတပ် ပြောခွင့်ရပုဂ္ဂိုလ်က မဲခေါင်ကိုပြောသည်။ မိုးကုတ်မြို့ ကသည်းစျေးနှင့် ကသည်းအနောက်ကျောင်းနေရာကို လေကြောင်းက ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပန်းရံလုပ်ကိုင်နေသောအမျိုးသားတစ်ဦး ဦးခေါင်းပြတ်ထွက် သေဆုံးခဲ့ကာ ဒေသခံတဦးပြင်းထန်ဒဏ်ရာရရှိကြောင်း သိရသည်။ မေလ ၂ ရက်နေ့ ညပိုင်းတွင်လည်း မိုးကုတ်မြို့အရှေ့ပိုင်း ဘန်မွန်ရွာနဲ့ မိုးကုတ်မြို့အနောက်ပိုင်း အုတ်အင်းရပ်ကွက်ကိုလေကြောင်း ၂ကြိမ်တိုက်ခိုက်ခဲ့ပြီး လူနေအိမ်အချို့ပျက်စီးခဲ့သည်။ ဧပြီလ ၂၈ ရက်နှင့်

မဲခေါင်၊ မေ ၃

TNLA နှင့် စစ်ကောင်စီတို့ ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေးဆွေးနွေးအပြီး ၃ ရက်အကြာ ယနေ့ မေလ ၃ ရက် နံနက် ၉ နာရီခန့်တွင် TNLA ထိန်းချုပ်ဒေသ မိုးကုတ်မြို့ကို လေကြောင်းမှ ဗုံးကြဲခဲ့ပြီး ဒေသခံတစ်ဦး သေဆုံးကြောင်း မိုးကုတ်ပြည်သူ့ကာကွယ်ရေးတပ် ပြောခွင့်ရပုဂ္ဂိုလ်က မဲခေါင်ကိုပြောသည်။

မိုးကုတ်မြို့ ကသည်းစျေးနှင့် ကသည်းအနောက်ကျောင်းနေရာကို လေကြောင်းက ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပန်းရံလုပ်ကိုင်နေသောအမျိုးသားတစ်ဦး ဦးခေါင်းပြတ်ထွက် သေဆုံးခဲ့ကာ ဒေသခံတဦးပြင်းထန်ဒဏ်ရာရရှိကြောင်း သိရသည်။

မေလ ၂ ရက်နေ့ ညပိုင်းတွင်လည်း မိုးကုတ်မြို့အရှေ့ပိုင်း ဘန်မွန်ရွာနဲ့ မိုးကုတ်မြို့အနောက်ပိုင်း အုတ်အင်းရပ်ကွက်ကိုလေကြောင်း ၂ကြိမ်တိုက်ခိုက်ခဲ့ပြီး လူနေအိမ်အချို့ပျက်စီးခဲ့သည်။

ဧပြီလ ၂၈ ရက်နှင့် ၂၉ ရက်များတွင် တရုတ်နိုင်ငံ၏ကြားဝင်စေ့စပ်မှုဖြင့် PSLF/ TNLA မှ ဒုတိယဗိုလ်ချုပ်ကြီးတားဂျုတ်ဂျားဦးဆောင်သည့် ကိုယ်စားလှယ်များနှင့်စစ်ကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်သည့်ကိုယ်စားလှယ်တို့သည် တရုတ်နိုင်ငံ ကူမင်းမြို့တွင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး စစ်ကောင်စီ၏ နယ်မြေတောင်းဆိုမှုများ ကြောင့် အောင်မြင်ခဲ့ခြင်းမရှိချေ။

စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပြီး ဧပြီ ၃၀ ရက်နေ့နှင့်မေ ၁ ရက်နေ့တို့တွင်ပင် PSLF/TNLA ထိန်းချုပ်နယ်မြေ နောင်ချိုမြို့ထဲသို့ လက်နက်ကြီးများ ပစ်ခတ်ခြင်း လေကြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး မြေပြင်ထိုးစစ်များလည်း ဆက်လက်ပြုလုပ်နေသည်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပြီးသည့်နောက် နောင်ချိုမြို့နယ်နှင့် တောင်ခမ်းဒေသများကို စစ်ကောင်စီမှ မြေပြင်ထိုးစစ်များ ဆက်လက်ပြုလုပ်လျက်ရှိပြီး လက်ရှိအချိန်တွင် နောင်ချိုမြို့၊ နောင်လင်ဒေသကို စစ်ကောင်စီမှ ပြန်လည်ရရှိကာ ကံကြီးဒေသကို အထပ်မံထိုးစစ်ဆင်နေကြောင်း မြေပြင် သတင်းရင်းမြစ်တချို့က ဆိုသည်။

ဂနိုက်
#MeKongNews
#မိုးကုတ်
#TNLA
#စစ်ကောင်စီ
#လေကြောင်းတိုက်ခိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now