နေ့စဥ်သတင်း

လေကြောင်းအန္တရာယ် ဖိတ်ခေါ်နေတဲ့ ဒီမော့ဆိုလွတ်မြောက်နယ်မြေထဲက KTV ဆူညံသံ

မဲခေါင် 23 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၂၃ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ချယ်ရီကုန်းရှိ လူနေအိမ်နဲ့ စစ်ဘေးရှောင်စခန်းတွေကြားမှာ ဖွင့်လှစ်ထားတဲ့ KTV တွေကြောင့် လေကြောင်းအန္တရာယ် ကျရောက်မှာကိုဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ညအချိန်မတော် KTV ကထွက်ပေါ်လာတဲ့မီးစက်သံ၊ သီချင်းသံတွေဟာ အိပ်ရေးပျက်တာ၊ နာတာရှည်ရောဂါသည်တွေအတွက် စိတ်အနှောင့်အယှက်ဖြစ်တာတွေအပြင် စစ်ကောင်စီရဲ့ ဗုံးကြဲလေယာဉ်သံကိုပါ မကြားနိုင်တဲ့အထိ ကျယ်လောင်လွန်းတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ လေယာဉ်သံမကြားရတဲ့အခြေအနေမို့ ကြိုတင်ရှောင်ရှားခိုအောင်းချိန်မရပဲ ဗုံးကြဲခံရမှာကိုစိုးရိမ်နေကြတာဖြစ်ပါတယ်။ “ည တစ်နာရီ ၂ နာရီအထိဆိုတော့ လွန်လွန်းတယ်လေ၊ အကုန်လုံး အိပ်နေတဲ့ အချိန်ဆို အသံက ဟိန်းနေတာပဲ၊ လာတဲ့သူတွေကလည်း ဟေးလားဝါးလား အော်လားဟစ်လားနဲ့၊ လွတ်မြောက်နယ်မြေမှာမို့ပဲ တော်သေးတယ်” လို့ ချယ်ရီကုန်းဒေသတွင်း ခိုလှုံနေသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၂၃

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ချယ်ရီကုန်းရှိ လူနေအိမ်နဲ့ စစ်ဘေးရှောင်စခန်းတွေကြားမှာ ဖွင့်လှစ်ထားတဲ့ KTV တွေကြောင့် လေကြောင်းအန္တရာယ် ကျရောက်မှာကိုဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ညအချိန်မတော် KTV ကထွက်ပေါ်လာတဲ့မီးစက်သံ၊ သီချင်းသံတွေဟာ အိပ်ရေးပျက်တာ၊ နာတာရှည်ရောဂါသည်တွေအတွက် စိတ်အနှောင့်အယှက်ဖြစ်တာတွေအပြင် စစ်ကောင်စီရဲ့ ဗုံးကြဲလေယာဉ်သံကိုပါ မကြားနိုင်တဲ့အထိ ကျယ်လောင်လွန်းတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

လေယာဉ်သံမကြားရတဲ့အခြေအနေမို့ ကြိုတင်ရှောင်ရှားခိုအောင်းချိန်မရပဲ ဗုံးကြဲခံရမှာကိုစိုးရိမ်နေကြတာဖြစ်ပါတယ်။

“ည တစ်နာရီ ၂ နာရီအထိဆိုတော့ လွန်လွန်းတယ်လေ၊ အကုန်လုံး အိပ်နေတဲ့ အချိန်ဆို အသံက ဟိန်းနေတာပဲ၊ လာတဲ့သူတွေကလည်း ဟေးလားဝါးလား အော်လားဟစ်လားနဲ့၊ လွတ်မြောက်နယ်မြေမှာမို့ပဲ တော်သေးတယ်” လို့ ချယ်ရီကုန်းဒေသတွင်း ခိုလှုံနေသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

