မဲခေါင်၊ ဖေဖေါ်ဝါရီ ၂၂
စစ်ကောင်စီ၏ လုံခြုံရေးတင်းကြပ်နေသည့် ရန်ကုန်၌ နှစ်ငါးလုံး (၂၂.၂.၂၀၂၅)လှုပ်ရှားမှုအနေဖြင့် “ငုံ့မခံနဲ့ တုံ့ပြန်၊ အံတုတွန်းလှန် ဖက်ဆစ်ဒဏ်” စာသားဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ရန်ကုန်တော်လှန်လူငယ်များက ပြုလုပ်ခဲ့ကြသည်။
ထိုလှုပ်ရှားမှုကို စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ပြုလုပ်ခဲ့သည်။
ပြည်သူ ကြုံတွေ့နေရသည့် အထွေထွေကြပ်တည်းမှု၊ ကိုယ်စိတ်မလုံခြုံမှု၊ အဓမ္မစစ်မှုထမ်းခိုင်းစေခံရမှု၊ ဖိနှိပ်ခံရမှု များမှ လွတ်မြောက်ရေးနည်းလမ်းသည် “ခေါင်းငုံ့ခံမနေပဲ တော်လှန်ခြင်းနည်းလမ်းဖြင့် တုံ့ပြန်ကြပါရန်နှင့် အထွေထွေဖိနှိပ်ခံရမှုများအား အံ့တုတွန်းလှန်ရင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီ အမြစ်ပြတ်သည်အထိ ဆက်လက်တော်လှန်ကြပါရန် သတင်းစကားပါးအပ်ပါသည်ဟု သပိတ်စစ်ကြောင်းက ထုတ်ပြန်သည်။
#MeKongNews
#ရန်ကုန်
#စမ်းချောင်း
#ပင်မသပိတ်စစ်ကြောင်း
#နှစ်ငါးလုံးလှုပ်ရှားမှု








