နေ့စဥ်သတင်း

ရှမ်းတောင်တွင် ငလျင်ဒဏ်သင့် အဆောက်အအုံများရှေ့မှဖြတ်ပြီး ရှင်းလောင်းလှည့်မှု ဝေဖန်ခံရ၊ တောင်ကြီးရှင်ပြုတွင် ပျူစောထီးများက လုံခြုံရေးယူပေး

မဲခေါင် 1 Apr - 2025
မဲခေါင်၊ ဧပြီ ၁ ရှမ်းပြည်တောင်ပိုင်း အောင်ပန်းနှင့် တောင်ကြီးမြို့တို့ ငလျင်ဒဏ်သင့် အဆောက်အအုံများရှေ့မှ ရှင်လောင်းလှည့်ခြင်း၊ စီတန်းအလှူပြုလုပ်ခြင်းများအပေါ် လူအများက ဝေဖန်ကြသည်။ ယနေ့ ဧပြီ ၁ နံနက်ပိုင်းက အောင်ပန်းမြို့ရှိ ငလျင်ကြောင့်ပြိုကျထားသော ဟိုတယ်အောင်ပန်းအား ကယ်ဆယ်ရေးပြုလုပ်နေဆဲရှေ့မှ ရှင်ပြုအလှူပြုလုပ် လှည့်လည်ခဲ့ကြပြီး ယခုကဲ့သို့ လူအများသေကြပူဆွေးနေရချိန်တွင် ယင်းသို့ပြုလုပ်ခြင်းအပေါ်ဝေဖန်ကြခြင်းဖြစ်သည်။ ကိုယ်တိုင်ကြုံတွေခဲ့သည့် အောင်ပန်းဒေသခံ အမျိုးသမီးတစ်ဦးက “အထဲမှာ မိန်းကလေး ၃ ယောက်ကျန်နေသေးတယ်။ ညက အော်နေတယ်တဲ့၊ အဆောက်အဦးရှေ့မှာ မိဘတွေထိုင်စောင့်နေတာ အားနာသင့်ပါတယ်။ တခြားလမ်းက ပါတ်မသွားဘူး” ဟု မှတ်ချက်ပေးထားသည်ကို တွေ့ရသည်။ ထို့အတူ မတ်လ ၃၀ရက်နေ့ကလည်း တောင်ကြီးမြို့မိန်းလမ်းတလျှောက် ရှင်ပြုအလှူရှင်များ လှည့်လည်ခဲ့ကြပြီး ပျူစောထီးများက လုံခြုံရေးယူပေးခဲ့ကြောင်း၊

မဲခေါင်၊ ဧပြီ ၁

ရှမ်းပြည်တောင်ပိုင်း အောင်ပန်းနှင့် တောင်ကြီးမြို့တို့ ငလျင်ဒဏ်သင့် အဆောက်အအုံများရှေ့မှ ရှင်လောင်းလှည့်ခြင်း၊ စီတန်းအလှူပြုလုပ်ခြင်းများအပေါ် လူအများက ဝေဖန်ကြသည်။

ယနေ့ ဧပြီ ၁ နံနက်ပိုင်းက အောင်ပန်းမြို့ရှိ ငလျင်ကြောင့်ပြိုကျထားသော ဟိုတယ်အောင်ပန်းအား ကယ်ဆယ်ရေးပြုလုပ်နေဆဲရှေ့မှ ရှင်ပြုအလှူပြုလုပ် လှည့်လည်ခဲ့ကြပြီး ယခုကဲ့သို့ လူအများသေကြပူဆွေးနေရချိန်တွင် ယင်းသို့ပြုလုပ်ခြင်းအပေါ်ဝေဖန်ကြခြင်းဖြစ်သည်။

ကိုယ်တိုင်ကြုံတွေခဲ့သည့် အောင်ပန်းဒေသခံ အမျိုးသမီးတစ်ဦးက “အထဲမှာ မိန်းကလေး ၃ ယောက်ကျန်နေသေးတယ်။ ညက အော်နေတယ်တဲ့၊ အဆောက်အဦးရှေ့မှာ မိဘတွေထိုင်စောင့်နေတာ အားနာသင့်ပါတယ်။ တခြားလမ်းက ပါတ်မသွားဘူး” ဟု မှတ်ချက်ပေးထားသည်ကို တွေ့ရသည်။

