နေ့စဥ်သတင်း

အာဏာသိမ်း ၄ နှစ်အတွင်း ကရင်နီပြည်မှာ စစ်ကောင်စီကြောင့် သေဆုံးတဲ့အရပ်သား ၇၁၈ ဦးအနက် ကလေးငယ် ၄၀ ပါဝင်

မဲခေါင် 1 Feb - 2025
မဲခေါင်၊ ဖေဖေါ်ဝါရီ ၁ အာဏာသိမ်းစတင်တဲ့ ၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီလ ၁ ရက် ကနေ ၄ နှစ်ပြည့်တဲ့ ဒီနေ့ (ဖေဖေါ်ဝါရီ ၁ ) အထိ စစ်ကောင်စီလက်ချက်ကြောင့် ကရင်နီပြည်နဲ့ ကယန်းဒေသမှာ အရပ်သားနဲ့ စစ်ဘေးရှောင်ပြည်သူ ၇၁၈ ဦးအထိ သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် အသက်မပြည့်သေးတဲ့ကလေးငယ် ၆၅ ဦးအပါအဝင် အရပ်သားပြည်သူ ၅၄၂ ဦးသေဆုံးခဲ့ရပြီး စစ်ရှောင်ရင်း စစ်ကောင်စီ လက်နက်ကြီး၊ လေယာဉ်ဗုံးကြဲတာ နဲ့ ဒရုန်းဗုံးကြဲတာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ် ၄၀ ဦးအပါအဝင် စစ်ရှောင် ၁၇၆

မဲခေါင်၊ ဖေဖေါ်ဝါရီ ၁

အာဏာသိမ်းစတင်တဲ့ ၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီလ ၁ ရက် ကနေ ၄ နှစ်ပြည့်တဲ့ ဒီနေ့ (ဖေဖေါ်ဝါရီ ၁ ) အထိ စစ်ကောင်စီလက်ချက်ကြောင့် ကရင်နီပြည်နဲ့ ကယန်းဒေသမှာ အရပ်သားနဲ့ စစ်ဘေးရှောင်ပြည်သူ ၇၁၈ ဦးအထိ သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် အသက်မပြည့်သေးတဲ့ကလေးငယ် ၆၅ ဦးအပါအဝင် အရပ်သားပြည်သူ ၅၄၂ ဦးသေဆုံးခဲ့ရပြီး စစ်ရှောင်ရင်း စစ်ကောင်စီ လက်နက်ကြီး၊ လေယာဉ်ဗုံးကြဲတာ နဲ့ ဒရုန်းဗုံးကြဲတာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ် ၄၀ ဦးအပါအဝင် စစ်ရှောင် ၁၇၆ ဦး သေဆုံးခဲ့ရကာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၄၇ ဦး ရှိနေပါတယ်။

“ကရင်နီမှာဖြစ်ပျက်နေတဲ့အရာတွေ ကျူးလွန်ထားတဲ့ စကစတာဝန်ရှိတဲ့လူတွေကို အမြန်ဆုံးအရေးယူနိုင်ဖို့ လိုအပ်တယ်လို့ပြောလိုတယ်၊ မဟုတ်ရင် စကစဘက်က ဒီထက်ပို လက်ရဲ ဇက်ရဲတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေ ဆက်ရှိနေအုံးမယ်လို့ ပြောချင်ပါတယ်” လို့ PKPF ရဲ့ ပြန်ကြားရေး တာဝန်ရှိသူကပြောပါတယ်။

ဒီအပြင် ကရင်နီပြည်နေရာအနှံ့မှာ တိုက်ပွဲပေါင်း ၁၂၈၂ ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှုပေါင်း ၁၇၈၈ ကြိမ်အထိ ရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နေအိမ် ၂၈၉၇ လုံးပျက်စီးခဲ့ပြီး ဘာသာရေးအဆောက်အအုံ ၅၄ လုံး၊ စာသင်ကျောင်း ၂၆ ကျောင်း၊ ဆေးရုံဆေးခန်း ၁၆ ခုလည်း ပျက်စီးခဲ့ရပါတယ်။

စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေမှာလည်း စစ်ကောင်စီဘက်က ၃၆၆၅ ဦးသေဆုံးပြီး စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ် သုံးစင်းပျက်စီးကာ ယာဉ် ၆၈ စီးပျက်စီးခဲ့ပြီး တော်လှန်ရေးအင်အားစုဘက်က ၆၈၆ ဦး ကျဆုံးခဲ့ပါတယ်။

