နေ့စဥ်သတင်း

လုံးဒါညီလာခံချမှတ်ချက်အတိုင်းရပ်တည်ဖို့ PNO ကို PNLO နဲ့ PNLA တိုက်တွန်း

မဲခေါင် 11 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၁၁ သွေးစည်းညီညွတ်ရေးကို အခြေခံပြီး ပအိုဝ်းအချင်းချင်းအကြား ပဋိပက္ခမဖြစ်စေရေးကို PNO/PNA က ပူပေါင်းဆောင်ရွက်ပေးရေး၊ လုံးဒါညီလာခံမှာချမှတ်ခဲ့တဲ့ အချက်သုံးချက်နဲ့အညီ လူထုတော်လှန်ရေးမှာ PNO/PNA အနေနဲ့ ပြန်လည်ပူးပေါင်းရေး၊ ဘက်ပြောင်းခိုလုံလာကြသူများကို နွေးထွေးစွာကြိုဆိုကြရန် PNLO နဲ့ PNLA က တိုက်တွန်း နှိုးဆော်ကြောင်း ဒီနေ့ထုတ်ပြန်ပါတယ်။ PNO/PNA စတင်ဖွဲ့စည်းကတည်းက လုံးဒါညီလာခံမှာချမှတ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးဝါဒဆန့်ကျင်တိုက်ဖျက်ရေး ၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးမူနဲ့အညီ လူထုတော်လှန်ရေးကြီးမှာ ပါဝင်နွှဲရေး နှိုးဆော်ထားပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်များအနေနဲ့ စစ်အုပ်စုနဲ့အပေါင်းပါများဖန်တီးထားတဲ့ လူထုဆန့်ကျင်ရေးထောင်ချောက်များအတွင်း မကျရောက်စေရေးအတွက် အထူးသတိထားကာ ဘက်ပြောင်းခိုလုံကြသူများကို ကျင့်ဝတ်စည်းကမ်းနဲ့အညီ နွေးထွေးစွာကြိုဆိုကြပါရန် ပန်ကြားထားပါတယ်။ (၇၅) နှစ်မြောက် ပအို၀်းတော်လှန်ရေးနေ့ (ပဒေသရဇ်စနစ်ဆန့်ကျင်တော်လှေန်ရေးနေ့)

မဲခေါင်၊ ဒီဇင်ဘာ ၁၁

သွေးစည်းညီညွတ်ရေးကို အခြေခံပြီး ပအိုဝ်းအချင်းချင်းအကြား ပဋိပက္ခမဖြစ်စေရေးကို PNO/PNA က ပူပေါင်းဆောင်ရွက်ပေးရေး၊ လုံးဒါညီလာခံမှာချမှတ်ခဲ့တဲ့ အချက်သုံးချက်နဲ့အညီ လူထုတော်လှန်ရေးမှာ PNO/PNA အနေနဲ့ ပြန်လည်ပူးပေါင်းရေး၊ ဘက်ပြောင်းခိုလုံလာကြသူများကို နွေးထွေးစွာကြိုဆိုကြရန် PNLO နဲ့ PNLA က တိုက်တွန်း နှိုးဆော်ကြောင်း ဒီနေ့ထုတ်ပြန်ပါတယ်။

PNO/PNA စတင်ဖွဲ့စည်းကတည်းက လုံးဒါညီလာခံမှာချမှတ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးဝါဒဆန့်ကျင်တိုက်ဖျက်ရေး ၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးမူနဲ့အညီ လူထုတော်လှန်ရေးကြီးမှာ ပါဝင်နွှဲရေး နှိုးဆော်ထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များအနေနဲ့ စစ်အုပ်စုနဲ့အပေါင်းပါများဖန်တီးထားတဲ့ လူထုဆန့်ကျင်ရေးထောင်ချောက်များအတွင်း မကျရောက်စေရေးအတွက် အထူးသတိထားကာ ဘက်ပြောင်းခိုလုံကြသူများကို ကျင့်ဝတ်စည်းကမ်းနဲ့အညီ နွေးထွေးစွာကြိုဆိုကြပါရန် ပန်ကြားထားပါတယ်။

(၇၅) နှစ်မြောက် ပအို၀်းတော်လှန်ရေးနေ့ (ပဒေသရဇ်စနစ်ဆန့်ကျင်တော်လှေန်ရေးနေ့) မှာ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် PNLO နဲ့ ပအို၀်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တို့ရဲ့ ဒီကနေ့( ဒီဇင် ၁၁ ) ပူးပွဲထုတ်ပြန်ချက်မှ အခုလို ထည့်သွင်းကြေညာထားတာပါ။

PNFC နဲ့ PNLO တို့ဟာ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ လူသားချင်းစာနာမှုကိစ္စရပ်တွေ အပါအ၀င် လူထုအကျိုးပြုလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဟာ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီနဲ့ပူး ပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို ကရင်နီပြည်နယ်အထိ၀င်ရောက် တိုက်ခိုက်တာ၊ အာဏာရှင်ဆန့်ကျင်ရေးမှာ ပါ၀င်တဲ့ ပအို၀်းလူငယ်အများအပြားကို ဖမ်းဆီးပြီး စစ်ကောင်စီထံ အပ်နှံတာတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။

ဒါ့အပြင် ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ တွေပူးကျေးရွာက ရွာသူကြီးကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်က နေအိမ်ထိ၀င်ရောက်ဖမ်းဆီးသွားခဲ့တယ်လို့ PNLA က ပြောပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ဟာ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်နဲ့ အနီးတစ်၀ိုက် ဟိုနမ့်ဒေသမှာ စစ်ကောင်စီနဲ့ မြေပြင်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

“ဆီဆိုင်ဘက်မှာ စစ်ကြောင်း နှစ်ကြောင်း ဟိုနမ့်ဘက်မှာက စစ်ကြောင်း တစ်ကြောင်း ဒီလိုစစ်ကြောင်း သုံးကြောင်းနဲ့စစ်ကောင်စီက PNLO/PNLA ရဲ့ ထိန်းချုပ်ဧရိယာတွေကို၀င်ပြီးသူတို့တိုက်ခိုက်နေတာဖြစ်ပါတယ်၊ အဲလို တိုက်ခိုက်တဲ့နေရာမှာ အထူးသဖြင့်တော့ ဟိုနမ့်ဒေသမှာမြေပြင်တိုက်ပွဲတွေ ပိုမိုပြီးပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်” လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNFC ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်း သုံးကြောင်းနဲ့ တိုက်ပွဲဖော်ဆောင်နေတဲ့ဒေသတွေမှာ စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ပစ်တာ၊ ဒရုံးတွေနဲ့ပစ်တာအပြင် လူအင်အား၊ လက်နက်အင်အား စသဖြင့် သာလွန်အင်အားသုံး တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှာကျင်းပခဲ့တဲ့ ပအို၀်းအမျိုးသား ဖက်ဒရယ်ညီလာခံ အပြီးမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အာဏာရှင်စနစ်အမျိုးမျိုးကိုတော်လှန်ကာ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးမှာ ပါ၀င်သွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

CJ-017
#MekongNews
#ပအိုဝ်း
#ဟိုနမ့်ဒေသ
#စစ်ကြောင်း
#ဆီဆိုင်
#ရှမ်းပြည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now