ထို့အတူ မတ်လ ၃၀ရက်နေ့ကလည်း တောင်ကြီးမြို့မိန်းလမ်းတလျှောက် ရှင်ပြုအလှူရှင်များ လှည့်လည်ခဲ့ကြပြီး ပျူစောထီးများက လုံခြုံရေးယူပေးခဲ့ကြောင်း၊ မိန်းလမ်းတလျှောက် မြို့ပတ်လှည့်လည်ခဲ့ရာ ငလျင်ကြောင့် အဆောက်အအုံ ပျက်စီးမှုရှိ၍ ယာယီပိတ်ထားရသော City Square Shopping Centre ရှေ့ထိ လှည့်လည်ခဲ့သောကြောင့် မြင်တွေ့ခဲ့သော ပြည်သူများက ဝေဖန်ခဲ့ကြသည်။

“ရှင်လောင်းလှည့်တာ ဘယ်ရပ်ကွက်ကလဲ မသိဘူး ပျုစောထီးတွေက လုံခြုံရေးယူပေးထားတယ်။ ဆင်တွေ၊ မြင်းတွေနဲ့လှည့်တာ၊ ပျူတွေက ပြောက်ကျားဝတ်စုံကို လက်မောင်းဘက်တံဆိပ်က မြန်မာနိုင်ငံမြေပုံပေါ်မှာ အလံအရောင် ၃ ခု ခြယ်ထားပြီး တောင်ကြီး -၂ လို့ တပ်ထားတယ်” ဟု ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် တောင်ကြီးမြို့ဒေသခံအမျိုးသမီးက ပြောသည်။

မတ်လ ၂၈ ရက်နေ့က ငလျင်လှုပ်ခတ်ခဲ့သည့် နေ့ကလည်း ထီးတော်ကျိုးကျ ပျက်စီးခဲ့ရသည့် ဟိုပုံးမြို့၊ ဟိုပုံးမွေတော်ဘုရားရှေ့ဝန်းအတွင်း အလှူပြုလုပ်ခဲ့ရာ ည၁၀နာရီကျော်အထိ အသံချဲ့စက်များဖြင့် သီချင်းဖွင့်ကာကခုန်ခဲ့ကြသဖြင့် အနီးနားရှိဒေသခံများ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရကြောင်း သိရသည်။

အင်အား ၇.၇ ရစ်ချ်တာစကေးရှိ စစ်ကိုင်းပြတ်ရွေ့ကြောငလျင်ကြောင့် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့အပါအဝင် ရှမ်းတောင်၊ အောင်ပန်း၊ တောင်ကြီး နှင့် ညောင်ရွှေ၊ အင်းလေးဒေသတို့မှာ ပျက်စီးဆုံးရှုံးမှုများခဲ့ကြသည်။

ထိုဒေသများ အထူးသဖြင့် လူသေဆုံးမှု ၁၀၀ နီးပါးရှိပြီး အိမ်ခြေထောင်ဂဏန်းခန့်ပျက်စီးခဲ့သည့် အင်းလေးဒေသအား နိုင်ငံအဝှမ်းမှပြည်သူများက လူသားချင်းစာနာထောက်ထားစွာဖြင့် လာရောက်ကူညီရန်ကြိုးစားနေကြစဉ် ဒေသခံပြည်သူတချို့က ယခုလို ပျော်ရွှင်စွာ လှည့်လည်ပြခြင်းအပေါ် ဝေဖန်မှုများရှိနေခြင်းဖြစ်သည်။

ပုံ ၁ – ယနေ့မနက် အောင်ပန်းရှင်ပြုပွဲ
ပုံ ၂ – မတ်လ ၃၀ ရက်က တောင်ကြီးမြို့ City Squareအဆောက်အအုံရှေ့ ရှင်လောင်းလှည့်စဉ် လုံခြုံရေးယူပေးနေသော ပျူစောထီးအား ဝတ်စုံပြည့်၊ ဘတ်တံဆိပ်အပြည့်ဖြင့် တွေ့ရစဉ်

နန်းမွန်း

#MeKongNews
#တောင်ကြီး
#အောင်ပန်း
#ညောင်ရွှေ
#အင်းလေး
#ငလျင်
#ပျူစောထီး
Photo – Credit to Owner

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now