နေ့စဥ်သတင်း

စစ်ကောင်စီတပ်က မူးယစ်ဆေးသုံးပြီး နေအိမ်တွေကို မီးရှို့ခဲ့ကြတယ်၊ မူးယစ်ဆေးသုံးထားတဲ့ ဗိုလ်မှူး ဆိုသူက တိုက်ပွဲမှာ ပြန်လှည့်ထွက်ပြေးခဲ့

မဲခေါင် 3 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၃ ကရင်နီဒေသကို ရောက်လာတဲ့ စစ်ကောင်စီရဲ့ ခလရ(၈၀)က ရာထူးကြီးငယ်မရွေး မူးယစ်ဆေးသုံးစွဲပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ခဲ့ကြတယ်လို့ KNDF(Karenni Nationalities Defence Force) ထုတ်ပြန်တဲ့ ဗွီဒီယိုဖိုင်မှာ သုံ့ပန်းအနေနဲ့ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ အဓမ္မနည်းနဲ့ စစ်သင်တန်းပေးပြီး စစ်မှုထမ်းခိုင်းသူတွေကိုလည်း မူးယစ်ဆေးသုံးစွဲစေပြီး မသင်္ကာတဲ့ နေအိမ်တွေ၊ ပစ်ကွင်းမရှင်းတဲ့ နေအိမ်တွေ၊ အဝတ်အစားတွေ့ရှိတဲ့အိမ် တော်တော်များများကို စစ်ကြောင်းအကြီးအကဲရဲ့ ခိုင်းစေချက်အရ မီးရှို့ခဲ့ကြတယ်လို့ သုံ့ပန်းတွေက ပြောပါတယ်။ “အလုံးရေက တော်တော်များတယ်၊ အိမ် ၅၀ ကျော် ၆၀ နီးပါးတောင် မကဘူးဗျ၊ ရှို့တာ” လို့ သုံ့ပန်းတစ်ဦးက ပြောပါတယ်။ နောက်တစ်ဦးကလည်း

မဲခေါင်၊ ဒီဇင်ဘာ ၃

ကရင်နီဒေသကို ရောက်လာတဲ့ စစ်ကောင်စီရဲ့ ခလရ(၈၀)က ရာထူးကြီးငယ်မရွေး မူးယစ်ဆေးသုံးစွဲပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ခဲ့ကြတယ်လို့ KNDF(Karenni Nationalities Defence Force) ထုတ်ပြန်တဲ့ ဗွီဒီယိုဖိုင်မှာ သုံ့ပန်းအနေနဲ့ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အဓမ္မနည်းနဲ့ စစ်သင်တန်းပေးပြီး စစ်မှုထမ်းခိုင်းသူတွေကိုလည်း မူးယစ်ဆေးသုံးစွဲစေပြီး မသင်္ကာတဲ့ နေအိမ်တွေ၊ ပစ်ကွင်းမရှင်းတဲ့ နေအိမ်တွေ၊ အဝတ်အစားတွေ့ရှိတဲ့အိမ် တော်တော်များများကို စစ်ကြောင်းအကြီးအကဲရဲ့ ခိုင်းစေချက်အရ မီးရှို့ခဲ့ကြတယ်လို့ သုံ့ပန်းတွေက ပြောပါတယ်။

“အလုံးရေက တော်တော်များတယ်၊ အိမ် ၅၀ ကျော် ၆၀ နီးပါးတောင် မကဘူးဗျ၊ ရှို့တာ” လို့ သုံ့ပန်းတစ်ဦးက ပြောပါတယ်။

နောက်တစ်ဦးကလည်း “ကြီးတဲ့သူတွေက ရှို့ဆိုတော့လည်း ရှို့ရတာပေါ့လေ၊ ဒီလိုမျိုးလုပ်ခဲ့မိတာတွေကို ခွင့်လွှတ်ပေးပါလို့ ပြည်သူကို တောင်းပန်ပါတယ်၊ လွန်ဆန်လို့မရလို့ လုပ်ခဲ့ရတာပါ” လို့ပြောပါတယ်။