CJ-004
#MeKongNews
#ကရင်နီပြည်
#အာဏာသိမ်း
#၇၁၈ဦးသေဆုံး
#ကလေးငယ်၄၀

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်က ရဲအုပ်စိန်အေး တရားခံဧည့်တွေ့ခွင့် တစ်ယောက် ဘတ် ၅၀၀၀ တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်မြိုနယ်နှင့် ခရိုင်ရုံးတွင် တာဝန်ကျနေသည့် ရဲအုပ်စိန်အေးသည် တရားရုံ၌ တရားခံဧည့်တွေ့ခွင့်အတွက် တစ်ကြိမ်လျှင် ဘတ် ၅၀၀၀
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး မယ်ဟန်စစ်ဆေးရေးဂိတ်တွင် တပ်ထိန်းက စစ်ဆေးရေးလုပ်ငန်းများအားလုံးကို တစ်ဦးတည်းချယ်လှယ်ကာ ငွေတောင်းလည်းကြမ်းနေ

မဲခေါင်၊ အောက်တိုဘာ ၅ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ မယ်ဟန် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ယူနေသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ဗျူဟာမှ G2 ညီညီအောင်သွေး စာရင်းဖျောက်ရောင်းစားသည့်ထဲတွင် အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်များမှ သိမ်းထားသည့်ဖုန်းပင် အလုံး ၁၀၀၀ ကျော်ရှိ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်အခြေချ စစ်ဗျူဟာမှ G2 ဗိုလ်မှူးညီညီအောင်သွေးက ဗျူဟာမှူးသိမ်းခိုင်းသည်ဟုဆိုကာ အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းရမိသည့် ဖုန်းများအား စာရင်းဖျောက်ကာ ရောင်းစားထားသည်မှာ အလုံး ၁၀၀၀ ကျော်ရှိကြောင်း ဖမ်းဆီးရေးအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လူ ၂ ဦး ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဒေသကာလတန်ဖိုး ကျပ် ၈၈၈ ဒသမ ၉၃ သိန်းခန့်ရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၂ ဦးကို အောက်တိုဘာ ၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိ၍ အမျိုးသားတစ်ဦး စိုးရိမ်ရဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အောက်တိုဘာ ၃ ရက် ညပိုင်းက ကားနှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး ဦးခေါင်းနှင့် မျက်လုံးများ ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ခရိုင် သာသနာရေးမှူးရုံး ထောက်ခံစာပါ သစ်ကား မိုင်းတွင်း၌ ဖမ်းဆီးခံရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာမှ တာချီလိတ်မြို့သို့ သယ်ဆောင်လာသည့် သစ်ကားတစ်စီးကို မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းတွင်းစုပေါင်းဂိတ်၌ တရားမဝင် သစ်မှောင်ခိုမှုဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်းက ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။ ယင်းသစ်ကား ပေါ်တွင် ကျွန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ်အမျိုးသားနေ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကာလအတွင်း “ဝ”တပ်ဖွဲ့က နယ်စပ်ကင်းလှည့် လုံခြုံရေးမြှင့်မည်

မဲခေါင်၊ အောက်တိုဘာ ၂ တရုတ်နိုင်ငံ၏ အမျိုးသားနေ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အစည်းအဝေးကာလအတွင်း နယ်စပ်ဒေသလုံခြုံရေးနှင့် ထိန်းချုပ်မှုများ တိုးမြှင့်ဆောင်ရွက်မည်ဟု “ဝ”တပ်ဖွဲ့ (UWSA) လက်အောက်ခံ “ဝ”ပြည်နယ် တရားရေးကော်မတီက (WSP) က ယမန်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရလခ စစ်တိုင်းမှူးအသစ် ခန့်အပ်ပြီး ကရင်နီနှင့် နေပြည်တော် နယ်မြေများသို့ စစ်ဆင်ရေးအာဏာ တိုးမြှင့် သုံးစွဲလာနိုင်

မဲခေါင်၊ အောက်တိုဘာ ၁ ​စစ်ကောင်စီသည် ဒေသကွပ်ကဲရေးမှူး (လွိုင်ကော်) ဖြစ်သူ ဗိုလ်မှူးချုပ် ဝေလင်းအောင် (DSA 42) အား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) ၏ တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်အပ်လိုက်ကြောင်း သိရသည်။ ​အလားတူ ခိုလန်မြို့ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now