နေ့စဥ်သတင်း

တောင်ကြီးတွင် ဘိလပ်မြေအတုရောင်းသူကို ဖမ်းဆီး၊ ငွေဖြင့်အာမခံရရန်ကြိုးပမ်းနေ

မဲခေါင် 25 Apr - 2025
မဲခေါင်၊ ဧပြီ ၂၅ ဘိလပ်မြေကို ကျောက်မှုန့်များဖြင့် ရောစပ်ကာ ရောင်းချနေသူကို တောင်ကြီးမြို့နယ်၊ အေးသာယာတွင် ဧပြီလ ၂၃ရက်က ဖမ်းဆီးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၂၃ ရက်နေ့က သုံးစွဲသူတိုင်ကြားမှုအရ အေးသာယာမြို့၊ ရပ်ကွက် (၅)ရှိ ပြည့်စုံအောင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၏ ဘိလပ်မြေဂိုထောင်ကို ရဲများနှင့်တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ ဘိလပ်မြေကို ကျောက်မှုန့်များရောစပ်နေသည်ကို တွေ့ရှိခဲ့ရသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း အေးသာယာဒေသခံတစ်ဦးက ပြောသည်။ “တိုင်ခံရလို့သွားဖမ်းကြတာ၊ သူ့ဘိလပ်မြေအိတ်မှာ ဘိလပ်မြေကတစ်ကော်ပဲပါတာတဲ့၊ လူတွေကအဆောက်အအုံပြိုလို့ သေနေပါတယ်ဆို” ဟု ၎င်းကပြောပြသည်။ စစ်ဆေးရာတွင် CANDA တံဆိပ်ဘိလပ်မြေ ၆ဘီးကားတစ်စီး၊ ကျောက်မှုန့်ရောစပ်ပြီးသားဖြစ်သည့် Shan Yoma၊ APACHE ၊ ကြံံနှစ်ကောင်

မဲခေါင်၊ ဧပြီ ၂၅

ဘိလပ်မြေကို ကျောက်မှုန့်များဖြင့် ရောစပ်ကာ ရောင်းချနေသူကို တောင်ကြီးမြို့နယ်၊ အေးသာယာတွင် ဧပြီလ ၂၃ရက်က ဖမ်းဆီးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီလ ၂၃ ရက်နေ့က သုံးစွဲသူတိုင်ကြားမှုအရ အေးသာယာမြို့၊ ရပ်ကွက် (၅)ရှိ ပြည့်စုံအောင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၏ ဘိလပ်မြေဂိုထောင်ကို ရဲများနှင့်တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ ဘိလပ်မြေကို ကျောက်မှုန့်များရောစပ်နေသည်ကို တွေ့ရှိခဲ့ရသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း အေးသာယာဒေသခံတစ်ဦးက ပြောသည်။

“တိုင်ခံရလို့သွားဖမ်းကြတာ၊ သူ့ဘိလပ်မြေအိတ်မှာ ဘိလပ်မြေကတစ်ကော်ပဲပါတာတဲ့၊ လူတွေကအဆောက်အအုံပြိုလို့ သေနေပါတယ်ဆို” ဟု ၎င်းကပြောပြသည်။

စစ်ဆေးရာတွင် CANDA တံဆိပ်ဘိလပ်မြေ ၆ဘီးကားတစ်စီး၊ ကျောက်မှုန့်ရောစပ်ပြီးသားဖြစ်သည့် Shan Yoma၊ APACHE ၊ ကြံံနှစ်ကောင် တံဆိပ်များပါသည့် ဘိလပ်မြေအိတ်ပေါင်း ၄၇၉ အိတ်၊ ကျောက်မှုန့်အိတ် ၅၃၅ အိတ်၊ တံဆိပ်မျိုးစုံပါ ဘိလပ်မြေအိတ်ခွံ ၃သောင်းကျော်နှင့် ဘိလပ်မြေရောစပ်ရာတွင် အသုံးပြုသည့်ကိရိယာများကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

အေးသာယာနယ်မြေ ရဲစခန်းက ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးစိုးတင့်အောင် (ခ) မောင်စိုး နှင့် အလုပ်သမား ၇ ဦးကို လိမ်လည်မှု၊ ကုန်ပစ္စည်းအတုထုတ်လုပ်မှု၊ လိမ်လည်ရန်အားပေးကူညီမှု ပုဒ်မများဖြစ်သော ရာဇသတ်ကြီးပုဒ်မ ၄၂၀၊ ၄၆၈၊ ၄၈၆၊ ၁၁၄ တို့ဖြင့် တရားစွဲဆိုထားပြီး ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးစိုးတင့်အောင် (ခ) မောင်စိုး က ငွေပေးကာ အာမခံဖြင့်လွတ်မြောက်ရန် တရားရုံးတာဝန်ရှိသူများနှင့် ညှိနှိုင်းနေကြောင်း သိရသည်။

“တရားရုံးမှာ အာမခံယူဖို့လုပ်နေတယ်။ အခုတရားရုံးက အရမ်းဆိုးနေပြီ။ ပိုက်ဆံပေးရင် နိုင်ငံရေးအမှုကလွဲရင် အကုန်ရတယ်” လို့ တရားရုံးနှင့် နီးစပ်သူတစ်ဦးက မဲခေါင်ကိုပြောပြသည်။

တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းပေါ်တွင်လည်း ပြည့်စုံအောင် အိမ်ဆောက်ပစ္စည်းဆိုင် ဖွင့်ထားပြီး အခြား ဆိုင်ခွဲ ၃ ဆိုင်ခန့်ရှိသေးကြောင်းသိရသည်။

မတ်လကုန်ခန့်ကဖြစ်ပွားခဲ့သည့် စစ်ကိုင်းငလျင်အပြီး ဝယ်လိုအားတက်လာသော အိမ်ဆောက်ပစ္စည်းများထဲမှ ဘိလပ်မြေအိတ်များအား အမြတ်၁၀ ရာခိုင်နှုန်းအထက် ရောင်းချနေသည့် ရှမ်းတောင် မြို့နယ် ၃ ခုအတွင်းရှိ အိမ်ဆောက်ပစ္စည်းဆိုင် ၃ရာကျော်ကိုစစ်ဆေးခဲ့ရာ ၃၂ ဆိုင် တွေ့ရှိခဲ့ကြောင်းသိရသည်။

နန်းမွန်း
#MeKongNews
#တောင်ကြီး
#ဘိလပ်မြေ
#တရားရုံး
#အာမခံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now