Wy စာသားပါတဲ့ ပန်းရောင်ဆေးပြားတွေကို စစ်ကောင်စီရဲ့ အရာရှိတွေကိုယ်တိုင်လည်း သုံးကြသလို အောက်လက်ငယ်သားတွေကိုလည်း ဝေမျှအသုံးပြုစေကာ စစ်မြေပြင်မှာ ရှေ့ကိုတက်ခိုင်းတာတွေ၊ နေအိမ်မီးရှို့တာတွေကို တွင်တွင်ကျယ်ကျယ် ပြုလုပ်ခိုင်းနေတာပါ။

“တပ်စိတ် သုံးစိတ်လုံးကို ဆေးသုံးခိုင်းတယ်၊ မရ ရရာရှာကြံပြီးတော့ ဝယ်ကြတယ်။ သူတို့ကိုယ်တိုင်လည်းလုပ်တယ်၊ ခွင့်လည်း ခွင့်ပြုထားတယ်” လို့တပ်သား ဖိုးထူးကပြောပါတယ်။

ခလရ(၈၀)စစ်ကြောင်းဟာ နောက်တန်းပြန်မယ်လို့ လက်အောက်ကို လိမ်ညာပြောကာ လှုပ်ရှားထွက်ခဲ့ရာမှ လွိုင်ကော်မြို့နယ်၊ လင်ဖုံလေးကျေးရွာအနီးရောက်ရှိစဉ် ၂၀၂၄၊ နိုဝင်ဘာ ၂၅၊ ၂၆ ရက်တွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေတိုက်ပွဲဖြစ်ခဲ့ပြီး တပ်ခွဲတစ်ခွဲလုံးနည်းပါး သေဆုံးကာ သုံ့ပန်းအဖြစ် ငါးဦးကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီ ဗိုလ်မှူးဆိုသူနဲ့ အရာရှိ နှစ်ဦးဟာ တိုက်ရဲခိုက်ရဲဖို့ မူးယစ်ဆေးသုံးထားပေမယ့် တိုက်ပွဲဖြစ်ပွါးချိန်မှာ နောက်ကိုပြန်လှည့်ထွက်ပြေးသွားလို့ သုံ့ပန်းတွေက မကျေမနပ်ဖြစ်နေကြပါတယ်။

“ကျွန်တော် မကျေနပ်တာက ဗိုလ်မှူးကို၊ သူကျတော့ နောက်ဆုတ်တယ်၊ ကျန်တဲ့သူတွေကျ တစ်ယောက်မှ နောက်မဆုတ်နဲ့ ခံပစ် ခံပစ်ဆိုပြီးပြောတယ်။ သူသေမှာကျကြောက်တယ်၊ နောက်လှည့်ကြည့်တော့ မရှိတော့ဘူး။ နောက် အဲ့ဗိုလ်မှူးကလည်း တခါတလေကျရင် ဆေးသုံးတယ်”လို့ ပေါ်တာဆွဲခံရတဲ့ တပ်သား ဇော်လင်းဖြိုးက ပြောပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာလမ်းတလျှောက်မှာ တွေ့တဲ့နေအိမ်တွေကိုလည်း မီးရှို့တာတွေပြုလုပ်ကြပြီး နေအိမ်တွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီလက်ချက်ကြောင့် သုံးနှစ်ကျော်ကာလအတွင်း ပြည်သူ့နေအိမ်ပေါင်း ၂၇၀၀ ကျော် ပျက်စီးခဲ့ရပြီး ဘာသာရေးအဆောက်အအုံနဲ့ ဆေးရုံဆေးခန်း ၇ဝ ကျော်လည်း ပျက်စီးခဲ့ရတယ်လို့ စစ်တမ်းများအရ သိရပါတယ်။

CJ-004
#MekongNews
#မူးယစ်ဆေးသုံး
#နေအိမ်မီးရှို့
#ဗိုလ်မှူးကိုယ်တိုင်
#ပြန်လှည့်ထွက်ပြေး
#လင်ဖုံလေးရွာ
#သုံ့ပန်း၅ဦး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now