နေ့စဥ်သတင်း

ရှမ်းအရပ်ဘက် အဖွဲ့အစည်းများ၏ ကန့်ကွက်ခြင်းများကြောင့် TNLA ပြောင်းလဲခဲ့သည့် သီပေါမြို့ အဝင်မုဒ်ဦးကို ပြန်လည်ပြင်ဆင်နေ

မဲခေါင် 10 Feb - 2025
မဲခေါင်၊ ဖေဖော်ဝါရီ ၁၀ ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ မြို့အဝင်မုဒ်ဦး၌ ရေးထွင်းထားသည့် ရှမ်းအမှတ်အသားများအား တအာင်း(ပလောင်)အမှတ်တံဆိပ်များပြောင်းလဲခဲ့သည်ကို ပြန်လည်ပြင်ဆင်နေပြီဟု TNLA ကပြောသည်။ ဖေဖော်ဝါရီလ ၇ ရက်က TNLA က မြို့အဝင်မုဒ်ဦးရေးထွင်းပါရှိသည့် ရှမ်းပြည်အလံတော်၊ ရှမ်းအိုးစည်ဖောင်းကြွရုပ်များ၊ ပင်လယ်ရေအမြင့်ပေ တိုင်းတာချက်နှင့် ရှမ်းစာသားများကို တအာင်းအမှတ်အသားများ ပြောင်းလဲကာ ဆေးအရောင်ပြောင်းလဲခဲ့သည်။ TNLA က ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပြီးနောက် ရှမ်းပြည်ရှိ အရပ်ဖက်အဖွဲ့အစည်းများမှ ကန့်ကွက်ကြောင်းထုတ်ပြန်ကြေညာမှုများ ပြုလုပ်ခဲ့ပြီးနောက် အခုလို မူလအတိုင်း ပြန်လည်ပြင်ဆင်နေကြောင်း TNLA ပြောခွင့်ရ မလွေးယေားကပြောသည်။ TNLA ၏ မုဒ်ဦးအမှတ်တံဆိပ်များ ပြောင်းလဲခြင်းသည် သီပေါမြို့၏ ယဉ်ကျေးမှုနဲ့ထုံးတမ်းစဉ်လာကို ဖျက်ဆီးခဲ့တာဖြစ်ပြီး စစ်အနိုင်ရရှိသောကြောင့် သီပေါမြို့ကို အုပ်ချုပ်ခွင့်ရနေပေမဲ့ အများပြည်သူ၏

မဲခေါင်၊ ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ မြို့အဝင်မုဒ်ဦး၌ ရေးထွင်းထားသည့် ရှမ်းအမှတ်အသားများအား တအာင်း(ပလောင်)အမှတ်တံဆိပ်များပြောင်းလဲခဲ့သည်ကို ပြန်လည်ပြင်ဆင်နေပြီဟု TNLA ကပြောသည်။

ဖေဖော်ဝါရီလ ၇ ရက်က TNLA က မြို့အဝင်မုဒ်ဦးရေးထွင်းပါရှိသည့် ရှမ်းပြည်အလံတော်၊ ရှမ်းအိုးစည်ဖောင်းကြွရုပ်များ၊ ပင်လယ်ရေအမြင့်ပေ တိုင်းတာချက်နှင့် ရှမ်းစာသားများကို တအာင်းအမှတ်အသားများ ပြောင်းလဲကာ ဆေးအရောင်ပြောင်းလဲခဲ့သည်။

TNLA က ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပြီးနောက် ရှမ်းပြည်ရှိ အရပ်ဖက်အဖွဲ့အစည်းများမှ ကန့်ကွက်ကြောင်းထုတ်ပြန်ကြေညာမှုများ ပြုလုပ်ခဲ့ပြီးနောက် အခုလို မူလအတိုင်း ပြန်လည်ပြင်ဆင်နေကြောင်း TNLA ပြောခွင့်ရ မလွေးယေားကပြောသည်။

TNLA ၏ မုဒ်ဦးအမှတ်တံဆိပ်များ ပြောင်းလဲခြင်းသည် သီပေါမြို့၏ ယဉ်ကျေးမှုနဲ့ထုံးတမ်းစဉ်လာကို ဖျက်ဆီးခဲ့တာဖြစ်ပြီး စစ်အနိုင်ရရှိသောကြောင့် သီပေါမြို့ကို အုပ်ချုပ်ခွင့်ရနေပေမဲ့ အများပြည်သူ၏ ဆန္ဒကိုဆန့်ကျင်သည့် လုပ်ရပ်ဖြစ်ကြောင်း သျှမ်းကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ဝင် မဝမ်ဒါ မဲခေါင်ကိုပြောသည်။

