နေ့စဥ်သတင်း

မိုင်းယော်တွင် ကိုးကန့်တပ်ဖွဲ့ ဖမ်းထားသည့် မိန်းကလေးငယ် ၂၁ ရက်ကြာသည်အထိ ပြန်မလွတ်သေး

မဲခေါင် 28 Feb - 2025
မဲခေါင်၊ ဖေဖော်ဝါရီ ၂၈ MNDAA – ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်တွင် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ကိုးကန့်တပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး ရက် ၂၀ ကျော်ကြာသည်အထိ ပြန်မလွတ်သေးကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ၇ ရက်နေ့တွင် လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်ရှိ လုံမွန်းကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် MNDAA တပ်ဖွဲ့ဝင် နှစ်ဦးသည် အမျိုးသမီးငယ်တစ်ဦးကို အပြိုင်ပိုးပန်းရာမှ ရန်ဖြစ်ပြီး အချင်းချင်း သေနတ်ပစ်ခတ်ကာ တစ်ဦးသေဆုံးသွားပြီးနောက် MNDAA က ယင်းအမျိုးသမီးငယ်ကို နေ့တွင်းချင်းဖမ်းဆီးသွားခြင်း ဖြစ်သည်။ “ကလေးမလေးစိတ်နဲ့ သူ့အဖွားတောင် အင်္ဂါနေ့က ဆုံးရှာရတယ်။ ကလေးက မီးသင်္ဂြိုလ်မမှီတောင် ရက်လည်တော့ မှီစေချင်တယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၈

MNDAA – ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်တွင် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ကိုးကန့်တပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး ရက် ၂၀ ကျော်ကြာသည်အထိ ပြန်မလွတ်သေးကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ၇ ရက်နေ့တွင် လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်ရှိ လုံမွန်းကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် MNDAA တပ်ဖွဲ့ဝင် နှစ်ဦးသည် အမျိုးသမီးငယ်တစ်ဦးကို အပြိုင်ပိုးပန်းရာမှ ရန်ဖြစ်ပြီး အချင်းချင်း သေနတ်ပစ်ခတ်ကာ တစ်ဦးသေဆုံးသွားပြီးနောက် MNDAA က ယင်းအမျိုးသမီးငယ်ကို နေ့တွင်းချင်းဖမ်းဆီးသွားခြင်း ဖြစ်သည်။

“ကလေးမလေးစိတ်နဲ့ သူ့အဖွားတောင် အင်္ဂါနေ့က ဆုံးရှာရတယ်။ ကလေးက မီးသင်္ဂြိုလ်မမှီတောင် ရက်လည်တော့ မှီစေချင်တယ်။ ဘာအပြစ်မှ မရှိတာလေ၊ ဘာသတင်းမှလည်း မကြားရဘူး” ဟု မိသားစုနဲ့နီးစပ်သူတစ်ဦးက မဲခေါင်သတင်းဌာနကို ဖေဖော်ဝါရီ ၂၈ ရက်ညတွင် ပြောသည်။

မိသားစုအနေဖြင့် ညှိနှိုင်းရေးလမ်းကြောင်းဖြင့်လုပ်ဆောင်နေပြီး “ဝ” တပ်ဖွဲ့ UWSA နှင့် ရှမ်းတပ်ဖွဲ့တစ််ဖွဲ့ဖြစ်သည့် SSPP/SSA တို့ထံ​ လွတ်မြောက်ရေးအတွက် အကူအညီတောင်းထားသော်လည်း ယနေ့အချိန်အထိ မလွတ်သေးခြင်းဖြစ်ကြောင်း သိရသည်။

အသက်မပြည့်သေးသည့်အမျိုးသမီးငယ်တစ်ဦးကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးထားခြင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သလို ကျား/မအခြေပြု အကြမ်းဖက်မှုလည်းမြောက်ကြောင်း ရှမ်းကျောင်းသားများသမဂ္ဂမှ ပြောခွင့်ရသူ နန်းမွေလျန်းက ပြောသည်။

“အပြစ်မရှိတဲ့ပြည်သူတစ်ယောက်လဲဖြစ်တယ်။ အသက်မပြည့်သေးတဲ့အမျိုးသမီးတယောက်ကို အခုလိုအကြောင်းပြချက်မရှိဘဲဖမ်းဆီးထားတာက မဖြစ်သင့်ပါဘူး။ ဒါက Gender Base Violence လည်း ဖြစ်သလို လူ့အခွင့်အရေးချိုးဖောက်တာလည်း ဟုတ်တယ်၊ အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်” ဟု ၎င်းက မဲခေါင်သတင်းကို ပြောသည်။

MNDAA ဖမ်းဆီးခံထားရသည့် အမျိုးသမီးငယ်မှာ အသက် (၁၅) နှစ်အရွယ်ရှိ နန်းယိင်းဟွမ် ဖြစ်ပြီး မိုင်းယော်ရှိ ဖုန်းဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်နေသူဖြစ်ကြောင်း သိရသည်။

မဟာ
#MeKongNews
#မိုင်းယော်
#ရှမ်းမြောက်
#ကိုးကန့်တပ်ဖွဲ့
#နန်းယိင်းဟွမ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now