မဲခေါင်၊ ဧပြီ ၁၈
အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်နှင့် မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ပြည်ထောင်စုဝန်ကြီး မန်းဝင်းခိုင်သန်းတို့ ဧပြီ ၁၈ ရက် နံနက်ပိုင်း၌ Teleconference မှ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါက ရှေ့တစ်ရက်က ဘန်ကောက်တွင် အတိုင်ပင်ခံအဖြစ် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ဦးဆောင်သော အာဆီယံအလွတ်သဘောအကြံပေးအဖွဲ့ အစည်းအဝေးကျင်းပခဲ့ကြောင်း၊ ဒေသတွင်းအရေးများ ဆွေးနွေးခဲ့ရာတွင် မြန်မာနိုင်ငံ အဆုံးသတ်ငြိမ်းချမ်းရေး ရရှိရေးအကြောင်းနှင့် ငလျင်ဒဏ်သင့်ပြည်သူများထံ ထိရောက်သော လူသားချင်းဆိုင်ရာ စာနာမှု အထောက်အပံ့များရောက်ရှိရေး ဆွေးနွေးခဲ့ကြကြောင်း အန်ဝါအီဘရာဟင်မ်က ထုတ်ပြန်သည်။
ယနေ့နံနက်ပိုင်းတွင် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ၄၁ မိနစ်ကြာတွေ့ဆုံရာ မြန်မာပြည်သူများအတွက် အားချင်း အကူအညီ အထောက်အပံ့များပေးရေး ဦးစားပေးဆွေးနွေးခဲ့ကြောင်း၊ မြန်မာ့အရေးငြိမ်းချမ်းမှုရရှိရေးအတွက်လည်း အမြင်များဖလှယ်ခဲ့ကြပြီး မန်းဝင်းခိုင်သန်းမှ အချိန်ရလျှင် သို့မဟုတ် သင့်တော်သည့်တစ်နေ့ မလေးရှား သို့ လူကိုယ်တိုင်လာတွေ့ဆုံမည်ဟု ပြောကြောင်း၊ မိမိအနေဖြင့် စကစ ခေါင်းဆောင် မင်းအောင်လှိုင်နှင့်လည်း လူချင်းတွေ့စကားပြောဆိုခဲ့သလို မန်းဝင်းခိုင်သန်းနှင့်လည်း တွေ့ဆုံလိုကြောင်း၊ နှစ်ဘက်စလုံးနှင့် တွေ့ဆုံခြင်းအပေါ် မင်းအောင်လှိုင်ဘက်မှရော မန်းဝင်းခိုင်သန်းဘက်မှပါ ကန့်ကွက်ခြင်းမရှိကြောင်း ဖော်ပြထားသည်။
ဆက်လက်ပြီး ယုံကြည်မှုတည်ဆောက်ရေးမှာ မရှိမဖြစ် လိုအပ်ပြီး အာဆီယံသည် မြန်မာ့အရေးငြိမ်းချမ်းစေရန် ဦးဆောင်ကဏ္ဍမှ မရှိမဖြစ် ပါဝင်လမ်းညွှန်မည့်အဖွဲ့ အဖြစ် ရပ်တည်ကာ ရင်ကြားစေ့နိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု ဖော်ပြခဲ့သည်။
ကိုကလင်း
Ref: Anwar Ibrahim’ FB Page
#MeKongNews
#အာဆီယံ
#မလေးရှားဝန်ကြီးချုပ်
#မန်းဝင်းခိုင်သန်း
#NUG