“ဒါက မဖြစ်သင့်တဲ့ကိစ္စပေါ့နော်၊ အချိန်မှီပြင်ဆင်ရင်တော့ အကောင်းဆုံးပါ၊ ရေရှည်မှာ မကောင်းပါဘူး၊ ကျွန်မတို့ နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြတာပါ၊ ဘာပြဿနာမှလည်း မရှိခဲ့ဘူး၊ ဒီလိုလုပ်တာတော့ အာဏာရှင်ဆန်တယ်” ဟု ဆိုသည်။

TNLA တပ်များ ထိန်းချုပ်ထားသည့်မြို့နယ်များ၌ ပြုပြင်ပြောင်းလဲရေးများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း မိုးကုတ်ဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။

TNLA ထိန်းချုပ်ထားသော သီပေါမြို့သည် ခရစ်နှစ် ၄၈၅ ခုနှစ်မှစတင်ကာ စစ်အာဏာရှင်ဦးနေဝင်းလက်ထက် ၁၉၆၂ ခုနှစ်အထိ ရှမ်းစော်ဘွားများ အစဉ်တစိုက်အုပ်ချုပ်လာခဲ့ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ ရှမ်းလူမျိုးများ အများဆုံးနေထိုင်ခဲ့သည်ဖြစ်ကာ အခုလို မြို့မုဒ်ဦးအမှတ်အသားများ ပြောင်းလဲခြင်းသည် ဒေသခံလူထု၏ ရပိုင်ခွင့်ကို ဆန့်ကျင်နေကြောင်း အရပ်ဖက်အဖွဲ့အစည်းများက တိုက်တွန်းခဲ့ကြသည်။

TNLA မှ အမှတ်အသားများပြင်ဆင်ခဲ့မှုအပေါ် သဘောထားတစုံတရာ ထုတ်ပြန်ခြင်းမရှိပဲ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၊ Tai Students Union၊ SL & CC universities of Yangon၊Kunhing Organization၊ Tai Youth Yangon – TYY၊ Global Shan Network – GSN စသည့် ရှမ်းအရပ်ဖက်အဖွဲ့များ၊ ကျောင်းသားအဖွဲ့များက စာထုတ်ကန့်ကွက်ခဲ့ကြပြီး တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ သျှမ်းလူမျိုးစု နိုင်ငံရေးပါတီများ၊ သျှမ်းတပ်မတော်များသို့လည်း ပူးပေါင်းဖြေရှင်းပေးရန် တိုက်တွန်းခဲ့ကြသည်။

၂၀၂၃ ခုနှစ် သြဂုတ်လ ၇ ရက်တွင်လည်း မူဆယ်မြို့နယ်၊ စယ်လန့်ရွာရှိ ရှမ်းလူမျိုးတို့၏ အထွဋ်အမြတ် အခေါင်အချုပ် ဖြစ်သော စော်ဘွား စဝ်ဆေခန်ဖ၏ နန်းမြို့ရိုးဟောင်းကို ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့သောကြောင့် လူမျိုးရေးပဋိပက္ခ မဖြစ်ပွားစေရေး ငြိမ်းချမ်းစွာဖြင့် ဆွေးနွေးဖြေရှင်းသည့်နည်းလမ်းကို ရှမ်းအဖွဲ့အစည်းအသီးသီးက ဆောင်ရွက်ခဲ့သည်။

အလားတူ TNLA သည် ထိန်းချုပ်နယ်မြေများအတွင်းရှိ ကွတ်ခိုင်မြို့နယ် မိုင်းယုဒေသ၊ နမ္မတူမြို့နယ် မိုင်းရင်ဒေသ များတွင်လည်း အမှတ်အသားပြောင်းလဲသောကိစစ္စရပ်များ ပြုလုပ်ခဲ့ကြောင်း ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှ ဒီနေ့မနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း သီပေါမြို့မှ စစ်စခန်းများအား ညီနောင်မဟာမိတ်တပ်များမှ ၂ လ ကျော် တိုက်ခိုက်ခဲ့ရပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်တွင် TNLA မှ သီပေါမြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့သည်။

ဂနိုက်
#MeKongNews
#TNLA
#သီပေါမြို့မုဒ်ဦး
#ပြန်လည်ပြင်ဆင်
#ရှမ်းအလံတော်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now