နေ့စဥ်သတင်း

တာချီလိတ်တွင် ကျားဖြန့်နှင့် အွန်လိုင်းဂိမ်းများ ပိတ်ထားရသော်လည်း လောင်းကစားရုံအချို့ ဆက်လက်ဖွင့်လှစ်နေ

မဲခေါင် 27 Feb - 2025
မဲခေါင်၊ ဖေဖော်ဝါရီ ၂၇ တရုတ်နိုင်ငံမှ ကျားဖြန့်နှိမ်နင်းရေးအတွက် ‘ဇင်ယော်’ စီမံချက်ဖြင့် ဒုတိယပိုင်းဆက်လက်လုပ်ကိုင်နေသည့်အတွက် တာချီလိတ်မြို့တွင် ကျားဖြန့်လုပ်ငန်းများနှင့် အွန်လိုင်းဂိမ်းများ ပိတ်ထားရသော်လည်း လောင်းကစားရုံအချို့မှာ ဆက်လက်ဖွင့်လှစ်နေဆဲဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။ တာချီလိတ်မြို့၊ အာခါဈေးအနီးရှိ Singha 99 စားသောက်ဆိုင်အရှေ့ရှိ လောင်းကစားရုံမှာ ဂိမ်းခုံ ၁၅ ခုံခန့်ဖြင့် ဆက်လက်ဖွင့်လှစ်နေဆဲဖြစ်ပြီး ဝိန်းကျောက်ရပ်ကွက်အတွင်း၌လည်း လောင်ကစားရုံအချို့ ဖွင့်လှစ်နေဆဲဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “အခုက ကျားဖြန့်တွေလိုက်ဖမ်းတော့ အကုန်လန့်ဖြန့်ပြီး ပိတ်ထားကြတယ်။ ဒါပေမယ့် လောင်းကစားရုံတချို့ကတော့ ဖွင့်နေတုန်းပဲ။ ပိုက်ကြူး၊ ဖဲ၊ ဂုံဂင်းခုံတွေနဲ့” ဟု ၎င်းကပြောသည်။ ကျားဖြန့်နှိမ်နင်းရန်အတွက် ထိုင်းနိုင်ငံဘက်မှ လောင်စာဆီနှင့် လျှပ်စစ်မီး ရောင်းချမှုကို ဖြတ်တောက်လိုက်ပြီးနောက်ပိုင်း တာချီလိတ်မြို့နယ်အတွင်း၌

မဲခေါင်၊ ဖေဖော်ဝါရီ ၂၇

တရုတ်နိုင်ငံမှ ကျားဖြန့်နှိမ်နင်းရေးအတွက် ‘ဇင်ယော်’ စီမံချက်ဖြင့် ဒုတိယပိုင်းဆက်လက်လုပ်ကိုင်နေသည့်အတွက် တာချီလိတ်မြို့တွင် ကျားဖြန့်လုပ်ငန်းများနှင့် အွန်လိုင်းဂိမ်းများ ပိတ်ထားရသော်လည်း လောင်းကစားရုံအချို့မှာ ဆက်လက်ဖွင့်လှစ်နေဆဲဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

တာချီလိတ်မြို့၊ အာခါဈေးအနီးရှိ Singha 99 စားသောက်ဆိုင်အရှေ့ရှိ လောင်းကစားရုံမှာ ဂိမ်းခုံ ၁၅ ခုံခန့်ဖြင့် ဆက်လက်ဖွင့်လှစ်နေဆဲဖြစ်ပြီး ဝိန်းကျောက်ရပ်ကွက်အတွင်း၌လည်း လောင်ကစားရုံအချို့ ဖွင့်လှစ်နေဆဲဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“အခုက ကျားဖြန့်တွေလိုက်ဖမ်းတော့ အကုန်လန့်ဖြန့်ပြီး ပိတ်ထားကြတယ်။ ဒါပေမယ့် လောင်းကစားရုံတချို့ကတော့ ဖွင့်နေတုန်းပဲ။ ပိုက်ကြူး၊ ဖဲ၊ ဂုံဂင်းခုံတွေနဲ့” ဟု ၎င်းကပြောသည်။

ကျားဖြန့်နှိမ်နင်းရန်အတွက် ထိုင်းနိုင်ငံဘက်မှ လောင်စာဆီနှင့် လျှပ်စစ်မီး ရောင်းချမှုကို ဖြတ်တောက်လိုက်ပြီးနောက်ပိုင်း တာချီလိတ်မြို့နယ်အတွင်း၌ ရဲနှင့် စစ်တပ်များမှ ကျားဖြန့်နှင့် အွန်လိုင်းဂိမ်းများကို လိုက်လံစစ်ဆေးနေသော်လည်း အများစုမှာ သတင်းကြိုတင်ရရှိသည့်အတွက် ပိတ်ထားပြီး တိမ်းရှောင်နေကြောင်း ဒေသခံများက ပြောသည်။

ယင်းမတိုင်မီက တာချီတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းက ဂေါက်ကွင်းနားတွင်ရှိသည့် Royal Hotel အနီးမှ ခြံဝင်းအကျယ်ကြီးအတွင်း၌ လုပ်ကိုင်နေသည့် ကျားဖြန့်လုပ်ငန်းများရှိနေပြီး ကျားဖြန့်လုပ်ငန်းများဖမ်းဆီးသည်ဟု ဆိုသော်လည်း ဖမ်းဆီးခံရသည့် စာရင်းတွင် ယင်းခြံဝန်းအတွင်းမှ လုပ်ငန်းများ မတွေ့ရကြောင်း၊ ယင်းခြံဝန်းမှာ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပိုင်ဆိုင်သည့် ခြံဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ကျားဖြန့်ငွေလိမ်ဂိုဏ်များမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှစပြီး စစ်ဗျူဟာနှင့်ရဲတပ်ဖွဲ့များကို တစ်ဖွဲ့လျင် လစဉ်ကြေး ထိုင်းဘတ် ၂ သိန်းကစပြီး လိုင်းကြေးပေး လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။

တာချီလိတ်မြို့တွင် ကျားဖြန့်လုပ်ငန်းနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းအများအပြားရှိသော်လည်း ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ချိန်တွင် အနည်းအကျဉ်းသာဖမ်းဆီးရမိကြောင်း၊ ဖမ်းမည့်သူများကိုယ်တိုင်က သတင်းပေးရှောင်ရှားခိုင်းသည့်အတွက် လွတ်မြောက်သွားခြင်းဖြစ်ကြောင်း ယင်းနီးစပ်သူက ပြောသည်။

ကျားဖြန့်လုပ်ငန်းများနှိမ်နင်းရန် အကြောင်းပြချက်ဖြင့် ထိုင်းနိုင်ငံဘက်မှ လောင်စာဆီနှင့် လျှပ်စစ်မီး တင်ပို့မှုကို ဖြတ်တောက်လိုက်ရာ ပြည်သူများ လျှပ်စစ်မီး ပြတ်တောက်မှုနှင့် လောင်စာဆီဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံနေရပြီး ကျားဖြန့်လုပ်ငန်းများကိုမှု ထိထိရောက်ရောက်ဖမ်းဆီးရမိခြင်း မတွေ့ရပေ။

ဇော်မြင့်
#MeKongNews
#ရှမ်းအရှေ့
#တာချီလိတ်
#လောင်းကစားဝိုင်း
#ကျားဖြန့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now