မဲခေါင်၊ ဧပြီ ၁
ငလျင်ဒဏ်ခံရသည့် ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းနှင့် အင်းလေးဒေသများကို ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းသည် ယမန်နေ့ (မတ် ၃၁) ရက် က သွားရောက်ကြည့်ရှုခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
စစ်ကောင်စီသတင်းထုတ်ပြန်သည့် မှတ်တမ်းတွင် ဒုစစ်ခေါင်းဆောင်စိုးဝင်းသည် နေကာမျက်မှန်တပ်ပြီး အောင်ပန်းဟိုတယ် ကယ်ဆယ်မှုနှင့် အင်းလေးဒေသ ပြိုကျအဆောက်အဦများကို သွားရောက်ကြည့်ရှုသည်ဟု ဖော်ပြသည်။
စိုးဝင်းသည် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဒုတိယ ဥက္ကဌလည်း ဖြစ်သည်။ ပြင်းထန်ငလျင်လှုပ်ခတ်ပြီးနောက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ဒုချုပ်စိုးဝင်းအပါ ဝန်ကြီးတချို့ အရေးပေါ် အစည်းအဝေးလုပ်ခဲ့ကြသည်။
အစည်းအဝေးလုပ်ပြီးနောက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နေပြည်တော်နှင့် မန္တလေးမြို့များသို့ သွားရောက်ခဲ့ပြီး သူ၏တပည့် စိုးဝင်းသည် ရှမ်ပြည်တောင်းပိုင်း အောင်ပန်းနှင့် အင်းလေးဒေသသို့ သွားကြည့်ခဲ့ခြင်းဖြစ်သည်။
ဒုချုပ်စိုးဝင်းသွားကြည့်ခဲ့သည့် အောင်ပန်းဟိုတယ်ပြိုကျမှုတွင် ရှင်လောင်းလှည့်သည့် ဓာတ်ပုံမှာ ယနေ့တွင် ရေးပန်းစားလျက်ရှိသည်။
#MeKongNews
#ရှမ်းတောင်
#အင်းလေး
#စိုးဝင်း








