မဲခေါင်၊ ဧပြီ ၁
တိုင်းပြည် ငလျင်ဒဏ်သင့်နေချိန် လူသားချင်း စာနာထောက်ထားသောအားဖြင့် TNLA ထိန်းချုပ်ထားသည့် ခရိုင် ၅ ခုအတွင်း သင်္ကြန်ပွဲတော် မကျင်းပရန် PSLF/TNLA ဗဟိုအုပ်ချုပ်ရေးဌာနမှ စာထုတ်ပြန် ညွှန်ကြားလိုက်သည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/TNLA ထိန်းချုပ်သည့် ကျောက်မဲခရိုင်၊ မိုးကုတ်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ဆန်ခရိုင်နှင့် နမ့်ခမ်းခရိုင်တို့တွင် သင်္ကြန်ပွဲတော် မပြုလုပ်ရန် ဗဟိုအုပ်ချုပ်ရေးဌာနမှ ယနေ့ ဧပြီ ၁ ရက်တွင် ညွှန်ကြားလိုက်သည်ဟု TNLA သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် သင်္ကြန်ပွဲတော်ကို ကျင်းပရန်စီစဥ်ထားသော်လည်း မတ်လ ၂၈ ရက်က ပြင်းအား ၇.၇ အဆင့်ရှိသည့် ငလျင်လှုပ်ခတ်သွားခဲ့သောကြောင့် လူထောင်ချီ သေဆုံးခဲ့ပြီး လက်ရှိအချိန်ထိ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေရဆဲဖြစ်သောကြောင့် လူသားချင်း စာနာထောက်ထားသောအားဖြင့် သင်္ကြန်ပွဲတော် ကျင်းပခြင်းကို ဖျက်သိမ်းခဲ့သည်ဟု ပါရှိသည်။
တိုင်းရင်းသား လက်နက်ကိုင်တပ်များဖြစ်သည့် NDAA မိုင်းလား၊ MNDAA ကိုးကန့်တပ်ဖွဲများကလည်း လူသားချင်း စာနာထောက်ထားသောအားဖြင့် သင်္ကြန်ပွဲတော် ကျင်းပခြင်းကို ဖျက်သိမ်းခဲ့ကြကြောင်း ကြေညာထားကြသည်။
#MeKongNews
#သင်္ကြန်
#TNLA
#ထိန်းချုပ်နယ်မြေ
#စစ်ကိုင်းငလျင်
#ဖျက်သိမ်း








