နေ့စဥ်သတင်း

ပီကင်းရွာအနီးတဝိုက်ကို နှစ်လကျော်ကာလအတွင်း လေကြောင်းကနေ ဗုံး ၅၁ လုံးကြဲတဲ့စစ်ကောင်စီဟာ အခုနှစ်မှာ ပိုမိုလုပ်ဆောင်လာနိုင်

မဲခေါင် 4 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၄ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ပီကင်းရွာအနီးတဝိုက် ကျေးရွာတွေကို နှစ်လကျော်ကာလအတွင်း လေကြောင်းကနေ ဗုံး ၅၁ လုံး ကြဲချခဲ့တဲ့ စစ်ကောင်စီဟာ ပြည်သူလူထုအခြေအနေပျက်ပြားအောင် ၂၀၂၅ မှာ ပိုမိုလုပ်ဆောင်လာနိုင်တယ်လို့ IEC ရဲ့ အတွင်းရေးမှူး(၂)က ယူဆပါတယ်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်အထိ နှစ်လကျော်ကာလအတွင်း လေကြောင်းကနေဗုံး ၅၁ လုံးကြဲချခဲ့ရာမှာ ပြည်သူ နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိကာ နေအိမ် ကိုးလုံး ပြိုကျပျက်စီးခဲ့ပြီး ပတ်ဝန်းကျင် နေအိမ် လေးလုံး ဗုံးစထိမှန်တာကြောင့် အစိတ်အပိုင်းတချို့ ပျက်စီးကာ ဘာသာရေးအဆောက်အအုံတစ်ခုလည်း ပျက်စီးခဲ့ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၄

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ပီကင်းရွာအနီးတဝိုက် ကျေးရွာတွေကို နှစ်လကျော်ကာလအတွင်း လေကြောင်းကနေ ဗုံး ၅၁ လုံး ကြဲချခဲ့တဲ့ စစ်ကောင်စီဟာ ပြည်သူလူထုအခြေအနေပျက်ပြားအောင် ၂၀၂၅ မှာ ပိုမိုလုပ်ဆောင်လာနိုင်တယ်လို့ IEC ရဲ့ အတွင်းရေးမှူး(၂)က ယူဆပါတယ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်အထိ နှစ်လကျော်ကာလအတွင်း လေကြောင်းကနေဗုံး ၅၁ လုံးကြဲချခဲ့ရာမှာ ပြည်သူ နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိကာ နေအိမ် ကိုးလုံး ပြိုကျပျက်စီးခဲ့ပြီး ပတ်ဝန်းကျင် နေအိမ် လေးလုံး ဗုံးစထိမှန်တာကြောင့် အစိတ်အပိုင်းတချို့ ပျက်စီးကာ ဘာသာရေးအဆောက်အအုံတစ်ခုလည်း ပျက်စီးခဲ့ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်၊ ညနေ ၅ နာရီခွဲခန့်မှာ ပီကင်းအနီးနားက တဲနားရွာအနီးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးခြောက်လုံး ကြဲချတိုက်ခိုက်ပြီးနောက် ကင်းထောက်ဒရုန်းတွေဝေဟင်မှာ အချိန်ကြာကြာပျံဝဲခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ ပြည်သူ ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။

“၂၀၂၅ ခုနှစ် အတွင်းမှာ ဗုံးကြဲတာတွေ၊ ထိုးစစ်ဆင်တာတွေ နေရာအနှံ့ ရှိနိုင်တယ်၊ အဓိကက လူထုတွေအတည်တကျ အခြေတကျနေလို့မရအောင်နဲ့ လူမှုစီးပွားရေး ပျက်အောင်လုပ်ပြီး အဲ့ဒီကနေတဆင့် သူတို့အင်အားကို ပြန်စုတာလုပ်ဖို့ရှိတယ်လို့မြင်တယ်” လို့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အတွင်းရေးမှူး( ၂) ဦးဗညားက မဲခေါင်ကိုပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်၊ ညနေ ၃ နာရီမှာ ပီကင်းဈေးအနီးကို ဗုံး နှစ်လုံးကြဲချတာကြောင့် ပြည်သူ နှစ်ဦးဒဏ်ရာရကာ လက်ဖက်ရည်ဆိုင် တစ်ဆိုင်၊ အပ်ချုပ်ဆိုင် တစ်ဆိုင်နဲ့ နေအိမ် လေးလုံး ပျက်စီးခဲ့ရပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက် ၊ မနက်အစောပိုင်း ၃ နာရီခန့်မှာ ဆိုင်ခွန်ကျေးရွာအနီးကို လေယာဉ်နှစ်စီးနဲ့ ဗုံးအလုံး ၄၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၃ နှစ်အရွယ် နွားကျောင်းသား သေဆုံးခဲ့ရပြီး နေအိမ်အနည်းငယ်ပျက်စီးခဲ့ပါသေးတယ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်၊ နေ့လည် ၁၂ နာရီမှာ လအိကျေးရွာအနီးက ဘန်ကောက်စစ်ရှောင်စခန်းကို ဗုံး သုံးကြိမ် ကြဲခဲ့တာကြောင့် အသက် ၄၀ အရွယ်အမျိုးသမီး သေဆုံးပြီး စစ်ရှောင်စခန်းတစ်ခုလုံး ပြိုကျပျက်စီးခဲ့ရပါတယ်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရှောင်ပြည်သူတွေနဲ့ ဒေသခံတွေ ရှိရာနေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ တွင်တွင်ကျယ်ကျယ်ပြုလုပ်နေတာကြောင့် ပြည်သူတွေအထူးသတိထားနေထိုင်ကြဖို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီက ၂၀၂၄ ခုနှစ်စကနေ နှစ်ကုန်တဲ့အထိ တစ်နှစ်တာကာလအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုပေါင်း ၇၈၁ ကြိမ်အထိပြုလုပ်ခဲ့ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေကြောင့် အရပ်သားပြည်သူ ၇၉ ဦးသေဆုံးခဲ့ရပြီး နေအိမ် ၅၈၅ လုံး၊ ဆေးရုံဆေးခန်းနဲ့ စာသင်ကျောင်း ခု ခြောက်လုံးအထိ ပျက်စီးခဲ့ရတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ဇန်နဝါရီလ ၁ ရက်က ထုတ်ပြန်ထားပါတယ်။

CJ-004
#MeKongNews
#ရှမ်းပြည်တောင်ပိုင်း
#ဖယ်ခုံမြိုနယ်
#ပီကင်းရွာတဝိုက်
#နစ်လကျော်အတွင်း
#ဗုံး၅၁လုံးကျော်ကြဲ
ပုံ။ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်က ပီကင်းဈေးအနီးဗုံးကြဲစဉ်က ပျက်စီးခဲ့တဲ့ပုံဟောင်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now