မဲခေါင်၊ ဧပြီ ၂၆
ကရင်နီဒေသအခြေစိုက် ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် – DMO LOCAL PDF သို့ စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေအရ စုဆောင်းခံရသူ ၆ဦး လက်နက်၊ ခဲယမ်းများဖြင့် ခိုလှုံ အလင်းဝင်လာကြောင်း ယင်းတပ်ရင်းမှ ယနေ့ဧပြီလ ၂၆ ရက်တွင် ထုတ်ပြန်လာသည်။
ယင်း CDM တပ်သားများသည် ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်၌ ခိုလှုံလာခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ MA1 ၅ လက်၊ ကျည်ကပ် ၁၆ ကပ်၊ ကျည် ၄၅၅ တောင့်၊ လက်ပစ်ဗုံး ၄ လုံး၊ 14 မိုင်း ၄ လုံး၊ အိုင်ကွန်တစ်ခု၊ ကျည်ကာ ၄ ခုနှင့် ဖုန်း ၇ လုံး ပါရှိလာကြောင်း သိရသည်။
၎င်းတို့အား ကနဦးထောက်ပံ့ငွေ ကျပ် ၆၅ သိန်းပေးအပ်ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားကာ မိသားစုနှင့် အဆက်အသွယ်ရရှိစေရန် ကူညီပေးထားကြောင်း သိရသည်။
CDM တပ်သးများ၏ ပြောကြားချက်အရ WY မူးစ်ဆေးဝါးကို တပ်အတွင်း စိတ်တိုင်းကျလွတ်လပ်စွာ ရောင်းဝယ်သုံးစွဲနိုင်သလို ညှင်းပန်းနှိပ်စက်မှုများလည်း မကြခဏခံရကြောင်း သိရသည်။
ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် DMO LOCAL PDFသည် NUG လက်အောက်ခံ တော်လှန်ရေးတပ်ဖြစ်ပြီး လာမည့် မေလ ၆ ရက်နေ့တွင် တပ်ဖွဲ့သက်တမ်း ၄ နှစ် ပြည့်မည်ဖြစ်ကြောင်း သိရသည်။
မဟာ
#MeKongNews
#ဒီးမော့ဆို
#စစ်မှုထမ်းဥပဒေ
#အလင်းဝင်
#DMOLOCALPDF








