နေ့စဥ်သတင်း

ကျားဖြန့်အရေး ရမခတိုင်းမှူးနှင့် ဗျူဟာမှူးများကို စစ်ခေါင်းဆောင် ဖမ်းဆီး

မဲခေါင် 1 Mar - 2025
မဲခေါင်၊ မတ် ၁ ရှမ်းပြည်တောင်ပိုင်း၊ တန့်ယန်းအခြေပြု အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူးနှင့် အရာရှိကြီးတချို့ ကျားဖြန့် နှင့်ပတ်သက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖမ်းဆီးခဲ့ကြောင်း မဲခေါင်သတင်းရင်းမြစ်များထံမှ သိရသည်။ ထိုသို့ ဖမ်းဆီးမှုသည် ဖေဖော်ဝါရီ ၂၁ ရက်က ရှမ်းပြည်တောင်ပိုင်း ဗထူးရှိ ဗိုလ်သင်တန်းအပတ်စဥ် ၁၂၈ ကျောင်းဆင်းပွဲသို့ လာသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ခရီးစဥ်အတွင်း တွေ့ဆုံပွဲပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ “ရပခ(အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်) တိုင်းမှူးက လွဲလို့ အခြားအရာရှိကြီးတွေ လက်ထိပ်ခတ် ဖမ်းခံရတာ၊ တရုတ်ဘက်က သတင်းပေးတယ်ပြောတယ်၊ သိန်းတစ်ထောင်ဆီရတဲ့ ကျားဖြန့်ကိစ္စလို့လည်း သိရတယ်” ဟု မဲခေါင်သတင်းရင်းမြစ်က ပြောသည်။ ဖမ်းဆီးခံရသူများတွင် တန့်ယန်းအခြေပြု ရမခ တိုင်းမှူး

မဲခေါင်၊ မတ် ၁

ရှမ်းပြည်တောင်ပိုင်း၊ တန့်ယန်းအခြေပြု အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူးနှင့် အရာရှိကြီးတချို့ ကျားဖြန့် နှင့်ပတ်သက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖမ်းဆီးခဲ့ကြောင်း မဲခေါင်သတင်းရင်းမြစ်များထံမှ သိရသည်။

ထိုသို့ ဖမ်းဆီးမှုသည် ဖေဖော်ဝါရီ ၂၁ ရက်က ရှမ်းပြည်တောင်ပိုင်း ဗထူးရှိ ဗိုလ်သင်တန်းအပတ်စဥ် ၁၂၈ ကျောင်းဆင်းပွဲသို့ လာသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ခရီးစဥ်အတွင်း တွေ့ဆုံပွဲပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ရပခ(အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်) တိုင်းမှူးက လွဲလို့ အခြားအရာရှိကြီးတွေ လက်ထိပ်ခတ် ဖမ်းခံရတာ၊ တရုတ်ဘက်က သတင်းပေးတယ်ပြောတယ်၊ သိန်းတစ်ထောင်ဆီရတဲ့ ကျားဖြန့်ကိစ္စလို့လည်း သိရတယ်” ဟု မဲခေါင်သတင်းရင်းမြစ်က ပြောသည်။

ဖမ်းဆီးခံရသူများတွင် တန့်ယန်းအခြေပြု ရမခ တိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်း (OTS-94)၊ ရမခ တိုင်းဦးစီးချုပ်နှင့် မိုင်းရယ် ဗျူဟာမှူး၊ တန့်ယန်း ဗျူဟာမှူးတို့ကို ကျားဖြန့်ကိစ္စနှင့် ပက်သက်ပြီး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

“တိုင်းမှူးလို့တောင် ဘာမှ မလုပ်ရသေးဘဲနဲ့ ပြုတ်တဲ့ထဲ ပါသွားတာ” ဟု သူက ပြောသည်။.

လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ် MNDAA က သိမ်းပိုက်လိုက်ချိန် ရမခ တိုင်းမှူးအဖြစ် ဗိုလ်ချုပ်မြင့်ကျော်ထွန်း အား စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၁ ရက်တွင် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ရုံးထိုင်စရာမရှိတော့သည့် ဗိုလ်ချုပ်မြင့်ကျော်ထွန်းသည် တန့်ယန်းမြို့နယ်တွင် ရမခရုံးဖွင့်ပြီးနောက် ရုံးထိုင်စဥ် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ထပ်မံ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းခံလိုက်ရသည့် ဗိုလ်ချုပ်မြင့်ကျော်ထွန်း နေရာအား ယခင် တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်အေးမင်းဦး (OTS-94) အား ရမခ တိုင်းမှူးအဖြစ် ခန့်အပ်ထားသည်။

ဖေဖော်ဝါရီ ၂၁ ရက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့သည့် ဗထူးတပ်နယ် ဗိုလ်သင်တန်း အပတ်စဥ် အပတ်စဥ် (၁၂၈) ဆင်းပွဲတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တို့မှ တိုင်းမှူးများ တက်ရောက်ကြသည်ဟု စစ်တပ်ထိန်းချုပ် မီဒီယာများ၌ ဖော်ပြသည်။

သို့သော် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး တက်ရောက်ခြင်း ရှိ၊ မရှိ ကိုမူ ဖော်ပြထားခြင်း မရှိပါ။

ယင်းကဲ့သို့ တိုင်းမှူးနှင့်အဖွဲ့ အဖမ်းခံရမှုသည် တန့်ယန်းဘက် ကျားဖြန့်များ ဖမ်းဆီးမှုများရှိနေသည့် ကွင်းဆက်ဖြစ်နိုင်ကြောင်း စစ်တပ်နှင့် နီးစပ်သူများက သုံးသပ်ကြသည်။

မဟာ
#MeKongNews
#ရမခတိုင်းမှူး
#ကျားဖြန့်
#ဗျူဟာမှူး
#ရှမ်းတောင်ပိုင်း
#တန့်ယန်း
#ဗိုလ်ချုပ်မြင့်ကျော်ထွန်း

ပုံအညွှန်း – ဖေဖော်ဝါရီ ၂၁ ရက် ဗထူးကျောင်း ဗိုလ်သင်တန်းဆင်းပွဲတွင် တွေ့ရသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now