နေ့စဥ်သတင်း

ရန်ကုန်တွင်သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများနှင့် ပတ်သက်မှု မရှိကြောင်း AA တုံ့ပြန်

မဲခေါင် 20 Mar - 2025
မဲခေါင်၊ မတ် ၂၀ မတ်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် ရန်ကုန်မြို့၌ ဖမ်းဆီးရမိသော ငွေကျပ်သိန်းပေါင်း ၉၆ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများသည် အာရက္ခတပ်တော် – AA ၏ စီးပွားရေးတာဝန်ခံ ရဲဝင်း(ခ)ကျော်စိုးလင်းနှင့် ပတ်သက်နေကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်မှာ စွပ်စွဲမှုသာဖြစ်ပြီး ၎င်းတို့နှင့် ပတ်သက်မှု မရှိကြောင်း AA က တုံ့ပြန်လိုက်သည်။ စစ်ကောင်စီဖော်ပြချက်များသည် စွပ်စွဲချက်များနှင့်စွပ်စွဲသတင်းများသာဖြစ်ပြီး အာရက္ခတပ်တော်နှင့် ပတ်သက်ခြင်း လုံးဝ မရှိကြောင်း၊ မူးယစ်ဂိုဏ်းတစ်ခုမှ မူးယစ်ဆေးဝါးဖမ်းမိသောကိစ္စရပ်ထဲတွင် မိမိတို့အဖွဲ့အစည်းအား မဆီမဆိုင် အတင်းယိုးစွပ်သည့် စွပ်စွဲချက်သည် ယုတ္တိလုံးဝမရှိသည့်အပြင် နိုင်ငံရေးသိက္ခာချသော စွပ်စွဲချက်တစ်ခုသာဖြစ်ကြောင်း အာရက္ခတပ်တော်က မနေ့က (မတ်လ ၁၉

မဲခေါင်၊ မတ် ၂၀

မတ်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် ရန်ကုန်မြို့၌ ဖမ်းဆီးရမိသော ငွေကျပ်သိန်းပေါင်း ၉၆ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများသည် အာရက္ခတပ်တော် – AA ၏ စီးပွားရေးတာဝန်ခံ ရဲဝင်း(ခ)ကျော်စိုးလင်းနှင့် ပတ်သက်နေကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်မှာ စွပ်စွဲမှုသာဖြစ်ပြီး ၎င်းတို့နှင့် ပတ်သက်မှု မရှိကြောင်း AA က တုံ့ပြန်လိုက်သည်။

စစ်ကောင်စီဖော်ပြချက်များသည် စွပ်စွဲချက်များနှင့်စွပ်စွဲသတင်းများသာဖြစ်ပြီး အာရက္ခတပ်တော်နှင့် ပတ်သက်ခြင်း လုံးဝ မရှိကြောင်း၊ မူးယစ်ဂိုဏ်းတစ်ခုမှ မူးယစ်ဆေးဝါးဖမ်းမိသောကိစ္စရပ်ထဲတွင် မိမိတို့အဖွဲ့အစည်းအား မဆီမဆိုင် အတင်းယိုးစွပ်သည့် စွပ်စွဲချက်သည် ယုတ္တိလုံးဝမရှိသည့်အပြင် နိုင်ငံရေးသိက္ခာချသော စွပ်စွဲချက်တစ်ခုသာဖြစ်ကြောင်း အာရက္ခတပ်တော်က မနေ့က (မတ်လ ၁၉ ရက်နေ့)တွင် ထုတ်ပြန်သည်။

၎င်းအပြင် စစ်ကောင်စီတပ်သည် မိမိတို့အဖွဲ့အစည်းအား စစ်ရေးအရ ရှုံးနိမ့်နေသည့်ကာလဖြစ်သည့်အပြင် ပြည်တွင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအလယ်၌ အရှက်ရနေသောအချိန်လည်း ဖြစ်နေသောကြောင့် ရှက်ရမ်းရမ်းကာ မိမိတို့အဖွဲ့အစည်းအား အငြိုးအတေးကြီးစွာဖြင့် နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုတစ်ခုလည်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒုစရိုက်မှုများ၊ မူးယစ်ဆေးဝါးကိစ္စများအပြင် အွန်လိုင်းလိမ်လည်လောင်းကစား ကျားဖျန့်ကိစ္စများသည်လည်း စစ်ကောင်စီထိန်းချုပ်ထားနေရာများ (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး)၊ စစ်ကောင်စီမှ ခေတ်အဆက်ဆက် လက်သပ် မွေးထားသော ပြည်သူ့စစ် ကြီးစိုးထိန်းချုပ်ရာ နယ်မြေများနှင့် အကျင့်ပျက် အဂတိလိုက်စား လာဘ်ပေးလာဘ်ယူ စစ်ဗိုလ်ချုပ်ကြီးများ ပိုင်ဆိုင်သောနေရာများတွင်သာ အဓိကတွေ့ရလေ့ရှိသည်ဟု AA က ဆိုသည်။

လောင်းကစား၊ မူးယစ်ဆေးဝါး ကိစ္စရပ်များအားလုံးတွင် ခြစား၊ လာဘ်စား စစ်ကောင်စီ ဗိုလ်ချုပ်ကြီးများ၏ ပါဝင်ပတ်သက်နေမှုများရှိနေပြီး ငြင်းမရသော သက်သေအထောက်အထားများမှ သက်သေခံလျက်ရှိသည်မှာ ကမ္ဘာသိပင်ဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မဲခေါင်မှ စောင့်ကြည့်ထားသော စာရင်းများအရ မြန်မာနိုင်ငံဒေသအသီးသီးသို့ ဝင်ရောက်သည့် မူးယစ်ဆေးဝါးအမျိုးအစားအစုံသည် ရှမ်းပြည်အတွင်းမှအဓိကထွက်ရှိနေပြီး ရောင်းဝယ်ဖောက်ကား သုံးစွဲသူများကိုသာ စစ်ကောင်စီက ဖမ်းဆီးနေကာ ထုတ်လုပ်သူများကိုတော့ စစ်ကောင်စီဘက်မှရော တော်လှန်ရေးတပ်များကပါ ဖမ်းဆီးနိုင်ခြင်း မရှိသေးချေ။

ဂနိုက်
#MeKongNews
#AA
#မူးယစ်ဆေးဝါး
#စစ်ကောင်စီ
#အာရက္ခတပ်တော်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now