နေ့စဥ်သတင်း

ကျိုင်းတုံထောင်မှ လွတ်မြောက်သူများထဲတွင် တာချီလိတ်နိုင်/ကျဉ်း ၂ ဦး ပါဝင်

မဲခေါင် 17 Apr - 2025
မဲခေါင်၊ ဧပြီ ၁၇ နှစ်ဆန်းတစ်ရက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူများထဲတွင် တာချီလိတ်မြို့မှ ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးထောင်ချခံထားရသူ နိုင်ငံရေးအကျဉ်းသား ၂ဦး ပါဝင်ကြောင်း ကျိုင်းတုံအကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။ ပြန်လည်လွတ်မြောက်လာသူ ၂ဦးမှာ ကိုဝင်းကျော်မိုးနှင့် ကိုတင်မွှေးတို့ဖြစ်ပြီး ၎င်းတို့ကို ၂၀၂၃ ခုနှစ်အတွင်းက ဖေ့စ်ဘွတ်အကောင့်မှ တဆင့် ခြေရာခံဖမ်းဆီးသွားခြင်းဖြစ်သည်။ တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်နေ ကိုဝင်းကျော်မိုးသည် ၎င်းအသုံးပြု သည့် “Win Kyaw Moe” Facebook အကောင့်တို့ဖြင့် အသိပေးသတင်းထုတ်ပြန်ချက်အပေါ်မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည်ဟုဆိုကာ ၂၀၂၃ခုနှစ် ဇွန်လ ၁၉ရက်၌ ဖမ်းဆီးသွားခြင်းဖြစ်ပြီး၊ တာချီလိတ်မြို့နယ်၊ ပါဆပ်ရပ်ကွက်နေ ကိုတင်မွှေးကိုမူ ၂၀၂၃ ခုနှစ်

မဲခေါင်၊ ဧပြီ ၁၇

နှစ်ဆန်းတစ်ရက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူများထဲတွင် တာချီလိတ်မြို့မှ ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးထောင်ချခံထားရသူ နိုင်ငံရေးအကျဉ်းသား ၂ဦး ပါဝင်ကြောင်း ကျိုင်းတုံအကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

ပြန်လည်လွတ်မြောက်လာသူ ၂ဦးမှာ ကိုဝင်းကျော်မိုးနှင့် ကိုတင်မွှေးတို့ဖြစ်ပြီး ၎င်းတို့ကို ၂၀၂၃ ခုနှစ်အတွင်းက ဖေ့စ်ဘွတ်အကောင့်မှ တဆင့် ခြေရာခံဖမ်းဆီးသွားခြင်းဖြစ်သည်။

တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်နေ ကိုဝင်းကျော်မိုးသည် ၎င်းအသုံးပြု သည့် “Win Kyaw Moe” Facebook အကောင့်တို့ဖြင့် အသိပေးသတင်းထုတ်ပြန်ချက်အပေါ်မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည်ဟုဆိုကာ ၂၀၂၃ခုနှစ် ဇွန်လ ၁၉ရက်၌ ဖမ်းဆီးသွားခြင်းဖြစ်ပြီး၊ တာချီလိတ်မြို့နယ်၊ ပါဆပ်ရပ်ကွက်နေ ကိုတင်မွှေးကိုမူ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ရက်၌ “Tin Mwae” Facebook အကောင့်ဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယနေ့ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် ကျိုင်းတုံအကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ အကျဉ်းသား ၇၀ကျော်ရှိပြီး နိုင်ငံရေးအကျဉ်းသားမှာ ကိုဝင်းကျော်မိုးနှင့် ကိုတင်မွှေးတို့ ၂ဦးသာ ပါဝင်ကြောင်း ကနဦးသိရသည်။ လွတ်မြောက်သူအတိအကျနှင့် နိုင်ငံရေးအကျဉ်းသား ပါဝင်မှုအခြေအနေ အတိအကျကိုမူ မဲခေါင်က စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီက ယနေ့တွင် အကျဉ်းသား ၄၈၉၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း ကြေညာထားသော်လည်း နိုင်ငံရေးမှုအားလုံးနီးပါးမပါဝင်ကြောင်း ကြေညာထားသည့်အတွက် ပုဒ်မ ၅၀၅ နှင့် ကျခံရသူများသာ ပြန်လည်လွတ်မြောက်ဖွယ်ရှိကြောင်း၊ ယုံကြည်ချက်မတူသူများကို အဓိက တရားစွဲဆိုထားသည့် အကြမ်းဖက်ဥပဒေကဲ့သို့ ပုဒ်မများ မပါသည့်အတွက် နိုင်ငံရေးအကျဉ်းသား အများစု ပါလာဖွယ်မရှိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက သုံးသပ်သည်။

#MeKongNews
#နှစ်ဆန်းတစ်ရက်နေ့
#လွတ်ငြိမ်းချမ်းသာခွင့်
#လွတ်ငြိမ်း
#နိုင်ကျဉ်း
#ကျိုင်းတုံထောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now