မဲခေါင်၊ မေလ ၄
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ လွယ်စတုံအောက်ရွာနှင့် ယန်းခေါင်ရွာသွား လမ်းမကြီးပေါ်ရှိ ကုန်စုံဆိုင်တစ်ဆိုင်ကို ယမန်နေ့ မတ်လ ၃ရက် ညပိုင်းက သေနတ်ကိုင် လူ၃ဦးက ဓားပြတိုက်ပြီး ကားနှင့်ငွေများ လုယူသွားကြောင်း ဒေသခံများထံက သိရသည်။
မေလ ၃ ရက်နေ့ ည အချိန် ၈နာရီခန့်က ဓားပြတိုက်သွားခြင်းဖြစ်ပြီး ကျေးသီးကုန်စုံဆိုင်ကို သေနတ်ကိုင်ထားသည့်လူ၃ဦးက ဝင်ရောက်လာကာ ဆိုင်ရှင်လင်မယားကို ကြိုးတုတ်ရိုက်နှက်ပြီး ဘတ်ငွေ ၇ထောင်နှင့် အိမ်ကားတစ်စီးကို လုယူထွက်ပြေးသွားကြောင်း ဖြစ်စဉ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ရိုက်တယ်၊ အော်ရင်သတ်ပစ်မယ် ပြောတယ်။ လုယက်သူက ၃ဦးပါ။ မျက်နှာဖုံးမထားကြဘူး။ အသားဖြူဖြူနဲ့ အရပ်ပုတာက၂ ဦး၊ မျက်နှာမြင်ရင် မှတ်မိတယ်လို့ ဆိုင်ရှင်က ပြောတယ်” ဟု ၎င်းကပြောသည်။
လွယ်စတုံကျေးရွာမှာ အထက်ရွာနှင့်အောက်ရွာနှစ်ရွာရှိပြီး ယခုဖြစ်စဥ်ဖြစ်သည့်ရွာမှာ အောက်ရွာဖြစ်ကာ ယင်းကုန်စုံဆိုင်တွင် ၎င်းတို့ ဆိုင်ပိုင်ရှင် လင်မယား၂ဦးသာ နေထိုင်ကြကြောင်းသိရသည်။
မဟာ
#MeKongNews
#တာချီလိတ်
#ဓားပြတိုက်
#ကုနန်စုံဆိုင်
#လွယ်စတုံကျေးရွာ








