နေ့စဥ်သတင်း

မိုင်းပန်တွင် တရုတ်များ တရားမဝင် သစ်ထုတ်နေ

မဲခေါင် 6 Apr - 2025
မဲခေါင်၊ ဧပြီ ၆ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်အတွင်း တရုတ်လူမျိုး ရာချီရောက်နေပြီး တရုတ်ထုတ်ကားများနှင့် သစ်များကို တစ်ရက်လျင် ၁၀ စီးမှ ၃၀ စီး ထုတ်ယူသယ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။ မိုင်းပန်မြို့နယ်အတွင်းပါဝင်သည့် သံလွင်မြစ်အနောက်ဘက်ကမ်းမှ ကျွန်း၊ ပိတောက်၊ သစ်မာ စသည့် သစ်မျိုးစုံကို ချိန်းဆော၊ ပတ်လွှ၊ လွှဝိုင်းအများအပြားဖြင့် အချောထည်အထိထုတ်ကာ သယ်ယူနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သူတို့က ညမှ သယ်တာ၊ မြို့ထဲဖြတ်သယ်တာ၊ ညတိုင်း ဆူညံနေတာပဲ။ လမ်းတွေလည်း ချိုင့်တွေ ဖြစ်ကုန်ပြီ။ တရုတ်တွေက စကားပြန်တွေနဲ့ မြို့ထဲလာတာ၊ တစ်ညမထုတ်ဘူးဆိုရင် အနည်းဆုံး ၁၀ စီးပဲ၊ တရုတ်ထုတ်ကားတွေများတယ်” ဟု ၎င်းက

မဲခေါင်၊ ဧပြီ ၆

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်အတွင်း တရုတ်လူမျိုး ရာချီရောက်နေပြီး တရုတ်ထုတ်ကားများနှင့် သစ်များကို တစ်ရက်လျင် ၁၀ စီးမှ ၃၀ စီး ထုတ်ယူသယ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။

မိုင်းပန်မြို့နယ်အတွင်းပါဝင်သည့် သံလွင်မြစ်အနောက်ဘက်ကမ်းမှ ကျွန်း၊ ပိတောက်၊ သစ်မာ စသည့် သစ်မျိုးစုံကို ချိန်းဆော၊ ပတ်လွှ၊ လွှဝိုင်းအများအပြားဖြင့် အချောထည်အထိထုတ်ကာ သယ်ယူနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သူတို့က ညမှ သယ်တာ၊ မြို့ထဲဖြတ်သယ်တာ၊ ညတိုင်း ဆူညံနေတာပဲ။ လမ်းတွေလည်း ချိုင့်တွေ ဖြစ်ကုန်ပြီ။ တရုတ်တွေက စကားပြန်တွေနဲ့ မြို့ထဲလာတာ၊ တစ်ညမထုတ်ဘူးဆိုရင် အနည်းဆုံး ၁၀ စီးပဲ၊ တရုတ်ထုတ်ကားတွေများတယ်” ဟု ၎င်းက မဲခေါင်ကို ပြောသည်။

သစ်ထုတ်လုပ်မှုမှာ မတ်လအတွင်း စတင်များပြားလာခြင်းဖြစ်ပြီး တရုတ်လူမျိုးအများအပြား ရောက်ရှိလာပြီးနောက် အရှိန်အဟုန်ဖြင့် ထုတ်နေခြင်းဖြစ်ကြောင်း၊ မိုင်းပန်မြို့ပတ်ပတ်လည် အထူးသဖြင့် မြို့အရှေ့ဘက် သံလွင်မြစ်အနောက်ဘက်ကမ်းခြေတစ်လျှောက်နှင့် နောင်ဟီး၊ နားမွန်နှင့် နောင်လွန်းအုပ်စုများမှ ထုတ်ယူနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သစ်ကို အလုံးလိုက် အကြမ်းထည်ထုတ်ယူခြင်း မဟုတ်ဘဲ သစ်ဖြတ်လက်ကိုင်ချိန်းဆောများ၊ သစ်ရွေသည့် ပတ်လွှအကြီး ၁၀ ခုကျော်နှင့် ၂ ပေ ၃ ပေ လွှဝိုင်းသစ်ခွဲရုံ ၃၀ ကျော်ဖြင့် တရစပ် နေ့ညထုတ်နေခြင်း ဖြစ်ကြောင်း ဖြစ်စဉ်ကို သိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

“လူသုံး အချောထည်တွေ၊ ၃ ပေ ၄ ပေ ပါကေးတွေ စည်းပြီး တင်တာ။ အရင်က ၅ ပေ ရှိမှ ခုတ်တာ၊ ခုတော့ ဘာမှမချန်ဘူး” ဟု ၎င်းက ပြောသည်။

တောတွင်းမှ ၃ ကရောင်းခေါ် ကားကြီးများဖြင့် သယ်ဆောင်လာပြီး မိုင်းပန်မြို့အဝင်နားတွင် ၁၂ ဘီးကားများအပေါ် ပြောင်းရွှေ့သယ်ယူခြင်းဖြစ်ကြောင်း ကားတစ်စီးလျှင် တန် ၃၀ ဝန်းကျင်အထိ တင်ဆောင်ကြောင်း သိရသည်။

အိမ်သုံးသစ်တင်ကားအချို့မှာ ကျိုင်းတောင်းဘက်သို့ သယ်ဆောင်ပြီး ပါကေးတင်ကားအများစုမှာ မိုင်းပန်မြို့အနောက်ဘက် မိုင် ၃၀ ကွာဝေးသည့် လင်းခေးမြို့ဘက်သို့ သယ်ဆောင်နေကြသည်ဟု ဆိုသည်။

မိုင်းပန်မြို့နယ်မှာ RCSS ၏ အဓိက ၈၀၁ စစ်နယ်မြေဖြစ်ပြီး စစ်ကောင်စီ၏ ခိုလန်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) နယ်မြေအတွင်းပါဝင်ကာ မြို့ပေါ်၌ စကခ ၁၇ အခြေပြုထားသည့် မြို့ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အလွန်အကျွံ သစ်ခိုးထုတ်မှုများ၊ အထိန်းအကွပ်မဲ့ သယံဇာတ တူးမှုများကြောင့် နိုင်ငံတစ်ဝန်း သစ်တောပြုန်းတီးမှုမှာ မခန့်မှန်းနိုင်အောင်များပြားနေပြီး ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် သစ်တောဧရိယာ ဟက်တာ ၃၀၇၀၀၀ (ဧက ၇၅၈၀၀၀ ကျော်) ပြုန်းတီးခဲ့ပြီး ယင်းထဲတွင် ရှမ်းပြည်မှ အများဆုံးဖြစ်ကြောင်း သိရသည်။​

#MeKongNews
#မိုင်းပန်
#တရားမဝင်သစ်
#တရုတ်
#ကျွန်း
#ပိတောက်
#ရှမ်းပြည်
ပုံအညွှန်း – ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌သစ်တောပြုန်းတီးမှုအများဆုံးမှာ ရှမ်းပြည်ဖြစ်သည် (Global Forest Watch)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now