မဲခေါင်၊ ဧပြီ ၁၂
တာချီလိတ်မြို့နယ်၊ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်တွင် ရပ်ထားသည့်ဆိုင်ကယ်ကို ဧပြီလ ၁၂ ရက် နံနက်ပိုင်းက ဝင်ရောက်ခိုးယူသွားကြောင်းသိရသည်။
ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် နေအိမ်အတွင်းရပ်ထားသည့် ၂၀၂၃ ခုနှစ်ထုတ် Honda Wave 125i အမျိုးအစား အပြာရောင်ဆိုင်ကယ်ကို ဝင်ရောက်ခိုးယူသွားခြင်းဖြစ်ကြောင်းသိရသည်။
တာချီလိတ်မြို့နယ်အတွင်း ခိုးမှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုများ မကြာခဏဆိုသလိုဖြစ်ပွားနေပြီး မြင်သာထင်သာရှိသည့် နေ့ခင်းအချိန်၌ပင် ဖြစ်ပွားနေသည့်အတွက် မြို့နေပြည်သူများ မလုံခြုံမှု ခံစားနေရသည်။
#MeKongNews
#တာချီလိတ်
#ဆိုင်ကယ်ခိုးမှု
#ဝမ်ကောင်းရပ်ကွက်








