နေ့စဥ်သတင်း

မိုင်းတုံဗျူဟာမှူး ကျော်ထင် မူးယစ်ဆေးဝါးသယ်သူတွေနဲ့ တရားမဝင်သတ္တုတူးသူတွေထံက လာဘ်ယူပြီး ကာကွယ်ပေး

မဲခေါင် 22 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၂၂ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ် အခြေချစစ်ကောင်စီ စစ်ဗျူဟာမှူးက မူးယစ်ဆေးဝါးသယ်သူတွေနဲ့ တရားမဝင်သတ္တုတူးဖော် သယ်ယူသူတွေကို လာဘ်ငွေရယူပြီး အကာအကွယ်ပေးနေတယ်လို့ ဒေသခံတွေပြောပါတယ်။ မိုင်းတုံမြို့နယ်အတွင်းမှာ တရားမဝင် သတ္တုတူးဖော်နေတဲ့ လုပ်ငန်းရှင်တွေထံကနေ လစဉ်ကြေးကို လွယ်ခမ်းလုံ ပြည်သူ့စစ်ခေါင်းဆေင် သားကြီး ခေါ် ကျော်ဇင်လတ်ကနေတဆင့် ဗျူဟာမှူးကျော်ထင်က ရယူနေပြီး သတ္တုသယ်တဲ့ကားတွေဟာ စစ်ဆေးရးဂိတ်မှာ အတားအဆီးမရှိသွားလာလို့ရနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။ “ကားတွေနဲ့ သတ္တုအပြည့်သယ်တော့ကျတော့ တားဆီးစစ်ဆေးတဲ့သူတွေကိုတောင် စစ်ရကောင်းလားဆိုပြီးအရေးယူမလို့တဲ့” လို့ သူက ပြောပါတယ်။ လွယ်ခမ်းလုံ ပြည်သူ့စစ်ကားလာရင်လည်း တပ်ထိန်းက ရှေ့ပွိုင့်လုပ်ပြီးပို့ဆောင်ပေးရသလို ဂိတ်တွေမှာ စစ်ဆေးမိသူတွေကို ဗျူဟာမှူးက ပြသနာရှာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ

မဲခေါင်၊ ဇန်နဝါရီ ၂၂

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ် အခြေချစစ်ကောင်စီ စစ်ဗျူဟာမှူးက မူးယစ်ဆေးဝါးသယ်သူတွေနဲ့ တရားမဝင်သတ္တုတူးဖော် သယ်ယူသူတွေကို လာဘ်ငွေရယူပြီး အကာအကွယ်ပေးနေတယ်လို့ ဒေသခံတွေပြောပါတယ်။

မိုင်းတုံမြို့နယ်အတွင်းမှာ တရားမဝင် သတ္တုတူးဖော်နေတဲ့ လုပ်ငန်းရှင်တွေထံကနေ လစဉ်ကြေးကို လွယ်ခမ်းလုံ ပြည်သူ့စစ်ခေါင်းဆေင် သားကြီး ခေါ် ကျော်ဇင်လတ်ကနေတဆင့် ဗျူဟာမှူးကျော်ထင်က ရယူနေပြီး သတ္တုသယ်တဲ့ကားတွေဟာ စစ်ဆေးရးဂိတ်မှာ အတားအဆီးမရှိသွားလာလို့ရနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

“ကားတွေနဲ့ သတ္တုအပြည့်သယ်တော့ကျတော့ တားဆီးစစ်ဆေးတဲ့သူတွေကိုတောင် စစ်ရကောင်းလားဆိုပြီးအရေးယူမလို့တဲ့” လို့ သူက ပြောပါတယ်။

