နေ့စဥ်သတင်း

အောင်ပန်းမြို့ဆန္ဒပြပွဲများအတွင်း ကျဆုံးခဲ့သည့်လူငယ်များသို့ အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်

မဲခေါင် 20 Mar - 2025
မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက်က ဆန္ဒပြလူငယ်များ အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း လေးနှစ်တင်းပြည့် အထိမ်းအမှတ်အဖြစ် အောက်မေ့ဖွယ် အခမ်းအနားတစ်ခုကို လွတ်မြောက်နယ်မြေ တစ်နေရာတွင် မတ်လ ၁၉ ရက်က ကျင်းပခဲ့ကြောင်း Urban Task Force AungBan-UTF အောင်ပန်းမြို့ပြပြောက်ကျားတပ်ဖွဲ့ ထံမှ သိရသည်။ အောက်မေ့ဖွယ် အခမ်းအနားသို့ တပ်ရင်းတပ်ဖွဲ့အသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် အောင်ပန်းသူ၊ အောင်ပန်းသားများ အလွတ်သဘောတက်ရောက်ခဲ့ကြောင်း Aung Ban-UTF က ထုတ်ပြန်သည်။ အောင်ပန်းမြို့ပြပြောက်ကျားတပ် တပ်ဖွဲ့အနေဖြင့် ရဲဘော်သစ်များခေါ်ယူပြီး အင်အားကောင်းလာအောင် ကြိုးစားနေကြောင်း၊ ထိုစဉ်ကတည်းက တော်လှန်ရေးတွင် ပါဝင်ခဲ့သူများမှာ

မဲခေါင်၊ မတ် ၂၀

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက်က ဆန္ဒပြလူငယ်များ အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း လေးနှစ်တင်းပြည့် အထိမ်းအမှတ်အဖြစ် အောက်မေ့ဖွယ် အခမ်းအနားတစ်ခုကို လွတ်မြောက်နယ်မြေ တစ်နေရာတွင် မတ်လ ၁၉ ရက်က ကျင်းပခဲ့ကြောင်း Urban Task Force AungBan-UTF အောင်ပန်းမြို့ပြပြောက်ကျားတပ်ဖွဲ့ ထံမှ သိရသည်။

အောက်မေ့ဖွယ် အခမ်းအနားသို့ တပ်ရင်းတပ်ဖွဲ့အသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် အောင်ပန်းသူ၊ အောင်ပန်းသားများ အလွတ်သဘောတက်ရောက်ခဲ့ကြောင်း Aung Ban-UTF က ထုတ်ပြန်သည်။

အောင်ပန်းမြို့ပြပြောက်ကျားတပ် တပ်ဖွဲ့အနေဖြင့် ရဲဘော်သစ်များခေါ်ယူပြီး အင်အားကောင်းလာအောင် ကြိုးစားနေကြောင်း၊ ထိုစဉ်ကတည်းက တော်လှန်ရေးတွင် ပါဝင်ခဲ့သူများမှာ တစ်ရက်မျှ မနားခဲ့ကြောင်း UTF ဘဏ္ဍာရေးနှင့် သတင်း/ပြန်ကြားရေး တာဝန်ခံ မစန္ဒီမှ ယနေ့ မတ်လ ၂၀ ရက်တွင် မဲခေါင်ကို ပြောသည်။

“အဲ့ဒီအချိန်ကစလို့ အခုချိန်ထိ တော်လှန်ရေးမှာပါဝင်ခဲ့တာ တစ်ရက်မှ မနားခဲ့ပါဘူး။ ကျဆုံးခဲ့ရတဲ့ ကလေးတွေ ရဲဘော်တွေအတွက် စစ်အာဏာရှင်ကျဆုံးသည်ထိ တော်လှန်တိုက်ထုတ်သွားပါမယ်လို့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။

လွန်ခဲ့သည့် ၄ နှစ်ကာလ မတ်လ ၁၉ ရက်တွင် အောင်ပန်းမြို့၌ ဆန္ဒပြသူများကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက် ဖြိုခွင်းရာ လူငယ် ၁၁ ဦး သေဆုံးခဲ့ရခြင်း ဖြစ်သည်။

လူငယ်အများအပြားသေဆုံးခဲ့ရသည့် အောင်ပန်းမြို့ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းမှုကို စစ်ကောင်စီ၏ တောင်လေးလုံးရဲတပ်ရင်း၊ အမှတ် ၃ ပညာရေးတပ်နှင့် အမတ ၄ တို့မှ အင်အား ၂၀၀ ခန့်က ကျူးလွန်ခဲ့ကြခြင်းဖြစ်သည်။

မဟာ
#MeKongNews
#UTF
#အောင်ပန်းမြို့ပြပျောက်ကြား
#အောက်မေ့ဖွယ်အခမ်းအနား
#အောင်ပန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now