KTV တွေကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အပါအဝင် တော်လှန်ရေးအင်အင်းစု အဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ထားဖြစ်ပြီး ရဲဘော်တွေ ကိုယ်တိုင်သွားရောက်ပျော်ပါးနေတာ၊ ကမ်ပိုင်းစုဝေးတာတွေလည်း မြင်တွေ့နေရတယ်လို့ဆိုပါတယ်။

“ရဲဘော်တွေကိုယ်တိုင် ပါဝင်နေတော့ ပိုဆိုးတာပေါ့၊ ဒီကာလမှာရှိသင့်တယ် မရှိသင့်ဘူးဆိုတာထက် ထိန်းထိန်းသိမ်းသိမ်းလေး ဖြစ်စေချင်တာပါ၊ ကိုယ့်ဖက်က အရင်လိုက်နာမှ ပြည်သူတွေလည်း လိုက်နာမှာပါ” လို့ တော်လှန်ရေး အဖွဲ့စည်းတစ်ခုရဲ့ မြေပြင်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ချယ်ရီကုန်းက KTV တွေကို IEC နဲ့တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်နဲ့ ဇူလိုင်လပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့ကြတာဖြစ်ပြီး အောက်တိုဘာလပိုင်းမှာ ဆိုင်ရှင်တွေဖက်က စည်းကမ်းမလိုက်နာမှုတွေကြောင့် ပိတ်သိမ်းခဲ့ရပါတယ်။

အဲဒီနောက် နိုဝင်ဘာလအတွင်းမှာ ဆိုင်ရှင်တွေဖက်က ညှိနှိုင်းတောင်းဆိုမှုနဲ့အတူ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တွေဖက်က စည်းကမ်းသစ်တွေ ချမှတ်ပြီး ပြန်လည်ဖွင့်လှစ်ခွင့် ပြုခဲ့တာပါ။

IEC ဖက်က KTV တွေကို ညအချိန်မတော်အထိ မဖွင့်လှစ်ကြဖို့နဲ့ WY, ICE, K စတဲ့ မူးယစ်ဆေးတွေ မသုံးစွဲကြဖို့ ချမှတ်ထားပေမယ့်လက်တွေ့မြေပြင်မှာတော့ ဆိုင်ရှင်တွေဖက်က လိုက်နာမှုမရှိသေးပါဘူး။

လတ်တလောအခြေနေတွေနဲ့ပါတ်သက်ပြီး IEC ရဲ့တစ်စုံတရာပြောဆိုမှုရရှိဖို့အတွက် မဲခေါင်ကဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။

ချယ်ရီကုန်းမှာ KTV စတင်ဖွင့်လှစ်စဉ်က လေးဆိုင်ခန့်သာ ရှိခဲ့ပေမယ့် IEC ရဲ့ ညှိနှိုင်းမှုအပြီးမှာတော့ ၁၀ ခုအထိ တိုးလာပြီး အရင် ငြိမ်းချမ်းစဉ်ကာလတုန်းက လွိုင်ကော်မြို့မှာ ဖွင့်လှစ်ထားတဲ့ KTV အရေအတွက် ပိုများတယ်လို့ စုံစမ်းသိရပါတယ်။

ဖွင့်လှစ်ထဲထားတဲ့ KTV တွေထဲက တချို့ဆိုင်တွေဟာ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်မှု ရှိတယ်လို့ ပြောဆိုနေကြပေမယ့် ခိုင်လုံတဲ့အတည်ပြုချက်မရသေးသလို အဖွဲ့အစည်းတွေရဲ့တာဝန်ရှိသူတွေလည်း မီဒီယာတွေကို ငြင်းဆိုတာမျိုး မတွေ့ရသေးပါဘူး။

MK-14
#MeKongNews
#ကရင်နီပြည်
#ဒီးမော့ဆိုမြို့နယ်
#ချယ်ရီကုန်း
#KTV
#ဆူညံသံ
#လေကြောင်းအန္တရာယ်
#စိုးရိမ်နေရ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now