လွယ်ခမ်းလုံ ပြည်သူ့စစ်ကားလာရင်လည်း တပ်ထိန်းက ရှေ့ပွိုင့်လုပ်ပြီးပို့ဆောင်ပေးရသလို ဂိတ်တွေမှာ စစ်ဆေးမိသူတွေကို ဗျူဟာမှူးက ပြသနာရှာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်၊ နေ့လယ်ပိုင်းက Vigo ၃စီးနဲ့ သတ္တုတွေသယ်လာတာကို လွှတ်ပေးခဲ့သလို သတ္တုတူးနေတဲ့ ဌာနေပြည်သူ့စစ် သားကြီး ခေါ် ကျော်ဇင်လတ်ကားကို တားဆီးမိတဲ့ ဂိတ်တာဝန်ကျတွေကိုလည်း ချက်ခြင်းနေရာပြောင်းပစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လွယ်ခမ်းလုံ ပြည်သူ့စစ်ခေါင်းဆောင် သားကြီး ခေါ် ကျော်ဇင်လတ် ဆိုသူဟာ ရွှေလားဟူ ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး တရားမဝင်ရွှေနဲ့ မြေရှားသတ္တုတွေကို မိုင်းဆတ်နဲ့မိုင်းတုံသွားကားလမ်းက မိုင်းတုံဘက်၁၁မိုင်မှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်လူမျိုးတွေနဲ့ အကြီအကျယ်တူးဖော်နေတာဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင်မိုင်းဆတ်ကမိုင်းတုံမြို့အဝင် နောင်ပါရင်ဂိတ်မှာ သတ္တုပိုင်ရှင်တွေက အဲဒီ သားကြီး ခေါ် ကျော်ဇင်လတ်ကို ဗျူဟာမှူးဆီ ဝင်ခိုင်းပြီး လစဉ်ကြေးပေးကာ မြို့ပေါ်မှာ ဗြောင်ကျကျ ဝင်ထွက်ခွင့်ရနေတယ်လို့ ဆိုပါတယ်။

ပြည်သူ့စစ်ကားလာရင်လည်း တပ်ထိန်းက ရှေ့ပွိုင့်လုပ်ပြီးပို့ဆောင်ပေးရကာပြည်သူ့ စစ်ကားတွေဆို ဗျူဟာမှူးက ဂိတ်တွေမှာလုံးဝပေးအစစ်မခံ ပါဘူး၊စစ်တဲ့လူတွေကိုလည်း ဗျူဟာမှူးက ပြသာနာရှာပါတယ်၊ ဗျူဟာG2 အောင်ကျော်မြင့်က ပိုက်ဆံလက်ခံပါတယ်၊ပြည်သူ့စစ်တို့၊ဝအဖွဲ့တို့ကိုစစ်ရင် သူက ဂိတ်တာဝန်ကျ အဖွဲ့တွေကို ဆဲဆိုရုံးတင်ပါတယ်လို့ ပြောပါတယ်။

‘ဂိတ်တွေမှာ စစ်ဆေးတားဆီးရင် တားဆီးသူကို ဗျူဟာမှူးက ရုံးတင်ခေါ်တွေ့ဆူဆဲပြီး ဝကိုမျက်နှာလုပ် ရှမ်းအဖွဲ့ကျဖိနှိပ်ပြီးလုပ်ကိုင် နေပါတယ်၊ နောင်ပါရင်ဂိတ်မှာ တားဆီးဓါတ်ပုံရိုက်တဲ့လူတွေကိုလည်း ဗျူဟာမှူးဆိုတဲ့အာဏာနဲ့ ဖိနှိပ်ထားပါတယ်’လို့ မဲခေါင်ကို ပြောလာပါတယ်။

၎င်းအပြင် နောင်ပါရင်ဂိတ်တာဝန်ကျ တပ်က ဗျူဟာမှူးကတော်(မယ်မယ်ကြီး)ကြေး ငါးသောင်းကို တစ်ပါတ်တစ်ခါပေးရတယ်လို့ ဆိုပါတယ်။

မိုင်းတုံဗျူဟာမှူး ကျော်ထင်ဟာ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်သူတွေကို လိုင်းကြေးရယူကာ ခွင့်ပြုပေးထားပြီး တခြားနေရာတွေမှာ ဖမ်းမိရင်တောင် ပတ်သက်သူတွေကို ရှောင်ရှားခိုင်းကာ မူးယစ်ဆေးတွေကိုလည်း စစ်တပ်က ကားတွေနဲ့နေရာရွှေ့ပေးတယ်လို့ နောက်ထပ် မိုင်းတုံဒေသခံတစ်ဦးက ပြောပါတယ်။

“တာဆန်းမှာမိပြီး နောက်နေ့ ဝမ်မိုင်ရပ်ကွက်က အောင်ထွန်း (မူးယစ်ဆေးသယ်သူ) အိမ်ကိုရှာမယ်ဆိုတာသိလို့ ဖမ်းမိတဲ့ညမှာပဲ ဗျူဟာကကားတွေနဲ့ ပစ္စည်းတွေသယ်ထုတ်ပေးခဲ့တယ်။ နားကောင်းမူးမှာရှိတဲ့ အောင်ထွန်းပိုင်တဲ့အိမ်ကိုလည်းဖျောက် ပေးထားတယ်။ စစ်ဗျူဟာမှူးရဲ့ ရှယ်ယာလည်းပါတယ်လို့ကြားပါတယ်’လို့ သူက ပြောပါတယ်။

ဒါ့အပြင် နေက်ဆက်တွဲ ကွင်းဆက်တွေလိုက်လာမှာစိုးရိမ်တာကြောင့် အောင်ထွန်းရဲ့ လုပ်ငန်းဖော်ဖြစ်သူ လော့ရီတို့အဖွဲ့ကိုလည်း ရှောင်တိမ်းခိုင်းထားတယ်လို့ အဲဒီဒေသခံက ဆိုပါတယ်။

မိုင်းတုံ မြို့ဝင်ထွက်ဂိတ်တွေရောက်ရင် ဗျူဟာရဲ့ခွင့်ပြုချက်ရမှ သွားခွင့်ရတာဖြစ်ပြီး မြို့ဝင်၊ ထွက် ၄ဂိတ် နဲ့တာဆန်းသွားမှာဆို ဗျူဟာက ထောက်ခံစာလုပ်ပေးနေတာလို့ သိရပါတယ်။ အဲဒီဂိတ်တွေမှာ ဗျူဟားမှူးကတော်အတွက်လည်း လိုင်းကြေးကောက်ပေးရပြီး အဲဒါကို မယ်မယ်ကြီးကြေးလို့ခေါ်ကာ ကားတစ်စီးကို ကျပ် ၅သောင်းပေးရတယ်လို့ ခရီးသွားလာသူတွေထံက သိရပါတယ်။

“ဒီကိစ္စတွေက တော်တန်ယုံလူတွေ မသိနိုင်ဘူး။ မူးယစ်၊ သတ္တု၊ သစ်၊ သူ့အုပ်စု သူ့လိုင်းနဲ့သူရှိကြတာ။အတွင်းကျကျ သိဖို့မလွယ်ဘူး။ သိတယ်ဆိုရင်လဲ အတွင်းထဲကပဲ သိနိုင်မယ်။ အကုန်လုံးက အကျင့်ပျက်ခြစားနေကြတာ ပြောရင် အန္တရာယ်ကြီးတယ်။ အရင် ဗျူဟာမှူးအဆက်ဆက်လဲ လုပ်စားသွားကြတာပဲ၊ ခုလောက်အနံ့ မထွက်ဘူး”လို့ မိုင်းတုံဒေသခံ တစ်ဦးက ပြောပါတယ်။

ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့ဟာ ရွှေ၊ ခနောက်စိမ်း၊ အဖြိုက်နက် အပြင် မြေရှားသတ္တုပါထွက်ရှိနေသလို မူးယစ်ဆေးမျိုးစုံ ထွက်ရှိနေတာဖြစ်လို့ စစ်ကောင်စီရဲ့ ဒေသတာဝန်ကျ၊ စစ်ဘက်၊ အရပ်ဘက် အုပ်ချုပ်ရေးပိုင်းတွေဟာ ဌာနေပြည်သူ့စစ်တွေနဲ့ ပူးပေါင်းပြီးငွေရဖို့အတွက် လုပ်ပိုင်ခွင့်အာဏာနဲ့ မတရားစီးပွားနေကြတာလို့ ဒေသခံတွေက ပြောပါတယ်။

MK – 004, MK – 012
#MeKongNews
#မိုင်းတုံအခြေချစစ်ဗျူဟာ
#ဗျူဟာမှူး
#သတ္တု
#မူးယစ်ဆေးဝါး
#လိုင်းကြေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now